သင့်အိမ်ကို ပြန်လည်မွမ်းမံတော့မလို့လား။ ဒီလိုဆိုရင် အပြင်လူမခေါ်ဘဲ ကိုယ့်မိသားစုဝင်ချည်းသက်သက်နဲ့ဘဲ မွမ်းမံတဲ့အလုပ်တွေလုပ်ဖို့ စဉ်းစားကြည့်ပါလား။ အထူးသဖြင့် ကလေးတွေနဲ့ပေါ့။ ကလေးတွေကို ဒီလုပ်ငန်းဆောင်တာတွေမှာ ပါဝင်စေလိုက်တာက သူတို့ရဲ့လုပ်ဆောင်ချက်အတွက် သူတို့ကို ဂုဏ်ယူကျေနပ်စေပါတယ်။
အလုပ်တိုင်းတော့မဟုတ်ဘူးပေါ့နော်။ ဒါပေမဲ့ သူတို့ရဲ့အသက်အရွယ်နဲ့ လုပ်နိုင်စွမ်းပေါ်မူတည်ပြီး သင်ကဘေးကနားကနေကြီးကြပ်ပေးလို့ သူတို့ဘာသာလုပ်ဆောင်နိုင်မယ့်အလုပ်တွေလည်း တစ်ပုံကြီးရှိပါတယ်။
ပထမဆုံးအဆင့်က လုပ်ရမယ့်လုပ်ငန်းဆောင်တာတွေအကြောင်းနဲ့ ရှိနိုင်တဲ့ အန္တရာယ်အချက်တွေအားလုံးကို သေသေချာချာလုံးစေ့ပတ်စေ့ရှင်းပြပါ။ ကလေးတွေလုပ်ဆောင်လို့ရမယ့် လုပ်ငန်းဆောင်တာလေးတွေကို အောက်ပါအတိုင်းဖော်ပြလိုက်ပါတယ်။
၁။ သန့်ရှင်းရေးနှင့် မလိုအပ်တော့သည့်အရာများကို လွှင့်ပစ်ခြင်း
၂။ နံရံဆေးသုတ်ခြင်း
၃။ ဆေးမသုတ်မီ နံရံချောမွေ့သွားစေရန် ပွတ်တိုက်ခြင်း
၎။ အနုပညာလက်ရာသစ်တစ်ခု ဖန်တီးစေခြင်း
၅။ မီးဖိုချောင်ရှိ ဟင်းချက်စင်တစ်ဝိုက်မှ နံရံကို အညစ်အကြေးများမစွဲစေရန် တစ်ခုခုကပ်ခြင်း
၆။ ကော်ဇောဟောင်းများပြန်ခွာခြင်း
၇။ သစ်သားကြမ်းခင်းတုံးများခင်းခြင်း
၈။ နံရံကပ်စက္ကူပြန်ခွာခြင်း
၉။ အခြားအရာတစ်ချို့ကို ဖြိုဖျက်ခြင်း
၁၀။ ဥယျာဉ်စိုက်ပျိုးခြင်း
Credit: iMyanmarHouse.com
(iMyanmarHouse.com Team ရေးသား ဖော်ပြသည်။)