1384 ကြိမ် ကြည့်ရှု့ ပြီး

နွေရာသီနဲ့ လိုက်ဖက်တဲ့စံအိမ်လေးတစ်လုံးတည်ဆောက်ကြမယ်

နေရောင်ခြည်နွေးနွေး ဒါမှမဟုတ် ရော်ရွက်ဝါတွေ မြေခနေတာကို မြင်ရပြီဆိုရင် နွေရောက်ပြီလို့ အလိုလိုခံစားလာမိ တယ်။ နွေရဲ့သင်္ကေတကို ဆောင်တဲ့ နေရောင်ခြည်ခပ်နွေးနွေးရဲ့ အရသာရယ်အဝါရောင်ပြေးနေတဲ့ သစ်ရွက်တို့ ညှာတံ လွတ်ပြီး မြေခသွားတာရယ်က နွေဦးရဲ့ ပုံရိပ်ပါပဲ။ ဆိုလိုတဲ့ သဘောက နွေရောက် ပြီဆိုရင် အဟောင်းအနွမ်း အရာအားလုံး လဲလှယ်ရသလို ဖြစ်နေတတ်ပါတယ်။ နွေရာသီဟာ ရာသီတွေထဲမှာ စွမ်းအား အကောင်းဆုံး၊ ပျော်ရွှင်မှု၊ ပျော်ရွှင်ရယ်မောစရာတွေ၊ အများဆုံး ယူဆောင်လာနိုင်ပါတယ်။

နွေရာသီနဲ့ လိုက်ဖက်တဲ့စံအိမ်လေးတစ်လုံးတည်ဆောက်ကြမယ်

ရာသီဥတုခံစားမှုအရတော့ ပူနွေးမယ်။ တချို့နေရာတွေဆို နွေးတာထက်ပူပြင်းမှုကို ပိုပြီးခံစားမိကြမယ်ထင်ပါ တယ်။ ရာသီဥတုအပူအအေးပြောင်းလဲ မယ်။ ပတ်ဝန်းကျင်ပြောင်းလဲမယ်။ ခံစားမှုပြောင်းလဲမယ်စတဲ့ အပြောင်းအလဲတွေ ကြားက ကျွန်မတို့နေထိုင်တဲ့ ပတ်ဝန်း ကျင်လေးကိုလည်း နွေဦးနဲ့ အညီ လိုက် ဖက်ပြောင်းလဲလိုက်မယ်ဆိုရင် တကယ့် နွေဦးအရသာစစ်စစ်ကို ပိုပြီး ခံစားရမှာ ဖြစ်ပါတယ်။

နွေရာသီနဲ့ လိုက်ဖက်တဲ့စံအိမ်လေးတစ်လုံးတည်ဆောက်ကြမယ်

နွေဦးအလိုက် မိမိနေထိုင်တဲ့ ဝန်း ကျင် နေရာလေးကို ပြောင်းလဲမယ်ဆို တော့ ဒီအတိုင်း ပြောင်းလဲပြင်ဆင်လိုက် တာထက်စာရင် နွေဦးအတွက်ဆိုပြီး အထူးတလည် စိတ်ကူးပုံဖော်ဖန်တီးမှု လေးတွေနဲ့ ပြင်ဆင်လိုက်မယ်ဆိုရင်တော့ နွေဦးပုံရိပ်၊ နွေဦးစံအိမ်တစ်လုံးကို ရနိုင် မှာဖြစ်ပါတယ်။ နွေရာသီမှာ နေအိမ်တွေကို ပြင်ဆင်မယ်ဆိုရင်တော့ အကောင်းဆုံး နည်းလမ်းက အပူဓာတ်ကို ပြန်စေနိုင်တဲ့ အပြင်ကို ပြန်ထုတ်နိုင်တဲ့ နည်းလမ်းကို အသုံးချမယ်ဆိုရင် ပိုပြီးတော့ သင့်တော် ပါတယ်။

နွေရာသီရဲ့ သင်္ကေတ ခပ်ပြင်းပြင်း နေအပူရှိန်ဒဏ်ကနေ ကာကွယ်ပေးနိုင်ဖို့ ကို အဓိကထားပြီး ပြင်ဆင်ပေးသင့်ပါ တယ်။ ကျန်တဲ့ ဆောင်းရာသီ၊ ဆောင်းဦး၊ မိုးရာသီ၊ မိုးဦးစတဲ့ ရာသီတွေမှာ လုံးဝကို လုပ်ဆောင်စရာမလိုတဲ့ အကာအကွယ်တွေ ကိုတောင် နွေရာသီမှာ မဖြစ်မနေ လုပ် ဆောင်ပေးဖို့ လိုအပ်ပါတယ်။ နေအပူရှိန် ရဲ့ဒဏ်ကို နေအိမ်ရော အိမ်က မိသားစု တွေအတွက်ပါ သင့်တင့်ပြီး သက်သောင့် သက်သာဖြစ်မယ့် အပူရှောင်နေအိမ်မျိုး ဖြစ်လာအောင် ပြင်ဆင်သင့်ပါတယ်။

နွေရာသီနဲ့ လိုက်ဖက်တဲ့စံအိမ်လေးတစ်လုံးတည်ဆောက်ကြမယ်အိမ်တွင်းအတွက် အဓိကပြင်ဆင်ရ မှာက အပူဒဏ်ကာကွယ်ပေးရမယ့် အပိုင်း ပါပဲ။ အပြင်က ကျရောက်လာမယ့် နေပူ ဒဏ်ကို ကာကွယ်ဖို့အတွက် အကာအကွယ်၊ အပူဒဏ်ကာ အမိုးအကာ၊ မှန်ချပ်၊ ဖန်ချပ်၊ ခန်းစီးလိုက်ကာ စတဲ့ပစ္စည်းတွေ တပ်ဆင် ပြင်ဆင်သင့်ပါတယ်။ နောက်ပြီး အခန်းထဲ က လေဝင်လေထွက်နဲ့ အပူအအေးကို ထိန်းညှိပေးနိုင်မယ့် အခြေအနေမျိုးဖြစ် အောင် ဖန်တီးပေးရပါမယ်။နောက်ထပ်အဓိကအရေးကြီးတဲ့ တစ်ချက်ကတော့ နေအိမ်တွင်း အစိုဓာတ်ထိန်းညှိပေးဖို့ပါပဲ။ ပတ်ဝန်းကျင်တစ်ခုလုံး ပူပြီးခြောက်သွေ့တဲ့ အနေအထားဖြစ်တာကြောင့် မိမိနေထိုင်မယ့် ပတ်ဝန်းကျင်ကို အစိုဓာတ်ရရှိထားဖို့ လိုအပ်ပါတယ်။
ပန်းခြံခြံဝင်းလေးတွေ ပိုင်ဆိုင်ထားတဲ့ သူတွေအဖို့တော့ ပန်းခြံ လေးတွေထဲမှာ အရိပ်ကောင်းကောင်း သစ်ပင်တွေ စိုက်ပျိုးထားတာတို့ ဒါမှမဟုတ် ခြောက်သွေ့နေတဲ့ မြေပြင်ကို ရေဖြန်းပေး ထားတာတို့က အပူဒဏ်ကို သက်သာစေ နိုင်ပါတယ်။ နေအိမ်အတွင်းမှာလည်း ဒီလိုပါပဲ။ ပူပြင်းတဲ့ ရာသီဥတုဒဏ်ကို ခံစားရပြီး အိမ်သူအိမ်သားတွေ ကျန်းမာ ရေးထိခိုက်လာနိုင်တဲ့အချက်ကို ကြိုတင် တွေးပြီး နေအိမ်အတွင်း အအေးဓာတ်နဲ့ အစိုဓာတ်ရအောင် လေအေးပေးစက်၊ အဲကွန်း၊ ပန်ကာစတဲ့ အသုံးအဆောင်တွေ အသုံးပြုသင့်ပါတယ်။

နွေရာသီနဲ့ လိုက်ဖက်တဲ့စံအိမ်လေးတစ်လုံးတည်ဆောက်ကြမယ်

ဒါအပြင် တခြားအရေးကြီးတဲ့ အရာ တစ်ခုက အိမ်ခန်းရဲ့ နံရံတွေနဲ့ အတွင်း ပိုင်းပုံဖော်ခြယ်သထားတဲ့ အရောင်တွေပဲ ဖြစ်ပါတယ်။ ပူပြီး အနည်းငယ်လှောင်အိုက် တဲ့ ရာသီဥတုဖြစ်တာကြောင့် မိမိအိမ်ခန်း က အရောင်တွေက အပူဘက်ကို ပိုအားပေး တဲ့ အရောင်မျိုးတွေ မဖြစ်စေသင့်ပါဘူး။ အလင်းအားပေးတဲ့အရောင်တွေထက်စာရင် အလင်းအားကို အနည်းငယ် ထိန်းညှိပေး နိုင်တဲ့ အရောင်၊ အလင်းပြန်နိုင်တာကို လျော့ချပေးနိုင်တဲ့ အရောင်စတဲ့ မျက်စိ အေးနိုင်မယ့် အရောင်လေးတွေကိုသာ ရွေးချယ်ပြီး သုတ်ဖို့ တိုက်တွန်းချင်ပါတယ်။

အိမ်တစ်လုံးစာရဲ့ အခန်းတိုင်းပြင်ဆင် ပြုပြင်သင့်တဲ့အပြင် အိမ်ထောင်ပရိဘောဂ အသုံးအဆောင်တွေကိုလည်း နေရာရွှေ့ ပြောင်းပြုပြင်တာမျိုး လုပ်မယ်ဆိုလည်း အဆင်ပြေနိုင်ပါတယ်။ တစ်နေရာနဲ့ တစ် နေရာ အထားအသိုပြောင်းလဲမှုတွေကို ပြုလုပ်မယ်ဆိုရင် ခပ်ကျပ်ကျပ်၊ ခပ်ကျဉ်း ကျဉ်း အထားအသိုပုံစံမျိုးလုပ်မယ့်အစား လေဝင်လေထွက်ကောင်းအောင်ပစ္စည်း၊ အသုံးအဆောင်တွေကို ခပ်ကျဲကျဲ ထားသို သင့်ပါတယ်။ နေအိမ်တစ်ခုလုံးပစ္စည်းတွေနဲ့ ပြည့်သိပ်နေတာမျိုးမဟုတ်ဘဲ လိုအပ်တဲ့ အသုံးအဆောင်တွေလောက်သာ ထည့် သွင်းပြင်ဆင်သင့်ပြီး အခြားအရာတွေကို တော့ ခေတ္တခဏ သိမ်းဆည်းထားလိုက်ပါ။

နွေရာသီနဲ့ လိုက်ဖက်တဲ့စံအိမ်လေးတစ်လုံးတည်ဆောက်ကြမယ်

မိုးရာသီနဲ့ ဆောင်းရာသီမှာ အသုံးပြု ခဲ့တဲ့ ခပ်ထူထူ အခင်းတွေ၊ ဆိုဖာ၊ ဆက် တီ၊ သားရေကူရှင်၊ အခင်းစ၊ ဂွမ်းထည်၊ သိုးမွှေးစတဲ့ အသုံးအဆောင်တွေကိုလည်း ပြန်သိမ်းဆည်းထားပြီး နွေဥတုနဲ့ လိုက် ဖက်တဲ့ ခပ်ပါးပါးအထည်အသုံးအဆောင် တွေ၊ အခင်းတွေ၊ ခန်းစီးလိုက်ကာ စတာ တွေနဲ့ အစားထိုးလဲလှယ်ပြင်ဆင်သင့်ပါ တယ်။ နွေရာသီအိမ်အတွက် နောက်ဆုံး ပြင်ဆင်ရမယ့် အပိုင်းကတော့ နွေရာသီ ဆန်ဆန်၊ အနုပညာဆန်ဆန် ပြင်ဆင်ခြင်း ပါပဲ။ နေအိမ်တစ်ခုလုံးကို နွေရာသီရဲ့ အငွေ့အသက်၊ နွေရာသီရဲ့ အခင်းအကျင်း ရအောင် ပြင်ဆင်ဖို့အတွက် နွေရာသီနဲ့ ဆိုင်တဲ့ အိမ်တွင်းအလှဆင်ပစ္စည်းလေးတွေ ပြင်ဆင်အသုံးပြုတတ်ဖို့ လိုပါတယ်။
အခန်းနံရံအခင်းအကျင်းတွေမှာ နွေရာသီ ဆန်ဆန် အရောင်လေးတွေ သုတ်ခြယ်တာ တို့၊ နွေရာသီပန်းပွင့်၊ ပန်းပင်လေးတွေ စိုက်ပျိုးထားတာတို့ နွေရာသီပုံရိပ်ဖော် ပန်းချီကားလေးတွေ ချိတ်ဆွဲတာတို့ စတဲ့ ချစ်စရာကောင်းတဲ့ နွေရာသီအလှဆင် ပစ္စည်းလေးတွေကို မိမိစိတ်ကူးထဲက ပုံဖော်မှုအတိုင်း နွေရာသီစံအိမ်တစ်လုံး ဖန်တီးတည်ဆောက်နိုင်ပါတယ်။

နွေရာသီနဲ့ လိုက်ဖက်တဲ့စံအိမ်လေးတစ်လုံးတည်ဆောက်ကြမယ်


ရွှေဝတ်မှုန် မှ  iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com


ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)