ဆန်းသစ်တဲ့တီထွင်မှုနဲ့ စိတ်ကူးတွေက လူတွေကိုထူးခြားအံ့သြစေ ပြီး ဆွဲဆောင်စေနိုင်ပါတယ်။ သာမန်လူတိုင်းလုပ်နိုင်တဲ့ အရာတွေ ထက်ပိုမိုကောင်းမွန်ပြီး ထူးခြားတာကြောင့် လူတွေရဲ့စိတ်အာရုံကို ဆွဲငင်ညို့ယူနိုင်တာပါ။ သင်တို့ရဲ့နေအိမ်တွေမှာလည်း ဒီလိုထူးခြား တဲ့ စိတ်ကူးဖန်တီးမှုနဲ့ ပေါင်းစပ်ပြီး နေထိုင်လို့ရပါတယ်။ ထူးခြားတာ ကို ကြိုက်တဲ့သူတို့၊ စတန့်ထွင်ရတာကို စိတ်ဝင်စားသူတို့အတွက် တော့ ဒီလိုမျိုး ထူးထူးခြားခြား ပြင်ဆင်တည်ဆောက်မှုတွေက စိန် ခေါ်မှုအသစ်တစ်ခုနဲ့ စိတ်လှုပ်ရှားပျော်ရွှင်ရမှုကို ပေးစွမ်းမှာဖြစ်ပါ တယ်။
ဒီလိုထူးခြားတဲ့ စိတ်ကူးဖန်တီးမှုမျိုးကို သင့်ရဲ့ရေချိုးခန်းမှာ တည် ဆောက်လိုက်ဖို့ပါပဲ။ ရေချိုးတာတော့ သာမန်လူတွေလိုရေချိုးတာပါ ပဲ။ ဒါပေမယ့် ခံစားမှုချင်း၊ စိတ်လှုပ်ရှားရတာချင်းတော့ ကွာခြားနေပါ လိမ့်မယ်။ ကဲဒါဆို ဘယ်လိုပြင်ဆင်ဖန်တီးတည်ဆောက်မှုတွေက သင့်အတွက် စိတ်လှုပ်ရှားမှုကို ပေးစွမ်းနိုင်မလဲဆိုတာ လေ့လာ ကြည့်ရအောင်…..
၁။ ထူးခြားဆန်းသစ်တဲ့ ရေချိုးခန်းတစ်ခုတည်ဆောက်ဖို့အတွက် အဓိကက အခန်းတည်ဆောက်ပုံဒီဇိုင်းပါပဲ။ အများနဲ့မတူတဲ့ ထူးထူး ခြားခြားစိတ်ကူးမျိုး၊ တည်ဆောက်ပုံမျိုးကို ပုံဖော်နိုင်ရပါမယ်။ ဥပမာ ရေချိုးခန်းကြမ်းခင်း၊ ဘေးနံရံ၊ အပေါ်မျက်နှာကျက် စတဲ့အဓိကအ စိတ်အပိုင်းတွေ အသုံးပြုတတ်ဖို့ပါပဲ။ ရေပန်းနဲ့ချိုးတဲ့ ရေချိုးခန်း၊ ဒါမှမဟုတ် ကြွေဇလုံနဲ့ချိုးတဲ့ ရေချိုးခန်းတို့ ရှိတဲ့အနက်မှ ကြိုက်နှစ် သက်ရာရွေးချယ်တည်ဆောက်နိုင်ပါတယ်။
၂။ နောက်ထပ်ထူးခြားတဲ့ ပြင်ဆင်မှုတစ်ခုအနေနဲ့က ရေပန်းနဲ့ချိုးတဲ့ ရေချိုးခန်းအတွက်ပါ။ အပေါ်မျက်နှာကျက်ကကျလာတဲ့ ရေတွေအ စား၊ မျက်နှာကျက်အပြင် ဘေးပတ်လည်ကနေ နေရာစုံကနေ ပန်း ထွက်လာမယ့် ရေတွေကသင့်ကိုစိတ်လှုပ်ရှားပျော်ရွှင်စေမှာပါ။ ဒီလိုပြင်ဆင်မှုက မိမိစိတ်ကူးကောင်းရင် ကောင်းသလိုပြင်ဆင်လို့ ရနိုင်ပါတယ်။ တချို့ဆိုရင် တကယ့်ရေတံခွန်တွေမှာ သွားရောက်ရေ ဆော့ကစားနေရသလိုပါပဲ။ ရေကစားတာကြိုက်တဲ့ တချို့ကလည်း ရေထဲမှာဆော့ကစားလို့ရမယ့် အသုံးအဆောင်ပစ္စည်းလေးတွေကို တောင် ထည့်သွင်းထားတတ်ကြပါသေးတယ်။
၃။ ရေချိုးခန်းရဲ့ အလင်းရောင်လေးတွေနဲ့ အရောင်အသုံးပြုမှုကို ဆန်းသစ်ပါ။ သာမန်အလင်းရောင် အဖြူရောင်အတိုင်းမဟုတ်ပဲ ရောင်စုံ၊ မီးလင်းရောင်တွေ၊ စလိုက်မီးပွင့်ငယ်လေးတွေ တပ်ဆင် ပေးလိုက်ရင်လည်း သင့်ရဲ့ရေချိုးခန်းက ပျော်စရာနေရာတစ်ခုဖြစ် လာမှာပါ။ ရေလည်းချိုးရင်း ပျော်စရာအဖြစ်စိတ်ကြိုက်ဆော့ကစား လို့ရအောင် တချို့ဆိုတေးသီချင်းတွေတောင် ဖွင့်ထားတတ်ကြပါ သေးတယ်။
၎။ တောတောင်၊ သဘာဝ ပတ်ဝန်းကျင်နဲ့ နီးစပ်တဲ့ရေချိုးခန်းမျိုးကို တည်ဆောက်ပါ။ သဘာဝတောတောင်ထဲမှာ ရေချိုးနေရသလိုမျိုး တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်၊ အေးချမ်းတဲ့ ရေစီး၊ စိမ်းလန်းတဲ့အခန်း ပတ်ဝန်းကျင်ရဖို့အတွက် သစ်ပင်ငယ်လေးတွေ၊ ရေကြိုက်တဲ့အပင် လေးတွေ စိုက်ပျိုးပေးထားပါ။
တိတ်တိတ်ဆိတ်ဆိတ် ဖြစ်စေမယ့် ပတ်ဝန်းကျင်၊ အသံလုံတဲ့ပတ်ဝန်းကျင်လေး ဖြစ်အောင်ပြင်ဆင်ပါ။ ရေချိုးခန်းရဲ့ရေအသုံးပြုမှုကိုလည်း သန့်သန့်ရှင်းရှင်းနဲ့ ရေအားအ သင့်အတင့်ကောင်းမွန်တဲ့ ရေပူ၊ ရေအေးစနစ်ကို အသုံးပြုသင့်ပါ တယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)