ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ ကာတွန်းကားလေးတွေထဲက ဘုရင့်သမီး တော်လေးတွေ၊ မင်းသမီးလေးတွေ အိပ်ကြတဲ့ ချစ်စရာကောင်းပြီး လှပတဲ့ အိပ်ယာလေးတွေမှာ အိပ်ချင်ပါတယ်ဆိုတဲ့ ငယ်ဘဝစိတ် ကူးလေးတွေ မက်ခဲ့ဖူးကြမှာပေါ့နော်။ ချစ်စရာကောင်းတဲ့ အိပ်ယာ ကုတင်လေးရယ်၊ မီးရောင်စုံလေးရယ်၊ အရုပ်ပိစိကွေးလေးတွေရယ်၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး လှလှကလေးတွေရယ်၊ စသဖြင့် အ ပြင်အဆင်လေးတွေက မင်းသမီးလေး တစ်ပါးအိပ်ယာကလေးအ တိုင်း ပြင်ဆင်တတ်ဖို့က ယနေ့လိုအချိန်မှတော့ အရမ်းကိုလွယ်ကူ သွားပါပြီ။
တီထွင်ဆန်းသစ်ပြီးထုတ်လုပ်လာတဲ့ အိမ်အလှဆင်ပစ္စည်းတွေက လည်းပေါများ၊ နောက်ပြီးပြင်ဆင်ရတဲ့ နည်းလမ်းကလေးတွေက လည်းလွယ်ကူသက်သာတော့ ဒီလိုမျိုးလှပပြီး ချစ်စရာကောင်းတဲ့ အိပ်ယာကလေးတွေပြင်ဆင်ဖို့ မခက်ခဲတော့ပါဘူး။ ဒီတော့ မင်းသ မီးလေးတစ်ပါး အိပ်ယာလေးလိုမျိုးရရှိအောင် ဘယ်လိုပြင်ဆင်ကြမ လဲဆိုတဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ဒီအိပ်ယာကလေးပြင်ဆင်ဖို့ဆိုရင်တော့ အဓိကကုတင်မွေ့ယာ အပြင်အဆင်အပြင်၊ အပေါ်ဘက်ကလွှမ်းခြုံကာရံပေမယ့် အဆောင် အယောင်ကလေးတွေက ပိုပြီးတော့ လိုအပ်ပါတယ်။ မွေ့ယာလေး ရဲ့ ခေါင်းရင်းပိုင်းအပေါ်ဘက်ကနေ တွဲလျားချထားတဲ့ ခြုံစောင်အမိုး စလေးက တကယ့်ကိုမင်းသမီးလေးတစ်ပါး အသုံးပြုမယ့် အပြင်အဆင်မျိုးဖြစ်ရပါမယ်။
လှပတဲ့ အရောင်နုနုကလေးတွေသုံးထားတဲ့ ပိုးပုဝါစ၊ ဒီဇိုင်းဆန်းဆန်းလေးပုံဖော်ထားတဲ့ လွှားစကလေးတွေ စ သဖြင့် ဖန်စီအလှဆင်ပစ္စည်းလေးတွေ ထည့်သွင်းပြီး အလှပြင်ဆင် ရပါမယ်။
၂။ အိပ်ယာခန်းတစ်ခုလုံးရဲ့ အသုံးအဆောင် အရောင်တွေကို လိုက် ဖက်ညီမှုရှိအောင် ရွေးချယ်တတ်ရပါမယ်။ မွေ့ယာ၊ ကုတင်၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးစသဖြင့် အရောင်လေးတွေအပြင် လိုက်ကာ၊ ခန်းစီး၊ အခင်း စတာတွေအတွက်လည်း အရောင်နုနုကလေးတွေနဲ့ လိုက်ဖက်အောင် ပြင်ဆင်ရမယ်။
တစ်ကိုယ်တည်းမှာ အိပ်ဖို့အတွက် ဖြစ်တာကြောင့် ကုတင်ကိုတစ်ယောက်စာလောက်ပဲ လုံလုံလောက် လောက် ပြင်ဆင်ထားရင် ရပါပြီ။ နူးညံ့အိစက်တဲ့ မွေ့ယာလေးရယ်။ အိပ်ယာပေါ်က ချစ်စရာခေါင်းအုံးလေးတွေရယ်၊ အမွှေးပွပွ အရုပ်က လေးတွေရယ်၊ နောက်ပြီး ထူးခြားတဲ့ခြင်ထောင်လွှားစလေး တွေ ရယ်က မင်း သမီးလေး တစ်ယောက်လိုအိပ်စက်ရမယ့် ခံစားမှုကို ပေးစွမ်းပေးမှာပါ။
၃။ မွေ့ယာ၊ အခင်း ကုတင်အပြင်အဆင်ပြီးတော့ အပေါ်ဘက်က ခြင်ထောင်၊ အမိုးလွှားစလေးပြင်ဆင်ပုံကို ပြောပြချင်ပါတယ်။ တချို့ က ခေါင်းရင်းဘက်နေပဲ တစ်စုတစ်စည်းချည်နှောင်ထားတဲ့ လွှားစ နဲ့ ခြင်ထောင်လေးတွေကို အမိုးနံရံမှာကပ်ပြီးတော့ ပြင်ဆင်တတ်ကြ သလို တချို့ကျတော့လည်း လေးဘက်လေးစင်ကုတင်ထောင့်ဘက် နေ ချည်နှောင်ပြီး ခြင်ထောင်လေးတွေ ပြုလုပ်တတ်ကြပါတယ်။
ဒီ ဇိုင်းလှပတဲ့ ပိုးသား၊ ဖဲသား၊ ဇာထိုးသား ၊ ခြင်ထောင်ဇာ စသဖြင့် လွှားခြုံဖို့ရွေးချယ်တတ်ဖို့လိုပါတယ်။ အနားလေးတွေနဲ့ အပြင်ဘက် လေးတွေမှာ ခရစ်စတယ်လေးတွေ၊ ဖဲပြားလေးတွေ နောက် မီး ရောင်စုံအလင်းလေးတွေ စသဖြင့် ပြင်ဆင်ပြီးတော့ ချစ်စရာကောင်း အောင် ဖန်တီးနိုင်ပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)