၁။ လန်ဒန်ရှိ ပုဂ္ဂလိကနေအိမ်တစ်လုံးမှာ ရှိပြီး မြင့်မားတဲ့မျက်နှာကြက်နဲ့ ဂန္ထ၀င်ဆန်ဆန် ဒီ master bedroomဟာ တော်ဝင်မင်းသမီးတစ်ပါးအတွက်အသင့်တော်ဆုံးဖြစ်မယ်ဆိုတာ သံသယမရှိလောက်အောင်ပါပဲ။
၂။ အိန္ဒိယ Panna National Park ရှိ master bedroom ဖြစ်ပြီး မခမ်းနားပေမယ့် ကျောက်တုံးတွေနဲ့ တည်ဆောက်ထားတဲ့သူရဲ့ဒီဇိုင်းဟာလည်းတစ်မျိုးဆန်းနေပြီး ဘယ်လိုမှကို အထင်သေးလျှော့တွက်လို့ မရတာပါ။
၃။ အင်ဒိုနီးရှား Sumba ကျွန်း Raja Medaka Villa ရှိ Nihiwatuအပန်းဖြေစခန်းမှာရှိပြီးကမ်းခြေစတိုင်လည်းမပျောက်ပျက်အောင် အလှဆင်ထားတဲ့ master bedroom ပါ။
၎။ အမေရိကန် မိုင်ယာမီမြို့မှာ မကြာမီဖွင့်လှစ်မယ့် Eco Brickell အထပ် ၆၀ အဆောက်အအုံမှာရှိတဲ့ ဒီ master bedroom ဟာ အသက်ရှူမှားလောက်စရာပါပဲ။ စကျင်ကျောက်နဲ့ပြုလုပ်ထားတဲ့ကြမ်းခင်း၊ နို့နှစ်ရောင်မကျတကျအရောင်အသွေးတွေ ရွေးချယ်သုံးထားပါတယ်။ နေအိမ်ရုံးခန်းအဖြစ် သုံးမယ်ဆိုပါက သုံးလို့ရနိုင်ပြီး အပြင်ဘက်က ရေကန်ကိုလည်း တိုက်ရိုက်မြင်နိုင်ပါတယ်။
၅။ တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ Opposite House မှာရှိပြီး ၀ါးထွက်ကုန်တွေသုံးထားတဲ့ ဒီ master bedroom ကတော့ အလွန်ရိုးရှင်းတဲ့ ဒီဇိုင်းပါပဲ။ မြို့တော်မြင်ကွင်းကို ကောင်းကောင်းမြင်နိုင်တဲ့နေရာမှာ တည်ရှိတယ်လို့ သိရပါတယ်။
၆။ ဟောာင်ကောင်ရဲ့ Ritz-Carlton ဟိုတယ်ရှိ
ဒီ Ritz-Carlton Suite ဟာ အဆင့်မြင့်အိပ်ခန်းတွေထဲမှာ တကယ့်ကိုမှ ထိပ်တန်းအဆင့်မြင့်အိပ်ခန်းပါပဲ။ တစ်ခန်းလုံး သတ္တုရောင်တွေလဲ့နေတာကြောင့် လေဒီဂါဂါက သူမရဲ့ နောက်ဆုံးအာရှခရီးစဉ်မှာတုန်းကဒီအခန်းကို ရွေးခဲ့တယ်ဆိုရင်အံ့အားသင့်စရာမဟုတ်ပါဘူးနော်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team ဘာသာပြန်သည်။)