သင့်ရဲ့အိမ်က သူများအိမ်တွေနဲ့ မတူတဲ့ထူးခြားတဲ့ အချက်ကဘာ များဖြစ်လိမ့်မလဲ။ ထူးခြားမှုက လူအများကိုစွဲဆောင်စေနိုင်တယ်။ နှစ်ခြိုက်စေနိုင်တယ်။ ပြီးတော့ ဒီထူးခြားမှုကို ဖန်တီးထားတဲ့ သူက ဘယ်လောက်ဥာဏ်ရည်ထက်မြက်ပြီး စိတ်ကူးကောင်းသလဲဆိုတာ ချီးမွမ်းခံရမယ့် အချက်တစ်ချက်ပါပဲ။ ဒီ့အတွက် သင့်အိမ်ကလေးကို သူများအိမ်တွေထက်ပိုပြီး ထူးခြားအောင် ပြင်ဆင်ထားမယ်ဆိုရင် သင်ကိုယ်တိုင်နဲ့ သင့်မိသားစုအပါအဝင်၊ သူငယ်ချင်းမိတ်ဆွေတွေ၊ ဧည့်သည်တွေရဲ့ နှစ်သက်မှု၊ ချီးကျူးမှုကိုရနိုင်ပါတယ်။
သင်ကိုယ် တိုင်လည်း သင့်အိမ်လေးနဲ့ပတ်သက်လာရင် အမြဲလိုလို ဂုဏ်ယူနေ မိမှာလည်းဖြစ်ပါလိမ့်မယ်။ ဒါ့ကြောင့်မို့လို့ သင့်ရဲ့အိမ်က လေးကို ထူးထူးခြားခြားပြင်ဆင်တည်ဆောက်တတ်ဖို့ အခုဒီမှာဖော် ပြပေးမယ့် ဆန်းကြယ်တဲ့ စိတ်ကူးကောင်း တည်ဆောက်မှုပုံစံ လေးတွေကိုလေ့လာနိုင်ပါတယ်။
၁။ တိရစ္ဆာန်လေးတွေ ချစ်တတ်တဲ့သင့်ရဲ့အိမ်မှာ ငါးမွေးကန်လှလှ ကလေးတော့ရှိမှာပေါ့။ အဲ့ဒီငါးမွေးကန်ကိုပဲ အခမ်းနားဆုံးပြင်ဆင် ပြီး အိမ်ရဲ့ထူးခြားတဲ့စွဲဆောင်မှုတစ်ခုအဖြစ် ထားရှိလိုက်ပါ။ အိပ်ယာ နဲ့ ငါးအလှမွေးကန်ဆိုတာယှဉ်တွဲရမယ်လို့ ဘယ်သူကမှစိတ်ကူး ထားမိမှာတော့ မဟုတ်ပါဘူး။ ဒါ့ကြောင့်လည်း ထူးခြားနေပါတယ်။ အိပ်ယာကုတင်ပေါ်ခွပြီး ဆောက်ထားတဲ့ ငါးအလှမွေးကန်က ည ဘက်အိပ်ရာဝင်ချိန်တွေမှာ တကယ့်ကိုပင်လယ်ရေအောက်ကြမ်း ပြင်ကို ရောက်သွားသလိုမျိုး စိတ်လှုပ်ရှားစရာကောင်းပါလိမ့်မယ်။
၂။ ဒါကတော့ နည်းနည်းတော့ ဂမ္ဘီရဆန်ပြီးဆန်းကြယ်တဲ့ စိတ်ကူး လို့ ပြောလို့ရပါမယ်။ အခန်းတစ်ခုရဲ့ အလင်းနဲ့ အရိပ်ကိုထူးထူးခြား ခြားပုံဖော်နိုင်အောင်လို့ ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ သာမန်အ ခန်းအလင်းမီးလုံးပေါ်မှာ သစ်ကိုင်းခြောက်တွေ၊ ရှုပ်ထွေးတဲ့အကိုင်း အခတ်တွေပုံပေါ်နိုင်အောင် ထူးခြားတဲ့ မီးလုံးအရိပ်ကျပုံလေးပါပဲ။
၃။ နေအိမ်အခန်းထဲထိတောင် ရေတွေဒလဟောဝင်နေသလိုပါပဲ။ အမှန်တော့ ဒီလိုမဟုတ်ပါဘူး။ တမင်တကာကို ရေတွေဖြည့်ထား တဲ့ အခန်းတစ်ခန်းအဖြစ် ဖန်တီးထားတာပဲဖြစ်ပါတယ်။ ရေချိုးခန်း၊ ရေစိမ်ကန်၊ အပျော်ရေကူးကန်အဖြစ် ထားရှိဖို့အတွက်ပဲ ဖြစ်ပါတယ်။
၎။ လှေကားလည်းတက်ရင်း လျှောလည်းစီးရင်းနဲ့ပါ။ အတက်ကို လှေကားထစ်လေးအတိုင်း တက်သွားနိုင်ပြီး အဆင်းကိုတော့ လျှော စီးလေးနဲ့ ဆင်းလာနိုင်တာက သိပ်ကိုစိတ်လှုပ်ရှားဖို့ ကောင်းလိမ့် မယ်လို့ ထင်ပါတယ်။ ကလေးဘဝတုန်းက ချစ်စရာငယ်ဘဝလေး ကိုလည်း မှတ်မိကောင်းမှတ်မိနိုင်တာပေါ့။
၅။ လှေကားအောက်က ချောင်နေရာလေးကို ကောင်းကောင်းအ ကျိုးရှိရှိ အသုံးချလိုက်တာပါ။ ပုံမှန်ဆို အဲ့ဒီနေရာလေးတွေက အလ ဟဿချောင်အဖြစ်ထားရှိမယ့်အစား ဒီလိုနည်းလမ်းလေးတွေနဲ့ ဖန် တီးလိုက်ပါတယ်။ အဝတ်ဗီဒိုလေးတွေ၊ စာအုပ်စင်လေးတွေ၊ စားပွဲ စင်လေးတွေထည့်မယ်။ ဖိနပ်စင်လေးတွေ ရိုက်ပြီး ထားသိုမယ် စသဖြင့် အိမ်ရဲ့နေရာတွေကို ချိုးခြံလို့ရတာကို ဖော်ပြပေးချင်တာ ပါ။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)