အချက်အပြုတ်နဲ့ မီးဖိုချောင်ကိစ္စ ၊ အစားအသောက်ချက်ပြုတ်ကြော်လှော်ခြင်း ကိစ်္စကို စိတ်ပါဝင်စားသူ၊ ကြိုက်နှစ်သက်သူ တစ်ဦးဖြစ်တဲ့ သင့်အတွက် မီးဖိုချောင် သေးသေးလေးတစ်ခုလောက်တော့ ပိုင်ဆိုင် ချင်မှာပေါ့။ ကိုယ်ပိုင်မီးဖိုခန်းလေးထဲမှာ မိမိနှစ်သက်တဲ့ အမြတ်တနိုးသိမ်းဆည်း ထားတဲ့ မီးဖိုချောင်သုံးပစ္စည်းလေးတွေ စုဆောင်းမယ်။ အိုးခွက်ပန်းကန်ခွက် ယောက်ကလေးတွေ၊ အသုံးဝင်လှတဲ့ ဖျော်ရည်စက်၊ အမှုန့်ကြိတ်စက်ကလေး တွေ နောက်ထူးကဲလှတဲ့ အရသာရှိတဲ့ ဟင်းပွဲတွေ၊ ချက်ပြုတ်လို့ရမယ့် ဟင်းချက် ပစ္စည်းအမည်စုံတွေနဲ့ သိုလှောင်သိမ်းဆည်း စရာ မီးဖိုခန်း၊ အကန့်ငယ်လေးတွေ၊ ရေခဲသေတ္တာ ၊ ကြောင်အိမ်တို့လို ထား စရာတန်း၊ စင်လေးတွေထားရှိမယ် ... စသဖြင့် အဲဒီလိုမျိုး ချစ်စရာကောင်းပြီး ကိုယ့်ရဲ့ စိတ်ကြိုက်လုပ်ဆောင်မှုတွေ ဖန်တီးလို့ရနိုင်မယ့် ကိုယ်ပိုင်သီးသန့်နေရာ လေး တည်ဆောက်ဖို့အတွက် နည်းလမ်း ကောင်းလေးတွေနဲ့ ထူးခြားပြီး ချစ်စရာ ကောင်းတဲ့ တည်ဆောက်မှုအပြင်အဆင် ဒီဇိုင်းကြံစည်စိတ်ကူးလေးတွေနဲ့ ဘယ်လို မျိုးနေရာ အထားအသို ပြုလုပ်ရမလဲဆိုတဲ့ အကြောင်း ဖော်ပြပေးလိုက်ပါတယ်။
၁။ မီးဖိုချောင်ခန်း တည်ဆောက်မှု အတွက် အရေးပါဆုံးအကြောင်းအရာ တစ်ခုက အရောင်ရွေးချယ်မှုပါပဲ။ မီးဖိုခန်း နဲ့အလိုက်ဖက်ဆုံးနဲ့ ကြည့်ကောင်းမယ့် အကောင်းဆုံးအရောင်လေးတွေ ရွေးချယ် ခြယ်သပေးမယ်ဆိုရင် လှပပြီးချစ်စရာ ကောင်းတဲ့ မီးဖိုခန်းလေးတစ်ခုဖြစ်လာမှာ ပါ။ မိသားစုတွေ စားသုံးဖို့အတွက် အစား အသောက်နဲ့ ဟင်းလျာတွေချက် ပြုတ်မှာ ဖြစ်တာမို့လို့ အခန်းရဲ့ အလင်းအားကို ပံ့ပိုးပေးနိုင်မယ့် အလင်းဘက်သွားတဲ့ အရောင်လေးတွေ အသုံးပြုသင့်ပါတယ်။ မီးဖိုချောင်နံရံတွေ၊ ကြမ်းခင်းတွေ၊ ခန်းစီး ပြတင်းလိုက်ကာတွေ၊ ဗီရိုကြောင်အိမ် တွေ စသဖြင့် မီးဖိုခန်းမှာ ထားရှိမယ့် အရာတွေအားလုံးကိုလည်း အဖြူရောင်၊ မိုးပြာရောင်၊ နို့နှစ်ရောင်၊ခရင်မ်ရောင်၊ အသားရောင် အစရှိတဲ့ အလင်းပိုတဲ့ အရောင်အသုံးပြုထားတဲ့ ပစ်္စည်းတွေကို သာ ထားရှိသုံးစွဲသင့်ပါတယ်။
၂။ သေးငယ်တဲ့ မီးဖိုချောင်အခန်း နေရာဖြစ်သော်လည်းပဲ လိုအပ်ပြီးအသုံးဝင် တဲ့ မီးဖိုချောင်သုံးပစ္စည်းတွေအတွက် နေရာအထားအသို စနစ်တကျနဲ့ လုံလောက် မှုရှိဖို့ အရေးကြီးပါတယ်။ မီးဖိုချောင်မှာ ထားရှိမယ့် အိုးခွက်ပန်းကန်စင်၊ ဗီရို ကြောင်အိမ်နဲ့ သိုလှောင်သိမ်းဆည်းထား စရာ အရာတွေကို နေရာတကျ မထားတတ် ဘူးဆိုရင် မီးဖိုခန်းထဲမှာ ဟင်းချက်ပြုတ် ကြော်လှော်တဲ့အလုပ်ကို စိတ်ချမ်းချမ်း သာသာနဲ့ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ထမင်းဟင်းချက်ပြုတ်ရလို့ ပေပွနေတဲ့ မီးဖိုချောင်၊ အမှိုက်သရိုက်တွေအပြင် အသုံးပြုတဲ့ အိုးခွက်ပန်းကန်ခွက်ယောက် တွေရဲ့ နေရာမကျတာတွေပါ ရှင်းလင်း နေရပြန်တော့ မီးဖိုချောင်ခန်းဝင်တိုင်း စိတ်မချမ်းသာဘဲ မီးဖိုချောင်ခန်းထဲက ထွက်လာပြီးရင်လည်း ပင်ပန်းနွမ်းလျတာ မျိုးတွေ ခံစားဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒီအတွက် ကြောင့် အခန်းနေရာကျယ်တဲ့ မီးဖိုချောင်ပဲဖြစ်ဖြစ် အခန်းကျဉ်းတဲ့ မီးဖို ချောင်ငယ်လေးပဲဖြစ်ဖြစ် ချက်ပြုတ်အသုံး ပြုမယ့် မီးဖိုချောင်သုံးပစ္စည်းတွေကို သူ့ နေရာနဲ့သူ စနစ်တကျထားသို သင့်ပါတယ်။ အောက်ခြေမှာ ခင်းကျင်းမယ့် ပစ္စည်း တင်စရာခုံတို့၊ တန်းတို့အစား လက်လှမ်း မီသလောက်အပေါ်ဘက်စင်ကလေးတွေ ရိုက်ထားတာက ပိုပြီးတော့ အဆင်ပြေစေ နိုင်ပါတယ်။ နောက်ပြီး အခုနောက်ပိုင်း ခေတ်မီလာတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ စနစ်တကျနဲ့ ကျစ်ကျစ်လစ်လစ် ထားသိုဖို့ ဖွဲ့စည်းပေးထားတဲ့ ဗီရိုလေးတွေ၊ အကန့် ငယ်လေးတွေကို အသုံးပြုမယ်ဆိုရင် နေရာခင်းကျင်းချထားမှုကို အဆင်ပြေမှာ လည်း ဖြစ်ပါတယ်။
၃။ သင့်ရဲ့ မီးဖိုခန်းလေးက သေးငယ် တဲ့အတွက်ကြောင့်၊ သေးငယ်တဲ့ မီးဖို ချောင်သုံးပစ္စည်းလေးတွေ ထည့်သွင်းအသုံး ပြုတာ ပိုပြီးတော့ သင့်တော်နိုင်ပါတယ်။ ကြီးမားတဲ့စင်ကြီးတွေ၊ အိုးခွက်ပန်းကန်ခွက် ယောက်တွေ၊ စက်ပစ္စည်းတွေ မဟုတ်ဘဲ ချစ်စရာကောင်းတဲ့ သေးငယ်တဲ့ အရွယ် အစားလေးတွေ၊ အသုံးအဆောင် ပစ္စည်း လေးတွေနဲ့ အသုံးပြုရင်လည်း အချက် အပြုတ်နဲ့ မီးဖိုချောင်ကိစ္စအ၀တို့ကို ဖြေရှင်းပေးနိုင်ပါတယ်။ နေရာကျယ်ကျယ်ယူ တတ်တဲ့ ၀န်စည်စလယ် မဟုတ်တာကြောင့် သယ်ဆောင်ရွှေ့ပြောင်းရလွယ်ကူပြီး နေရာအထားအသိုအတွက်လည်း ခေါင်းခဲ စရာမလိုတော့ပါဘူး။ အရင်က လက်မ ၃၀ အသုံးပြုတဲ့ ရေခဲသေတ္တာ ၊ အအေးခံစက် စတာတွေကို အခုတော့ ဒီသင့်ရဲ့ ကိုယ်ပိုင် မီးဖိုခန်းလေးနဲ့ လိုက်ဖက်အဆင်ပြေနိုင် မယ့် ၂၄ လက်မလောက်ရှိတဲ့ အရွယ် အစားနဲ့ ပြန်ပြီး အစားထိုးအသုံးပြုသင့် ပါတယ်။ နောက်ပြီး အခုနောက်ပိုင်းမှာ မီးဖိုချောင်သုံး ပစ္စည်းစက်ရုံတွေက ထုတ် လုပ်လိုက်တဲ့ မီးကင်စက်၊ အသား ညှပ် ပေါင်မုန့်လုပ်စက်၊ အမွှေဖျော်စက်နဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေရဲ့ အရွယ်အစားကို အသေးငယ်ဆုံး အရွယ် အစားနဲ့ ထပ်မံထုတ်လုပ်လာတဲ့အတွက် သင့်အနေနဲ့ မီးဖိုချောင်ငယ်ငယ်လေးထဲ ထည့်သွင်းအသုံးပြုလို့ရနိုင်ပါတယ်။ အရွယ်အစားလေးတွေ သေးငယ်တော့ လိုအပ်တဲ့ ပစ္စည်းလေးတွေ စုံစုံလင်လင်နဲ့ ချက်ပြုတ်ကြော်လှော်ခြင်းတွေအတွက် အမယ်မျိုးစုံကို ချက်ပြုတ်စားသောက်နိုင်မှာ ဖြစ်ပါတယ်။
၎။ မီးဖိုချောင်ခန်းအတွက် အရေးကြီး တဲ့ နောက်တစ်ခုကတော့ အလင်းရောင်ပဲ ဖြစ်ပါတယ်။ သဘာဝအလင်းရောင်ပဲ ဖြစ် ဖြစ်၊ လျှပ်စစ်မီးအလင်းရောင်ပဲ ဖြစ်ဖြစ် အခန်းတွင်းအလင်းရောင်ကောင်းကောင်း ရဖို့က အရေးကြီးပါတယ်။ အခန်းနံရံ အရောင်အလိုက် အခန်းတွင်း ထွန်းထားတဲ့ မီးအလင်းရောင်ကို လိုက်ဖက်စွာ အသုံးပြု ပေးဖို့ လိုပါတယ်။ အခန်းတစ်ခုလုံးကို အလင်းကျရောက်စေနိုင်မယ့် နေရာအနေ အထားကနေ မီးအလင်းအား ပေးသင့်ပါ တယ်။ တချို့မီးခလုတ်နဲ့ မီးကြိုးပလက်ရိုက် တဲ့ နေရာတွေက အခန်းရဲ့ ထုထည်ကြီးမား တဲ့ အရာတွေဖြစ်တဲ့ ရေခဲသေတ္တာ ၊ ဗီရို အစရှိတဲ့ ပစ္စည်းတွေ ကွယ်နေတာကြောင့် အလင်းရောင်ကောင်း ကောင်းမရနိုင်တာ မျိုးတွေလည်းရှိပါတယ်။ အလင်းရောင် အတွက် နောက်ထပ်နည်းလမ်းတစ်ခုကတော့ မီးဖိုခန်းရဲ့ အခန်းတစ်ခုလုံးအလင်းအား အပြင် စင်လေးတွေ၊ ပန်းကန်စင်တွေ၊ ပစ္စည်းနဲ့ မီးဖိုချောင်သုံး ပစ်္စည်းထားသိုတဲ့ ဗီရိုတွေ၊ အကန့်ငယ်လေးတွေထဲမှာလည်း မီးလုံး၊ မီးချောင်း၊ ဖန်အလင်းချောင်းစသဖြင့် တပ်ဆင်ပြီး အလင်းအားဖွင့်ပေးထားတာ မျိုးလည်း ရှိပါတယ်။ ချောင်ကျတဲ့ နေရာ တွေအပြင်၊ အလင်းရောင်ကောင်းကောင်း ပေးရမယ့် နေရာတွေမှာလည်း မီးအလင်း အားစနစ်ကို ပိုမိုသုံးစွဲပေးသင့်ပါတယ်။
၅။ နောက်ဆုံးအရေးကြီးတဲ့ အချက် အနေနဲ့ကတော့ တကယ်အသုံးမလိုတဲ့ မီးဖိုချောင်ထဲက ပစ္စည်းတွေကို ဖယ်ရှား ပေးသင့်ပါတယ်။ တချို့ချက်ပြုတ်စရာ ခွက်ယောက်တွေက ၀ယ်တုန်းကတော့ ၀ယ်လိုက်တာပဲ။ ဒါပေမဲ့ အသုံးမပြုဖြစ် တာနဲ့ပဲ ချောင်ထိုးထားလိုက်ပါတယ်။ ဒီလိုမီးဖိုခန်းထဲမှာ ထားမယ့်အစား စတိုခန်း လိုနေရာ ဒါမှမဟုတ် တခြားအခန်းကျယ် နေရာတွေကို ရွှေ့ပြောင်းသင့်ပါတယ်။ နေရာကျဉ်းကျပ်တဲ့ မီးဖိုချောင်ငယ်လေး ဖြစ်တာကြောင့် တကယ်တမ်းကိုယ်ချက်ပြုတ် မယ်ဆိုတဲ့ ဟင်းပွဲနဲ့ စားစရာတွေအတွက်သာ လိုအပ်တဲ့ အသုံးအဆာင်ပစ္စည်းတွေကို သာထားပြီး အသုံးပြုသင့်ပါတယ်။ ဒီလိုမှ မဟုတ်ခဲ့ရင်လည်း ကိုယ်က မီးဖိုချောင်သုံး ပစ္စည်း ဆန်းဆန်းလေးတွေကို စုဆောင်း ရတာ ကြိုက်တတ်သူအဖို့ဆိုရင်တော့ တခြားအခန်းပိုလိုနေရာတွေမှာ စုဆောင်း သိမ်းဆည်းထားပြီးတော့ ကိုယ်တကယ် လိုအပ်တဲ့ အချိန်ကျမှသာ ထုတ်သုံးလိုက် တာက ပိုပြီးတော့ အဆင်ပြေစေပါတယ်။ နိစ္စဓူဝချက်ပြုတ်တဲ့ အလုပ်အတွက်တော့ နေ့တိုင်းအတွက်သာ လိုအပ်တဲ့ပစ္စည်းတွေ ကိုပဲ မီးဖိုခန်းထဲ ထည့်သွင်းအသုံးပြုဖို့ တိုက်တွန်းချင်ပါတယ်။
ရွှေဝတ်မှုံ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com