[Zawgyi]
ညေနခင္းဆည္းဆာေနဝင္ခ်ိန္ေတြ၊ ညဘက္အလင္းေရာင္ေပ်ာက္ တဲ့ အခ်ိန္မ်ိဳးေတြဆုိရင္ အိမ္ေရွ႕ဝရန္တာ၊ လသာေဆာင္ ေလး ေတြမွာ ၿငိမ္ၿငိမ္ကေလးထုိင္ကာ ေကာင္းကင္က လေရာင္နဲ႔ ၾကယ္ ပြင့္ေလး ေတြေမာ့ၾကည့္ၿပီးေတာ့အေတြးစိတ္ကူးေလးေတြယဥ္ၿပီး ေတာ့ ၾကည္ႏူးရတဲ့အခုိက္အတန္႔ေလးေတြ ရွိဖူးၾကမွာပါ။
ဒီလုိကုိယ့္ ရဲ႕ကုိယ္ပုိင္စိတ္ႀကိဳက္အခ်ိန္ကေလးမွာ တကယ့္ကုိေပ်ာ္စရာ ေကာင္းတဲ့ စိတ္ကူးအေတြးကေလးေတြထဲမွာပဲ စီးေမ်ာရင္း ကုန္ဆံုးရတဲ့အရသာက တကယ့္ကုိခံစားလုိ႔ ေကာင္းတဲ့အခ်ိန္ ကေလးတစ္ခုပဲ ျဖစ္မွာပါ။
ဒီလုိလသာေဆာင္၊ နားေနတဲ့ေနရာေလး တည္ေဆာက္ဖုိ႔အတြက္ စိတ္ကူးေကာင္းေကာင္းနဲ႔ ဆန္းျပားတဲ့ ဒီဇုိင္းအျပင္အဆင္ေလးေတြ နဲ႔ ခ်စ္စရာေကာင္းေအာင္ တည္ေဆာက္ထားမယ္ဆုိရင္ တကယ့္ကုိ ပဲ သင့္ရဲ႕စိတ္ကုိဆြဲေဆာင္ေစမွာပါ။
လူတစ္ေယာက္ႏွစ္ေယာက္စာ ေနရာကေလးကေန ကုိယ့္ရဲ႕ခ်စ္စရာေကာင္းတဲ့ ကုိယ္ပုိင္သီးသန္႔ ကမာၻငယ္ေလးတစ္ခု ျဖစ္သြားေအာင္ ျပင္ဆင္တတ္ဖုိ႔ အျပင္အဆင္ နည္းလမ္းလမ္းေကာင္းေလးေတြ ေဖာ္ျပေပးလုိက္ပါတယ္။
၁။ စားပြဲထုိင္ခံုေလးေတြကုိ ေနရာေကာင္းေကာင္းခ်တတ္ဖုိ႔လုိပါ တယ္။ ကုိယ့္အိမ္ရဲ႕လသာေဆာင္အျဖစ္ထားရွိထားတဲ့ ေနရာေလး နဲ႔ လုိက္ဖက္တဲ့ စားပြဲ၊ ဆုိဖာခံုေလးေတြ ထည့္သြင္းျပင္ဆင္ပါ။
ဝရန္တာလည္း ျဖစ္ႏုိင္သလုိ၊ အမိုးလြတ္အခန္ငယ္ေလးလည္း ျဖစ္ႏုိင္ တာေၾကာင့္ ဒီေနရာမွာ ဘယ္လုိပစၥည္းေလးေတြ ထားရွိမလဲဆုိတာ ကုိ ျပင္ဆင္ၿပီး စနစ္တက်နဲ႔စြဲေဆာင္မႈရွိရွိ ျပင္ဆင္ထားရွိပါ။ ေအး ေဆးတည္ၿငိမ္ၿပီး စိတ္ေအးလက္ေအးနားယူလုိ႔ ရႏုိင္မယ့္ အခန္း၊ လသာေဆာင္ ေနရာအျဖစ္ ထားရွိပါ။
၂။ အလွဆင္ပစၥည္းေလးေတြ ထည့္သြင္းျပင္ဆင္ပါ။ ေရာင္စံုပန္း ပင္ေလးေတြ၊ စိမ္းစုိေနတဲ့ အပင္ေလးေတြ၊ အလွဆင္ပစၥည္းေလး ေတြ၊ ခ်စ္စရာေကာင္းတဲ့ ေခါင္းအံုးေလးေတြ၊ ခံုေလးေတြ၊ စသျဖင့္ ျပင္ဆင္ပါ။ ခ်စ္စရာေကာင္းၿပီး ေရာင္စံုထုိင္ခံုေလးေတြ၊ ေကာ္ဖီစားပြဲေလးေတြက တကယ့္ကိုထူးျခားၿပီး လွပပါတယ္။
၃။ ပန္းပင္ေလးေတြ စုိက္ပ်ိဳးပါ။ ေရာင္စံုဖူးပြင့္ေနတဲ့ ပန္းပင္ကေလး ေတြ၊ ပန္းအိုးကေလးေတြ လသာေဆာင္မွာ စုိက္ပ်ိဳးထားပါ။ ပန္းပင္ ေလးေတြစုိက္ပ်ိဳးျခင္းက အလြယ္ကူဆံုး အိမ္အလွျပင္ဆင္ျခင္းနည္း လမ္းပါပဲ။ ခ်စ္စရာေကာင္းတဲ့ ပန္းအိုး၊ ပန္းဆုိင္းကေလးေတြ၊ ပန္းပြင့္ကေလးေတြက သင့္ကုိ တကယ္စြဲေဆာင္ႏုိင္မွာ ျဖစ္ပါတယ္။
၄။ ေဆးေရာင္လွလွကေလးေတြ၊ ၾကမ္းခင္းလွလွကေလး ေတြ ခင္းက်င္းပါ။ ကုိယ့္ရဲ႕လသာေဆာင္ကေလးနဲ႔လုိက္ဖက္ညီမႈရွိတဲ့ ေဆးေရာင္လွလွကေလးေတြျပင္ဆင္သုတ္ျခယ္ပါ။တည္ၿငိမ္ၿပီး မ်က္စိေအးတ့ဲ ေဆးေရာင္ကေလးေတြ၊ ဒါမွမဟုတ္ ေႏြးေႏြးေထြး ေထြးနဲ႔ ခ်စ္စရာေကာင္းတဲ့ ေဆးေရာင္စံုကေလးေတြ၊ ေနာက္စြဲေဆာင္မႈရွိတဲ့ အေရာင္ေတာက္ေတာက္ကေလးေတြ စသျဖင့္နဲ႔ ၾကည့္ေကာင္းၿပီးလုိက္ဖက္တဲ့ ေဆးေရာင္ကေလးေတြ ကလည္း လသာေဆာင္ေလးရဲ႕ အလွကုိပံ့ပိုးေပးႏုိင္ပါတယ္။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
[Unicode]
ချစ်စရာကောင်းပြီး စွဲဆောင်မှုရှိတဲ့ လသာဆောင်ကလေးတွေ ဖန် တီးပြင်ဆင်ကြမယ်….
ညနေခင်းဆည်းဆာနေဝင်ချိန်တွေ၊ ညဘက်အလင်းရောင်ပျောက် တဲ့ အချိန်မျိုးတွေဆိုရင် အိမ်ရှေ့ဝရန်တာ၊ လသာဆောင် လေး တွေမှာ ငြိမ်ငြိမ်ကလေးထိုင်ကာ ကောင်းကင်က လရောင်နဲ့ ကြယ် ပွင့်လေး တွေမော့ကြည့်ပြီးတော့အတွေးစိတ်ကူးလေးတွေယဉ်ပြီး တော့ ကြည်နူးရတဲ့အခိုက်အတန့်လေးတွေ ရှိဖူးကြမှာပါ။
ဒီလိုကိုယ့် ရဲ့ကိုယ်ပိုင်စိတ်ကြိုက်အချိန်ကလေးမှာ တကယ့်ကိုပျော်စရာ ကောင်းတဲ့ စိတ်ကူးအတွေးကလေးတွေထဲမှာပဲ စီးမျောရင်း ကုန်ဆုံးရတဲ့အရသာက တကယ့်ကိုခံစားလို့ ကောင်းတဲ့အချိန် ကလေးတစ်ခုပဲ ဖြစ်မှာပါ။
ဒီလိုလသာဆောင်၊ နားနေတဲ့နေရာလေး တည်ဆောက်ဖို့အတွက် စိတ်ကူးကောင်းကောင်းနဲ့ ဆန်းပြားတဲ့ ဒီဇိုင်းအပြင်အဆင်လေးတွေ နဲ့ ချစ်စရာကောင်းအောင် တည်ဆောက်ထားမယ်ဆိုရင် တကယ့်ကို ပဲ သင့်ရဲ့စိတ်ကိုဆွဲဆောင်စေမှာပါ။
လူတစ်ယောက်နှစ်ယောက်စာ နေရာကလေးကနေ ကိုယ့်ရဲ့ချစ်စရာကောင်းတဲ့ ကိုယ်ပိုင်သီးသန့် ကမာ္ဘငယ်လေးတစ်ခု ဖြစ်သွားအောင် ပြင်ဆင်တတ်ဖို့ အပြင်အဆင် နည်းလမ်းလမ်းကောင်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။
၁။ စားပွဲထိုင်ခုံလေးတွေကို နေရာကောင်းကောင်းချတတ်ဖို့လိုပါ တယ်။ ကိုယ့်အိမ်ရဲ့လသာဆောင်အဖြစ်ထားရှိထားတဲ့ နေရာလေး နဲ့ လိုက်ဖက်တဲ့ စားပွဲ၊ ဆိုဖာခုံလေးတွေ ထည့်သွင်းပြင်ဆင်ပါ။
ဝရန်တာလည်း ဖြစ်နိုင်သလို၊ အမိုးလွတ်အခန်ငယ်လေးလည်း ဖြစ်နိုင် တာကြောင့် ဒီနေရာမှာ ဘယ်လိုပစ္စည်းလေးတွေ ထားရှိမလဲဆိုတာ ကို ပြင်ဆင်ပြီး စနစ်တကျနဲ့စွဲဆောင်မှုရှိရှိ ပြင်ဆင်ထားရှိပါ။ အေး ဆေးတည်ငြိမ်ပြီး စိတ်အေးလက်အေးနားယူလို့ ရနိုင်မယ့် အခန်း၊ လသာဆောင် နေရာအဖြစ် ထားရှိပါ။
၂။ အလှဆင်ပစ္စည်းလေးတွေ ထည့်သွင်းပြင်ဆင်ပါ။ ရောင်စုံပန်း ပင်လေးတွေ၊ စိမ်းစိုနေတဲ့ အပင်လေးတွေ၊ အလှဆင်ပစ္စည်းလေး တွေ၊ ချစ်စရာကောင်းတဲ့ ခေါင်းအုံးလေးတွေ၊ ခုံလေးတွေ၊ စသဖြင့် ပြင်ဆင်ပါ။ ချစ်စရာကောင်းပြီး ရောင်စုံထိုင်ခုံလေးတွေ၊ ကော်ဖီစားပွဲလေးတွေက တကယ့်ကိုထူးခြားပြီး လှပပါတယ်။
၃။ ပန်းပင်လေးတွေ စိုက်ပျိုးပါ။ ရောင်စုံဖူးပွင့်နေတဲ့ ပန်းပင်ကလေး တွေ၊ ပန်းအိုးကလေးတွေ လသာဆောင်မှာ စိုက်ပျိုးထားပါ။ ပန်းပင် လေးတွေစိုက်ပျိုးခြင်းက အလွယ်ကူဆုံး အိမ်အလှပြင်ဆင်ခြင်းနည်း လမ်းပါပဲ။ ချစ်စရာကောင်းတဲ့ ပန်းအိုး၊ ပန်းဆိုင်းကလေးတွေ၊ ပန်းပွင့်ကလေးတွေက သင့်ကို တကယ်စွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။
၄။ ဆေးရောင်လှလှကလေးတွေ၊ ကြမ်းခင်းလှလှကလေး တွေ ခင်းကျင်းပါ။ ကိုယ့်ရဲ့လသာဆောင်ကလေးနဲ့လိုက်ဖက်ညီမှုရှိတဲ့ ဆေးရောင်လှလှကလေးတွေပြင်ဆင်သုတ်ခြယ်ပါ။တည်ငြိမ်ပြီး မျက်စိအေးတဲ့ ဆေးရောင်ကလေးတွေ၊ ဒါမှမဟုတ် နွေးနွေးထွေး ထွေးနဲ့ ချစ်စရာကောင်းတဲ့ ဆေးရောင်စုံကလေးတွေ၊ နောက်စွဲဆောင်မှုရှိတဲ့ အရောင်တောက်တောက်ကလေးတွေ စသဖြင့်နဲ့ ကြည့်ကောင်းပြီးလိုက်ဖက်တဲ့ ဆေးရောင်ကလေးတွေ ကလည်း လသာဆောင်လေးရဲ့ အလှကိုပံ့ပိုးပေးနိုင်ပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)