ခေါင်မိုးဦးချွန်အိမ်၊ ဒါမှမဟုတ် ထပ်ခိုးခန်းထပ် ထည့်သွင်းတည် ဆောက်ထားတဲ့ အိမ်လေးတွေမှာ အမိုးထပ်အခန်းလေးတွေထူး ထူးခြားခြားထည့်သွင်းတည်ဆောက်ဖို့ စိတ်ကူးကို အိမ်ပိုင်ရှင်တိုင်း စိတ်ကူးရကြမှာ မဟုတ်ပါဘူး။ ဦးချွန်အိမ်ဒီဇိုင်းလေး လိုချင်ရုံသက် သက်သာ ရှိကြပေမယ့် အဲ့ဒီအိမ်ရဲ့ထိပ်ပိုင်းနေရာ နေရာလွတ်က လေးကိုတော့ ဒီအတိုင်းပဲအလွတ်အတိုင်းထားလိုက်ကြတာပါပဲ။
ဒီလိုမျိုး အလဟဿမဖြစ်အောင်လို့ ဒီအိမ်အမိုးပိုင်းနေရာလေးကို တကယ့်အသုံးဝင်ပြီး ထူးထူးခြားခြား အခန်းငယ်လေးတွေ ပုံဖော်ဖန် တီးတည်ဆောက်လို့ရနိုင်တဲ့ စိတ်ကူးကောင်းနည်းလမ်းလေးတွေ ဖော်ပြပေးချင်ပါတယ်။ အိမ်တစ်အိမ်လုံးရဲ့ အမြင့်ဆုံးနေရာလည်း ဖြစ်တယ်။ တစ်အိမ်လုံးနဲ့လည်း အနည်းငယ်အလှမ်းဝေးတယ်ဆို တော့ သီးသန့်ကမ္ဘာငယ် အခန်းလေးတစ်ခု ဖြစ်နေလိမ့်မယ်လို့ လည်း ပြောလို့ရပါတယ်။
၁။ ချစ်စရာကောင်းတဲ့ အမိုထပ်အခန်းလေးကို နားနေစရာနေရာ လေး တစ်ခုပြုလုပ်လိုက်ပါ။ ဆိုဖာတို့ ကုတင်တို့လို သက်တောင့် သက်သာ နားနေလို့ရမယ့် အခင်းလေးတွေခင်းကျင်းထားရှိလိုက်ပါ။ ဘယ်သူမှလည်း မရှိပဲ ကိုယ့်တစ်ယောက်တည်း တိတ်တိတ်ဆိတ် ဆိတ်ကလေး နေလို့ရမှာပါ။ မီးအလင်းရောင်ဖျော့ဖျော့လေးတွေ ရယ်၊ ပြတင်းတံခါးလေးတစ်ချပ်ရယ်၊ စာအုပ်စင်လေးတစ်ခုရယ် ဆိုရင်တော့ တကယ့်ကိုခံစားလို့ ကောင်းတဲ့နေရာလေးတစ်ခုဖြစ် သွားပါပြီ။
၂။ အိမ်က ကလေးငယ်လေးတွေ၊ လူငယ်ကလေးငယ်တွေအတွက် နေချင်စရာ အိပ်ခန်းလေးတွေ ရရှိလာမှာပါ။ သူတို့လေးတွေအတွက် အိပ်ခန်း၊ နားနေခန်းသီးသန့်တည်ဆောက်ပေးစရာမလိုပဲ ဒီအမိုး ထပ်လေးမှာပဲ သီးသန့်အခန်းဖွဲ့ပေးလိုက်ပါ။ ထူးခြားတဲ့ နေရာလေး မို့လို့လည်း သူတို့စိတ်ဝင်စားကြိုက်နှစ်သက်ကြမှာပါ။
အခန်းရဲ့အ ခင်းအကျင်းအပြင်အဆင်ကလေးကို သပ်သပ်ရပ်ရပ်ကလေးနဲ့ ကု တင်၊ အံဆွဲဘီဒို၊ စင်ကလေးတွေနဲ့ သူတို့လိုအပ်မယ့် အသုံးအ ဆောင်လေးတွေကို နေရာသိုသိပ်စွာထည့်ပေးလိုက်ရင် တကယ့်ကို အဆင်ပြေသွားပါလိမ့်မယ်။
၃။ အမိုးထပ်နေရာကျယ်တဲ့ အခန်းဆိုရင်တော့ ဒီအခန်းလေးက အိပ်ခန်းတစ်ခန်းစာလောက်ကို နေရာကျယ်မှာပါ။ ထူးခြားတဲ့ စိတ် ကူးနဲ့ပြင်ဆင်လို့ရတာက ခေါင်မိုးကလေဝင်၊ အလင်းဝင်တဲ့ ပြတင်း တံခါးအမိုးပေါက်လေးတွေပါပဲ။ နေ့ဘက်ဆို နေ့အလင်းရောင်ဝင် နိုင်သလို ညဘက်ဆိုလည်း လရောင်နဲ့ ကြယ်ကလေးတွေ ကြည့်ရှု လို့ရနိုင်ပါတယ်။ ကိုယ်လိုအပ်သလို၊ အဖွင့်အပိတ်နဲ့ အမိုးအကာ ပြောင်းလဲ လို့ရနိုင်အောင်လို့ လုပ်ထားဖို့တော့ လိုပါတယ်။
၎။ တချို့က ဒီနေရာကိုအိပ်ခန်းအဖြစ် မဖန်တီးကြပါဘူး။ နားနေခန်း နဲ့စာကြည့်ခန်းအဖြစ် ထားရှိကြပါတယ်။ ဆိုဖာခုံတွေ၊ ဆက်တီခုံ တွေနဲ့ စာကြည့်ခုံတွေ စသဖြင့်ထားရှိပါတယ်။ နားနေလို့ရမယ်။ စာ အေးဆေးလေးဖတ်လို့ရမယ့် နေရာကောင်းလေးတစ်ခုပါ။ အလင်း မီးလုံး၊ မီးတိုင်လေးတွေထည့်မယ်။ သစ်ပင်ပန်းမန်လေးတွေထည့် မယ်ဆိုရင်တော့ တကယ့်ကိုသဘာဝကျပြီး နေရာစရာ အခန်းလေး တစ်ခန်းဖြစ်သွားပါပြီ။ အခန်းရဲ့အပြင်အဆင်နဲ့ ကြမ်းခင်း၊ နံရံအ ရောင်တွေကိုတော့ မိမိကြိုက်နှစ်သက်ခံစားလို့ရမယ့် အရောတွေ ကို ရွေးချယ်နိုင်ပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)