အရာရာစူးစမ်းလေ့လာမှုတွေ ပြုလုပ်နေတတ်တဲ့ သိပ္ပံပညာရှင်တွေ တောင် ကျွန်ုပ်တို့ရဲ့ စိတ်တွေနဲ့ အရောင်တွေ ဆက်စပ်မှုတွေအ ကြောင်းကို ပြည့်ပြည့်ဝဝကြီးကို နားမလည်နိုင်ကြသေးပါဘူး။ ကျွန် တော်တို့ရွေးချယ်လိုက်တဲ့ နေအိမ်ခန်းတွေထဲက အရောင်တွေက ကျွန်တော်တို့ရဲ့ စိတ်ခံစားမှု၊ အတွေးအထင်၊ လုပ်ဆောင်မှုတွေနဲ့ တိုက်ရိုက်ကြီး ဆက်စပ်နေပါတယ်သတဲ့။
အခန်းတွေမှာ သုတ်ထား တဲ့ ဆေးရောင်စုံလေးတွေအလိုက်လည်း ကိုယ့်ရဲ့စိတ်ခံစားမှုက ပြောင်းလဲခံစားသွားနိုင်ပါတယ်။ ကဲဒီတော့ ကိုယ့်ရဲ့အိမ်အခန်းလေး တွေထဲမှာ ဘယ်လိုဆေးရောင်လေးတွေသုတ်ပြီး ကိုယ်စိတ်ခံစားမှု လေးတွေ ရနိုင်မလဲဆိုတာ လေ့လာကြည့်ရအောင်….
လိမ္မော်ရောင်၊ အနီရောင်၊ အဝါရောင်၊ စိမ်းဝါရောင်စတဲ့ အရောင် လေးတွေကတော့ စိတ်ကိုနွေးထွေးစေတဲ့ အရောင်လေးတွေပါ။
ကိုယ်ပိုင်အခန်းငယ်လေးထဲမှာပဲဖြစ်ဖြစ် အခန်းကျယ်မှာပဲဖြစ်ဖြစ် ခြယ်သုတ်ထားမယ်ဆိုရင် သင့်ရဲ့စိတ်ကိုနွေးနွေးထွေးထွေးနဲ့သက် တောင့်သက်သာ ဖြစ်စေမှာပါ။
ကျဉ်းတဲ့ အခန်းငယ်ကိုကျယ်သ ယောင်နဲ့ကျယ်တဲ့အခန်းကိုလည်း ပိုပြီးကျယ်သွားစေအောင် ထင် ဟပ်သွားစေနိုင်အောင် ပြောင်းလဲပေးနိုင်မှာလည်း ဖြစ်ပါတယ်။
ခရမ်းရောင်၊ အပြာရောင်နဲ့ စိမ်းပြာရောင်တို့က အပေါ်ကအရောင် လေးတွေနဲ့ပြောင်းပြန်ခံစားမှုကို ပေးနိုင်ပါတယ်။
တည်ငြိမ်အေးချမ်း တဲ့ စိတ်ခံစားမှုကို ရရှိခံစားရမှာပါ။ မျက်စိအမြင်ကို အေးချမ်းစေနိုင် သလို စိတ်ကိုလည်း အေးချမ်းစေမှာဖြစ်ပါတယ်။
ဒီလိုအရောင်တွေ ကို သင့်ရဲ့ကိုယ်ပိုင်စာကြည့်ခန်းလေးမှာ သုတ်ထားမယ်ဆိုရင် စိတ် တည်တည်ငြိမ်ငြိမ်နဲ့ အာရုံစူးစိုက် စာပေလေ့လာဖတ်ရှုနိုင်မှာပါ။
သဘာဝဆန်တဲ့ အရောင်လေးဖြစ်တဲ့ အဖြူရောင်၊ အမဲရောင်၊ အညိုရောင်နဲ့ မီးခိုးရောင်လေးတွေက နဂိုရှိရင်းထက်ပိုတဲ့ စိတ်ခံ စားမှုကို တိတိကျကျပိုပြီး ပုံဖော်ပေးနိုင်ပါတယ်။
ဝမ်းနည်းခြင်း၊ ပျော် ရွှင်ခြင်းတွေရဲ့စိတ်ခံစားမှုအလိုက်
အရောင်လေးတွေမှာလည်း ပေါ် လွင်ခံစားစေနိုင်မှာဖြစ်ပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)