1453 ကြိမ် ကြည့်ရှု့ ပြီး

အိမ်ခြံဝင်းလေးကို အလှဆုံးဖြစ်အောင် ဖန်တီးတတ်ဖို့

 

အိမ်အတွင်းပိုင်းလှပပြီးပေမယ့် အပြင်ဘက်ကအပြင်အဆင်တွေက သမားရိုးကျထူးမခြားနားပုံစံမျိုးနဲ့ဆိုရင်  သင့်အိမ်တစ်ခုလုံးရဲ့ အလှတရား က မှေးမှိန်သလို ဖြစ်သွားပါလိမ့်မယ် . . .

သင့်အိမ်တစ်ခုလုံးကို ပြီးပြည့်စုံအောင် လှပပြီး ခမ်းနားဖို့ဆိုရင် အိမ်တည်ဆောက် မှုပုံစံနဲ့ အိမ်အတွင်းပိုင်း အပြင်အဆင်တွေ အပြင် နောက်ထပ်အရေးကြီး ပြင်ဆင်ရမှာ က အိမ်ရဲ့ အပြင်ဘက်၊ ခြံဝင်းထဲမှာရှိနေ တဲ့ နေရာလွတ်တွေကိုလည်း လှပအောင် ဖန်တီးပြင်ဆင်ဖို့ လိုပါတယ်။
အိမ်အတွင်းပိုင်းလှပပြီးပေမယ့် အပြင်ဘက်က အပြင်အဆင်တွေက သမားရိုးကျထူးမခြားနား ပုံစံမျိုးနဲ့ဆိုရင်  သင့်အိမ်တစ်ခုလုံးရဲ့ အလှတရားက မှေး မှိန်သလို ဖြစ်သွားပါလိမ့်မယ်။ လှပတဲ့အိမ် လေးရယ်၊ ချစ်စရာကောင်းတဲ့ အိမ်အတွင်း ပိုင်းပြင်ဆင်မှုလေးတွေက ထူးခြားတဲ့ ဆွဲဆောင်မှုရှိပြီး နေချင်စရာ အိမ်အပြင် ဘက် ဝင်းခြံအပြင်အဆင်လေးပါ ပေါင်းစပ် လိုက်မယ်ဆိုရင် သင့်အတွက် ပြီးပြည့်စုံတဲ့ သီရိဂေဟာစံအိမ်ကလေးတစ်လုံးကို ရရှိ လာမှာပါ။

ဒီတော့ သင့်အိမ်ရဲ့အပြင်ဘက်နဲ့ ခြံဝင်းလေးထဲ ဘယ်လိုအပြင်အဆင်မျိုး လေးတွေ ဖန်တီးပြင်ဆင်မလဲဆိုတာ ဗဟု သုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်။

 

အိမ်ခြံဝင်းလေးကို အလှဆုံးဖြစ်အောင် ဖန်တီးတတ်ဖို့

 

၁။ အိမ်ရဲ့ အပြင်ဘက်နေရာအနေအထား ကို အရင်ဆုံးလေ့လာပါ။ ခြံဝင်းကျယ်သလား၊ ကျဉ်းသလား အရင်ကြည့်ပြီးမှ ဘယ်လို အပြင်အဆင်မျိုး ပြင်ဆင်မလဲဆိုတာကို ဆုံးဖြတ်ပါ။ အိမ်အပြင်က အပြင်အဆင် ကို အများဆုံးပြင်ဆင်တတ်ကြတာကတော့ ပန်းပင်လေးတွေနဲ့ ချစ်စရာကောင်းတဲ့ လျှောက်လမ်းမြက်ခင်းပြင်လေးတွေပါပဲ။ အိမ်အပြင်ဘက်ဝင်းခြံလေးကို ပြင်ဆင် မယ်ဆိုရင်တော့ ဒီအပိုင်းကမပါမဖြစ် အဓိကျတဲ့ပြင်ဆင်မှုအပိုင်းဖြစ်တာမို့လို့ပါ။ ခြံဝင်းထဲမှာ အကျယ်ဘယ်လောက်ထိ စိမ်းစိုတဲ့ မြက်ခင်းပြင် ခင်းကျင်းထားရမလဲ၊ ပန်းပင်လေးတွေကို ဘယ်လိုပုံစံမျိုးနဲ့ စိုက်ပျိုးမလဲဆိုတာတော့ ကိုယ်တိုင်စိတ် ကြိုက်စီမံနိုင်ပါတယ်။

 

အိမ်ခြံဝင်းလေးကို အလှဆုံးဖြစ်အောင် ဖန်တီးတတ်ဖို့

 

၂။ အိမ်ထဲကို မဝင်ခင်မှာပဲ ခြံဝင်းလေး ထဲ ရောက်ရင် စိတ်ထဲမှာ အလိုလို ကြည် ကြည်နူးနူးခံစားသွားရဖို့ ပြင်ဆင်သင့်ပါ တယ်။ စိမ်းလန်းတဲ့ မြက်ခင်းလေးက သင့်စိတ်ကို လန်းဆန်းသွားမယ်။ ချစ်စရာ ကောင်းတဲ့ ရောင်စုံပန်းဥယျာဉ်ကလေးက လည်း သင့်ကိုဆွဲဆောင်နေမယ်။ အနားယူ အပန်းဖြေစရာ ရေကန်အစပ်ကလေးက ခုံတန်းကလေးကလည်း စိတ်ကိုအေးချမ်းသွား မယ်ဆိုရင် သင့်အိမ်လေးက တကယ့်ကို အလှတရားနဲ့ ပြည့်စုံနေပါပြီ။ အရောင် အသွေး အစုံအလင်နဲ့ ဖူးပွင့်နေတဲ့ ပန်းပင် လေးတွေကို ခြံဝင်းလျှောက်လမ်းဘေးမှာ စီတန်းပြီး စိုက်ပျိုးထားမယ်။ အမိုးတန်းနဲ့ ထုပ်တန်းလိုလုပ်ထားတဲ့ စင်ကလေးတွေမှာ နွယ်လျှောက်ပန်းပင်လေးတွေ စိုက်ပျိုးပေး လို့ရပါတယ်။

 

အိမ်ခြံဝင်းလေးကို အလှဆုံးဖြစ်အောင် ဖန်တီးတတ်ဖို့

 

ပန်းပင်လေးတွေကို ဒီအတိုင်း စိုက်ပျိုးတာထက်စာရင် ချစ်စရာကောင်းပြီး ထူးခြားတဲ့ ပန်းအိုးလေးတွေ၊ ဒါမှမဟုတ် ကိုယ်တိုင်ဖန်တီးထားတဲ့ ထူးထူးခြားခြား အိမ်တွင်းက ပစ္စည်းလေးတွေထဲထည့်ပြီး စိုက်ပျိုးပြင်ဆင်ပေးမယ်ဆိုရင်လည်း ထူး ခြားပြီး ဆွဲဆောင်မှုရှိပါတယ်။ ခြံဝင်းမှာ စိုက်ပျိုးမယ့်ပန်းပင်တွေကို ချုံပုတ်လိုမျိုး အပင်များစွာနဲ့ အုံခဲပြီး စိုက်ပျိုးတာမျိုး မဟုတ်ဘဲ ကိုယ့်စိတ်မှာအလှအပခံစားလို့ ရအောင် ရှင်းရှင်းလင်းလင်းနဲ့ ကြည့်ကောင်း အောင်ပဲ စိုက်ပျိုးမယ်ဆိုရင် ရနိုင်ပါတယ်။

 

အိမ်ခြံဝင်းလေးကို အလှဆုံးဖြစ်အောင် ဖန်တီးတတ်ဖို့

 

၃။ စိတ်အေးအေးချမ်းချမ်းနဲ့ သက် သောင့်သက်သာ နားနေလို့ရနိုင်မယ့် နား နေဆောင်လေးတစ်ခု ဖန်တီးထားပါ။ အမိုးနဲ့ ကြမ်းအခင်းကို အသေအချာလေး ပြင်ဆင်ပြီး နေချင်စဖွယ်ဖြစ်အောင် တည် ဆောက်ရမှာ ဖြစ်ပါတယ်။ မိုးရာသီလို  အချိန်မျိုးမှာတော့ အဆင်မပြေပေမယ့် ဆောင်းရာသီနဲ့ နွေရာသီတို့ဆိုရင်တော့ အရမ်းကို အသုံးဝင်ပြီး လိုအပ်ပါတယ်။ နေအိမ်ထဲမှာ ငြီးငွေ့လာလို့ ခြံဝင်းလေးထဲ ဆင်းလာတဲ့အခါ အရင်ဆုံးရောက်သွားမှာ က အဲဒီနားနေဆောင်လေးပါပဲ။ အမိုးကို ပန်းပင်လေးတွေနဲ့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် လှပပြီး စွဲဆောင်မှုရှိတဲ့ အမိုးကို၊ ဝါး၊ ချည်၊ ကောက်ရိုးစတဲ့ ပစ္စည်းတွေ မိုးချင် မိုး ဒါမှမဟုတ် ဘာမှမမိုးထားဘဲ ဒီအတိုင်း အလွတ်ထားလို့ ရသလို အောက်ခြေကြမ်း အခင်းကိုလည်း သက်သောင့်သက်သာဖြစ် မယ့် ဆိုဖာအခင်း၊ ဖျာ၊ နှီးနဲ့ တခြားကြမ်းခင်း ပြင်လေးတွေခင်းပြီး နေချင်စရာဖြစ်အောင် ဖန်တီးနိုင်ပါတယ်။
အလယ်မှာ စားပွဲခုံဖြစ်ဖြစ်၊ ဘေးဘက် ထောင့်မှာ အလှထားမယ့် စားပွဲခုံလေးတွေ လည်း ထားရှိကြပါသေးတယ်။ နောက်ပြီး အကာအရံအဖြစ် ဖန်တီးချင်သေးတယ်ဆို ရင်လည်း ရောင်စုံလိုက်ကာစလေးတွေ၊ ဖန်စီခန်းစီးလိုက်ကာလေးတွေ၊ ပန်းဥယျာဉ် လေးနဲ့ လိုက်ဖက်တဲ့ ပိတ်စလေးတွေနဲ့ ကာရံဖန်တီးလို့ ရနိုင်ပါသေးတယ်။

 

အိမ်ခြံဝင်းလေးကို အလှဆုံးဖြစ်အောင် ဖန်တီးတတ်ဖို့

၎။ မိသားစုဝိုင်း၊ နှစ်ယောက်စာဝိုင်း စတဲ့ အစားအသောက်တို့ စားသောက် တာတို့၊ အပျင်းပြေ ကော်ဖီသောက်တာတို့ ဒါမှမဟုတ် စကားထိုင်ပြောတာတို့ လုပ် နိုင်အောင် စားပွဲခုံလေးတွကိုလည်း ခင်း ကျင်း ထားသင့်ပါတယ်။ ရာသီဥတုသာ ယာပြီး ခြောက်သွေ့တဲ့ နေ့တွေမှာဆိုရင် တချို့ မိသားစုတွေက ခြံလေးထဲဆင်းပြီး ညစာ စားကြတာတွေ၊ မုန့်လုပ်စားကြ တာမျိုးတွေ လုပ်တတ်ကြပါတယ်။
 

ဒီ့အတွက်ကြောင့် စားပွဲခုံလေးတွေ ကိုလည်း ခင်းကျင်းထားနိုင်ပါတယ်။ ဒီဇိုင်းလှပပြီး ထူးခြားတဲ့ ဆက်တီခုံလေး တွေမှာ ထိုင်ကြည့်ဖူးချင်တဲ့ စိတ်ကူးက တော့ လူတိုင်းမှာရှိပါတယ်။ သင့် စားပွဲခုံ လေးကိုလည်း ထူးခြားပြီး ဆွဲဆောင်မှုရှိ အောင် ပြင်ဆင်သင့်ပါတယ်။

 

အိမ်ခြံဝင်းလေးကို အလှဆုံးဖြစ်အောင် ဖန်တီးတတ်ဖို့

၅။ ရေတံခွန်ငယ်လေးတွေနဲ့ အလှ မွေးငါးကန်လေးတွေ၊ ကြာကန်ငယ်လေး တွေ ကိုလည်း ဖြစ်နိုင်ရင် တည်ဆောက် စေချင် ပါတယ်။ ဒါကလည်း ခြံဝင်းလေးထဲ က အလှကို ပံ့ပိုးပေးမယ့် အရာတွေပါပဲ။

အမြဲမပြတ်စီးဆင်းနေတဲ့ ရေတံခွန် လေးရယ်။ ရေစီးသံလေးရယ်။ အရောင် စုံလှပတဲ့ ငါးလေးတွေရယ်။ ပွင့်ဖူးနေတဲ့ ကြာပန်းကလေးတွေက သင့်စိတ်ကို အေး ချမ်းပြီး အပန်းပြေစေမှာပါ။

အိမ်ခြံဝင်းလေးကို အလှဆုံးဖြစ်အောင် ဖန်တီးတတ်ဖို့

 ၆။ အိမ်အပြင်ဘက်ကို ထွက်လိုက် တာ နဲ့ စိတ်ကြည်နူးအေးချမ်းဖွယ်နေရာ လေး ဖြစ်ဖို့ အဓိကထားပြီး ပြင်ဆင်ဖို့ တိုက် တွန်းချင်ပါတယ်။ အရောင်အသွေး စုံလင် ပြီး ဖူးပွင့်နေတဲ့ပန်းလေးတွေ၊ အပင်လေးတွေရယ်၊ အေးချမ်းပြီး စီးဆင်း နေတဲ့ ရေတံခွန်၊ ရေကန်ငယ်လေးတွေရယ်၊ ချစ်စ ဖွယ်နားနေဆောင်လေးရယ်၊ မြက် ခင်းစိမ်း စိမ်းလေးရယ်၊ အပျော်စီးဒန်းခုံ လေးတွေရယ် စတဲ့ အရာလေးတွေအား လုံး ပေါင်းစပ်လိုက်ရင် သင့်ရဲ့အိမ်အပြင် ခြံဝင်းလေးက တကယ့်ကို နေချင်စရာ ဗိမာန်လေးတစ်ခု ဖြစ်လာမှာပါ။ ခမ်းနား ထည်ဝါလွန်းတဲ့ သင့်အိမ်လေးကို အပြင် ဘက် ခြံဝင်းလေးထဲက သဘာဝအလှ တရားတွေက အကောင်း ဆုံးပံ့ပိုးပုံဖော်မှု တွေ ဖန်တီးပေးစွမ်းမှာပါ။

အိမ်ခြံဝင်းလေးကို အလှဆုံးဖြစ်အောင် ဖန်တီးတတ်ဖို့

 

ရွှေဝတ်မှုန်  မှ  iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com


အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)