အိမ်ထဲဝင်လိုက်တာနဲ့ ငြီးငွေ့ငွေ့အခင်းအကျင်း အခန်းဖွဲ့နေထိုင်မှု တွေကြောင့် စိတ်ညစ်ညူးလာပြီမို့ မိမိအိမ်ကို အသစ်ပြန်လည်ခင်း ကျင်းပြုပြင်ချင်တဲ့ စိတ်ဆန္ဒတွေလည်း ရှိကောင်းရှိနေနိုင်မယ်။ အိမ် ကို ပြန်လည်ပြုပြင်ပြင်ဆင်မယ်ဆိုလည်း ကုန်ကျစရိတ်က အနည်းနဲ့ အများတော့ ရှိလာနိုင်တာပဲလေ။ ဒါကတော့ သိပြီးသားအကြောင်း အရာပါပဲ။ ဒါပေမယ့် လတ်တလောကျပ်တည်းတဲ့ ဝင်ငွေတွေ ကြောင့်ငွေကြေးလည်း လုံးဝကိုအကုန်ကျခံဖို့ မဖြစ်နိုင်၊ တစ်ဖက်က လည်း လုံးဝပြင်ဆင်ပြီးနေမှ စိတ်သက်သာရတော့မယ့် အခြေအနေ တွေဖြစ်လာပြီဆိုရင်တော့ အဆင်ပြေနိုင်မယ့် နည်းလမ်းကိုရှာကြံပြီး ဖန်တီးရတော့မှာပဲ မဟုတ်လား။ ကဲ ဒီအခက်အခဲအတွက် လုံးဝကို ငွေကုန်ကြေးကျမရှိပဲ အိမ်အခန်းအသစ်၊ ပတ်ဝန်းကျင်အသစ်ဖန် တီးနိုင်မယ့် အကောင်းဆုံးနည်းလမ်းလေးတွေနဲ့ အသုံးတည့်နိုင် အောင် ဖော်ပြပေးလိုက်ပါတယ်။
၁။ သင့်အိမ်တွင်းကို ပြန်ပြီးအလှဆင်ဖို့ အလှဆင်ပစ္စည်း၊ ဖန်စီ ပစ္စည်းအသစ်လေးတွေကို ဝယ်ယူဖို့ သင်ကမတတ်နိုင်ခဲ့ဘူးဆိုရင် လည်း ပြဿနာမရှိပါဘူး။ သင့်ဆီမှာရှိတဲ့ ထူးခြားတဲ့ပစ္စည်းလေး တွေ၊ အရုပ်ကလေးတွေ၊ ဂဏာန်းသင်္ချာရုပ်ပုံတွေ၊ ထူးထူးခြားခြား အဓိပ္ပါယ်လေးတွေ ဖော်ဆောင်ထားတဲ့ ပစ္စည်းလေးတွေကို အခန်း ထောင့်၊ နံရံလေးတွေမှာ ချိတ်ဆွဲအလှဆင်ထားပြီး သင့်အိမ်ကို ပြောင်းလဲလိုက်နိုင်ပါတယ်။
၂။ သုံးပြီးသား အချိုရည်ပုလင်းခွံ၊ ပလက်စတစ်ခွံ၊ သံဗူးလေးတွေက အိမ်ရဲ့အလှတရားအဖြစ် ဖန်တီးပေးနိုင်လို့ အသုံးဝင်ပါတယ်။ လွှင့်မ ပစ်ပဲ အိမ်ရဲ့ အသုံးအဆောင် ဥပမာ အပေါက်ဖောက်ပြီး မီးခွက်၊ မီးချိုင့်၊ အလင်းမီးတိုင် ထည့်သွင်းလို့ရမယ့် မီးအိမ်လေးတွေလုပ် မယ်။ ပန်းအိုး၊ ပန်းဆိုင်းတွဲလေးတွေ၊ မီးဖိုချောင်မှာ အသုံးတည့်မယ့် ခွက်၊ ဘူးခွံလေးလုပ်ပြီး ပြန်လည်အသုံးနိုင်ပါတယ်။
၃။ လက်လုပ်အထည်၊ ဆိုဖာအစွပ်၊ ခေါင်းအုံးလေးတွေ၊ သိုးမွှေးထိုး အဝတ်စတွေနဲ့ လုပ်ထားတဲ့ အသုံးအဆောင်ပစ္စည်းလေးတွေက ဆန်းသစ်ပြီး ချစ်စရာလည်းကောင်းပါတယ်။ ဒီလို အလှပစ္စည်းလှလှ လေးတွေကို ငွေကြေးကုန်ကျစရာမလိုပဲ သင်ကိုယ်တိုင်ထိုးပြီး အ သုံးအဆောင် အဖြစ်အသုံးပြုလို့ရနိုင်ပါတယ်။
၎။ သဘာဝကျတဲ့ အပြင်အဆင်ကို ဖန်တီးလိုက်ပါ။ ဆိုလိုတာက ပန်းခြံတစ်ခု ပြင်ဆင်ခိုင်းလိုက်တာမဟုတ်ပါဘူး။ သင့်ရဲ့အိမ်လေးမှာ သဘာဝကျကျ လိုက်ဖက်ညီမှုရှိတဲ့ အပြင်အဆင်လေးတွေ ပန်းအိုး လေးတွေ၊ မီးလုံးလှလှလေးတွေနဲ့ ကော်ဖီစားပွဲထိုင်ခုံလေးတွေကို သတ်သတ်ရပ်ရပ် ထားရှိလိုက်မယ်ဆိုရင် နေရာထိုင်ခင်းအသစ်ရရှိ သွားမှာပါ။
၅။ ပရိဘောဂ အကြီးအငယ်၊အလိုက် အစီအရီထားတတ်ရပါမယ်။ သင့်ရဲ့အိမ်ခန်းနဲ့ လိုက်ဖက်တဲ့ ပရိဘောဂအသုံးအဆောင်တွေကို အိမ်ရဲ့ သင့်တော်မယ့်နေရာတွေမှာ ထားလိုက်ပါ။ စားပွဲခုံ၊ ဘီဒို၊ စာအုပ်စင်၊ အစရှိတဲ့ အရာတွေကို သူ့နေရာနဲ့သူ အဆင်ပြေပြေထား တတ်ရပါမယ်။ အိမ်ခန်းနဲ့ မဆန့်ဝင်နိုင်လောက်တဲ့ ထုထည်ကြီးကြီး ပရိဘောဂတွေကို ထည့်ချင်လို့တော့ အဆင်မပြေနိုင် လောက်ဘူး လေ။ အိမ်ရဲ့ထောင့်လေးတွေ၊ အကွယ်နေရာလေးတွေ၊ အလယ်နေ ရာတွေ စသဖြင့် အသုံးတည့်မယ့် အရာလေးတွေကို နေရာတကျ ထားရှိလိုက်ပါ။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team ရေးသား ဖော်ပြသည်။)