230 ကြိမ် ကြည့်ရှု့ ပြီး

သစ်ပင်ကြီးကြီးမားမားကြီးတွေကို မဆုံးရှုံးရအောင် နေအိမ်ဒီဇိုင်း တွေ ဘယ်လိုဖန်တီးပြီး တည်ဆောက်ကြမလဲ

 

သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်ပါ။ သစ်တစ်ပင်ရဲ့ တန်ဖိုးနဲ့ သက်တမ်းက ရွှေနဲ့ပေးပြီးလဲဝယ်ရင်တောင် ဝယ်ယူလို့ မရနိုင်လို့ပါ။ သစ်ပင်ကောင်းကောင်တစ်ပင်ရှင်သန်နိုင်ဖို့ အတွက် အချိန်ကာလ၊ နှစ်တွေနဲ့ ချီပြီးစိုက်ပျိုးပြုစုထိန်းသိမ်းပြီးကာ မှသာ အပင်အရိပ်ကောင်းကောင်း၊ အပင်ကြီးအပင်ကောင်း၊ လေ ဒဏ်မိုးဒဏ်ကို ခံနိုင်ရည်ရှိရှိ အရိပ်ရမယ့် သစ်တစ်ပင်ကောင်းဖြစ် လာမှာပါ။

 

သစ်ပင်ကြီးကြီးမားမားကြီးတွေကို မဆုံးရှုံးရအောင် နေအိမ်ဒီဇိုင်း တွေ ဘယ်လိုဖန်တီးပြီး တည်ဆောက်ကြမလဲ



ဒီလိုသစ်ပင်ကောင်းကောင်း၊ ကြီးမားကြီးအရိပ်ရ တန်ဖိုးရှိတဲ့အပင် ကောင်းမျိုးတွေကို ဖယ်ရှားခုတ်ထွင်ပြီး ကိုယ့်နေအိမ်တစ်လုံးနေရာ အကျပ်အတည်းကြောင့် ရှင်းလင်းပစ်မယ်ဆိုရင် သိပ်နှမြောစရာ ကောင်းပါတယ်။ တစ်ခါတစ်လေ ဒီလိုသစ်ပင်ကြီးကြီးမားမားတွေ ကလည်း နေရာအခက်အခဲနဲ့ ကိုးလို့ကန့်လန့်နိုင်လွန်းပါတယ်။ ဒီလို ကိုယ့်အတွက် နေအိမ်တည်ဆောက်မှုအတွက်နဲ့ ဒီလိုတန်ဖိုးကြီးတဲ့ သစ်ပင်ကြီးကြီးမားမားတည်နေတဲ့ ကြားမှာ သစ်ပင်ကြီးလည်း မဆုံး ရှုံးရအောင်၊ တိုက်တာအဆောက်အအုံလည်း အဆင်ပြေပြေတည် ဆောက်လို့ရနိုင်မယ့် နည်းလမ်းပုံစံလေးတွေကို ဖော်ပြပေးချင်ပါ တယ်။

 

သစ်ပင်ကြီးကြီးမားမားကြီးတွေကို မဆုံးရှုံးရအောင် နေအိမ်ဒီဇိုင်း တွေ ဘယ်လိုဖန်တီးပြီး တည်ဆောက်ကြမလဲ


၁။ အိမ်ရဲ့ခြံစည်းရိုးပေါ်နေရာမှာ ထီးထီးကြီးခွပြီးပေါက်နေတဲ့ သစ် ပင်ကြီးပါ။ ပင်စည်ကြီးကလည်းကြီးမား၊ သစ်ပင်ကြီးကလည်း အရိပ် တဲ့အတွက်ကြောင့် ခုတ်ပစ်လိုက်ဖို့က သိပ်ကိုနှမြောစရာကောင်းနေ တဲ့အတွက် ဒီလိုလေးပဲ လုပ်လိုက်ပါတယ်။ ခြံစည်ရိုးခတ်တဲ့အုတ်တံ တိုင်းကို အပေါက်ဖောက်ပြီး သစ်ပင်ကြီးအတွက် နေရာပေးလိုက်ပါ တယ်။ အပေါက်ဝိုင်းကြီးက အုတ်တံတိုင်းအတွက် အလှဆင်ပြီးသား ဖြစ်သလို သစ်ပင်ကိုလည်းဆက်လက်ရှင်သန်စေသွားပါတယ်။

 

သစ်ပင်ကြီးကြီးမားမားကြီးတွေကို မဆုံးရှုံးရအောင် နေအိမ်ဒီဇိုင်း တွေ ဘယ်လိုဖန်တီးပြီး တည်ဆောက်ကြမလဲ



၂။ အိမ်ရဲ့အတွင်းခန်းထဲနေရာမှာ ပေါက်ရောက်နေတဲ့ နွယ်သစ်ပင် ပါ။ လှလည်းလှပြီး သန်လည်းသန်မာပါတယ်။ ဒီအပင်ကို ဖယ်ရှား ခုတ်ထွင်ဖို့လည်း မလုပ်ချင်ဘူး။ နေအိမ်အခန်းအတွက်လည်း တည် ဆောက်ချင်တယ်ဆိုတော့ ဒီလိုနည်းလမ်းလေးနဲ့ပဲ ဖန်တီးပုံဖော် လိုက်ပါတယ်။ တကယ့်ကိုထူးခြားပြီး ဆန်းကြယ်တဲ့ စိတ်ကူးလေး နဲ့ပဲပေါ့။ စိမ်းလန်းတဲ့ သစ်ပင်တောတောင်တွေကြားထဲ ရောက် သွားသလိုပါပဲ။ အိမ်ခန်းရဲ့အပေါက်ဖောက်ထားတဲ့ အမိုးမှာဒီ သစ် နွယ်ပင်ကို သဘာဝအတိုင်းပဲ ဆက်လက်ရှင်သန်နေလိုက်ပါတယ်။

 

သစ်ပင်ကြီးကြီးမားမားကြီးတွေကို မဆုံးရှုံးရအောင် နေအိမ်ဒီဇိုင်း တွေ ဘယ်လိုဖန်တီးပြီး တည်ဆောက်ကြမလဲ



၃။ သစ်ပင်ကြီးတစ်ပင်မှာ ကပ်ပြီးဆောက်ထားတဲ့ သစ်ပင်အိမ်လေး တစ်လုံးပါပဲ။ ပင်စည်ကြီးတစ်ခုလုံးက အိမ်တစ်လုံးလုံးရဲ့ အဓိကအ စိတ်အပိုင်းဖြစ်သွားပါတယ်။ အိမ်ရဲ့အမိုးပေါက်ကလွဲပြီး သစ်ပင်ရဲ့ ဘေးပတ်လည်မှာ အိမ်တစ်လုံးလုံးကို ပြီးပြည့်စုံအောင် ဆောက် လုပ်ပြီးနေထိုင်လို့ ရမှာဖြစ်ပါတယ်။

 

သစ်ပင်ကြီးကြီးမားမားကြီးတွေကို မဆုံးရှုံးရအောင် နေအိမ်ဒီဇိုင်း တွေ ဘယ်လိုဖန်တီးပြီး တည်ဆောက်ကြမလဲ



၎။ ဒါကတော့ မော်ဒယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်း စနစ်တစ်ခုလို့ပဲ ပြောရမလားပါပဲ။ ဖန်လုံအိမ်တစ်ခုထဲကို သစ်ပင် ကိုထည့်ပြီး စိုက်ပျိုးထားသလိုပါပဲ။ နေအိမ်ရဲ့ အမိုးနဲ့ အခန်းကို ဖောက်ထားထဲ့ သစ်ပင်ကို ဖန်ထည်နဲ့ကာရံပြီးဆောက်လုပ်ပေး ထားတာ ဖြစ်ပါတယ်။

 

သစ်ပင်ကြီးကြီးမားမားကြီးတွေကို မဆုံးရှုံးရအောင် နေအိမ်ဒီဇိုင်း တွေ ဘယ်လိုဖန်တီးပြီး တည်ဆောက်ကြမလဲ



၅။ အိမ်ရဲ့ နောက်ဘေးဘက် နားနေတဲ့နေရာမှာ ရှင်သန်ပေါက် ရောက်နေတဲ့ သစ်ပင်တစ်ပင်ပါ။ ဒီသစ်ပင်နဲ့ အိမ်နောက်ဖေးနား နေတဲ့ နေရာတစ်ခုတည်ဆောက်ဖို့ ဘယ်လိုဒီဇိုင်းဆွဲတည်ဆောက် ရမယ်ဆိုတာ သိပ်တော့မခက်ခဲပါဘူး။ ပန်းခြံငယ်လေးတစ်ခုလို တည်ဆောက်ပေးလိုက်ရုံပါပဲ။ အလည်က အပင်ထီးထီးကြီးရဲ့ ဘေးနားပတ်လည်မှာ နားနေမယ့် နေရာအဖြစ် ဖန်တီးလိုက် တာပါပဲ။ အောက်ခြေကြမ်းခင်းပြင်မှာ သစ်ပင်အတွက် နေရာတစ် ခုချန်ပြီး အခြားနေရာတွေကိုတော့ ကိုယ်လိုချင်တဲ့ ပုံစံအတိုင်းတည် ဆောက်ပေးလိုက်ပါတယ်။

 

သစ်ပင်ကြီးကြီးမားမားကြီးတွေကို မဆုံးရှုံးရအောင် နေအိမ်ဒီဇိုင်း တွေ ဘယ်လိုဖန်တီးပြီး တည်ဆောက်ကြမလဲ

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)