762 ကြိမ် ကြည့်ရှု့ ပြီး

ထူးခြားပြီးဆန်းပြားတဲ့ နာရီဒီဇိုင်းလေးတွေနဲ့ နေအိမ်နံရံတွေမှာ အလှဆင်ကြမယ်

 

အချိန်နာရီတွေဆိုတာသိပ်ကို တန်ဖိုးကြီးလွန်းလှပါတယ်။ ဘဝအ တွက်အရေးပါဆုံး အရာလည်းဖြစ်တယ်။ ဒီ့အတွက်ကြောင့်မို့လို့ နေ အိမ်တွေနဲ့ ကျွန်မတို့တွေနေထိုင်ရာ ပတ်ဝန်းကျင်နေရာတွေမှာ မှန် ကန်တိကျတဲ့ အချိန်စက်ဝိုင်းတွေရရှိဖို့ နာရီကောင်းကောင်းတွေ ထားရှိတတ်ကြပါတယ်။ ခမ်းနားကြီးကျယ်တဲ့ အိမ်ခန်းတွေ၊ ရုံးခန်း တွေနေရာတွေမှာ နာရီကောင်းကောင်းတစ်လုံး ချိတ်ဆွဲပြင်ဆင် ထားလိုက်မယ်ဆိုရင် တခြားအိမ်ခန်းအလှဆင်ပစ္စည်းတွေ ထပ်ပြီး ပြင်ဆင်စရာမလိုတော့ပါဘူး။
ဒီလိုမျိုး ခမ်းနားကြီးကျယ်ပြီး ထူးခြားလှပဒီဇိုင်းရှိတဲ့ နာရီတွေနဲ့ အိမ် ခန်းအပြင်အဆင်ကို တွဲဖက်ပြီးပြင်ဆင်လိုက်မယ်ဆိုရင်လည်း ဆွဲ ဆောင်မှုရှိတဲ့ နေအိမ်ခန်းအပြင်အဆင်ရရှိနိုင်ပါတယ်။ ဒီတော့ အိမ် ခန်းထဲက ထူးခြားတဲ့ဒီဇိုင်းရှိတဲ့ နံရံကပ်နာရီစက်သီးတွေနဲ့ အိမ်ရဲ့ အပြင်အဆင်ကို ဘယ်လိုမျိုးထူးထူးခြားခြားပြင်ဆင်လို့ရနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

ထူးခြားပြီးဆန်းပြားတဲ့ နာရီဒီဇိုင်းလေးတွေနဲ့ နေအိမ်နံရံတွေမှာ အလှဆင်ကြမယ်

 

၁။ နာရီတစ်လုံးအတွက် အဓိကလိုအပ်တဲ့ အစိတ်အပိုင်းတစ်ခု အဖြစ် နာရီစက်သီးအပြင် နာရီရဲ့ဒိုင်ခွက်ကို ဘယ်လိုပြင်ဆင်လို့ ရနိုင်မလဲဆိုတာ အရင် စဉ်းစားသင့်ပါတယ်။ အတွင်းပိုင်းက စက် သီးလည်ပတ်မှုကိုလူမမြင်နိုင်ပေမယ့်အပြင်က ဒိုင်ခွက်နဲ့ လက် တံလေးတွေ လှုပ်ရှားသွားလာမှုက မြင်သာတာကြောင့် အပြင် ပန်းဒိုင်ခွက်ကို စွဲဆောင်မှုရှိအောင် ပြင်ဆင်ထားသင့်ပါတယ်။

 

ထူးခြားပြီးဆန်းပြားတဲ့ နာရီဒီဇိုင်းလေးတွေနဲ့ နေအိမ်နံရံတွေမှာ အလှဆင်ကြမယ်



၂။ နေအိမ်တွေမှာ အသုံးမပြုတော့တဲ့ စက်ဘီးဝင်ရိုးတွေကို နာရီရဲ့ ဒိုင်ခွက်အဖြစ် ပြောင်းလဲအသုံးပြုပြီး အိမ်ရဲ့နံရံတွေမှာ နာရီတစ်လုံး လည်ပတ်မှုအဖြစ် ထားရှိအသုံးပြုနိုင်ပါတယ်။ ထူးခြားပြီး ဆန်းပြား တဲ့ စိတ်ကူးက စက်ဘီးဝင်ရိုး၊ နာရီလက်တံအဖြစ် သစ်သားပေတံ တစ်ချောင်းစီ၊ နောက်ဘက်က နာရီအရေအတွက်ဂဏာန်းအတွက် ကိုနံရံမှာ မြေဖြူ၊ ခဲတံတို့နဲ့ ရေးဆွဲထားတဲ့ ရောမသင်္ကေတဂဏာန်း တို့နဲ့ ပုံဖော်ဖန်တီးလိုက်မယ်ဆိုရင်လည်း သင့်အိမ်ရဲ့နံရံအတွက်  ထူးခြားတဲ့အပြင်အဆင်ကို ပြင်ဆင်ပြီးသား ဖြစ်သွားမှာပါ။

 

ထူးခြားပြီးဆန်းပြားတဲ့ နာရီဒီဇိုင်းလေးတွေနဲ့ နေအိမ်နံရံတွေမှာ အလှဆင်ကြမယ်



၃။ နေအိမ်တွေရဲ့ စင်ပေါ်တွေ၊ အိပ်ခန်း၊ စာကြည့်စားပွဲတွေမှာ အလှတင်ထားတဲ့ မိသားစု ဓာတ်ပုံ၊ ချစ်စရာအမှတ်တရပုံရိပ်တွေ ရိုက်ထားတဲ့ ဓာတ်ပုံမှန်ဘောင်လေးတွေကလည်း ဒီအတိုင်း နေရာ ယူထားမယ့်အစား နံရံမှာနေရာပြောင်းပြီး နာရီဂဏာန်းအရေအ တွက်လေးတွေအဖြစ် ပြောင်းပြီးထားကြည့်ပါလား။ အရေအတွက် ၁၂ ပုံကို နာရီ ၁၂ နာရီအဖြစ်ထားရှိပြီး ချိတ်ထားမယ်ဆိုရင် တစ်နာ ရီတိုင်းမှာ မိမိ မိသားစုဝင် သားသားမီးမီးလေးတွေရဲ့ ချစ်စရာဓာတ် ပုံလေးတွေကို အမှတ်တရကြည့်ဖြစ်နေမယ်ဆိုတော့ နာရီလည်း ကြည့်ဖြစ်သလို သားသမီးလေးတွေလည်း သတိတရဖြစ်တယ်။ နောက်ပြီး ဒီအပြင်အဆင်လေးက ပြင်ဆင်ရတာလွယ်ကူပြီး ထူးခြား စွဲဆောင်မှုလည်း ရှိပါတယ်။

 

ထူးခြားပြီးဆန်းပြားတဲ့ နာရီဒီဇိုင်းလေးတွေနဲ့ နေအိမ်နံရံတွေမှာ အလှဆင်ကြမယ်



၎။ နံရံကပ်၊ တိုင်ကပ်နာရီမှ မဟုတ်ပဲ စားပွဲတင်နာရီလေးတွေကို လည်း ထူးထူးထူးခြားခြား စိတ်ကူးပုံဖော်လို့ ရနိုင်ပါသေးတယ်။ စာကြည့်စားပွဲပေါ်မှာ တင်မယ့် ဈေးကွက်ထဲက အရွယ်တော်နာရီ လေးတစ်လုံးကို ကိုယ်ကိုတိုင်ဖန်တီးကြည့်လိုက်ပါ။

 

ထူးခြားပြီးဆန်းပြားတဲ့ နာရီဒီဇိုင်းလေးတွေနဲ့ နေအိမ်နံရံတွေမှာ အလှဆင်ကြမယ်

 

မိမိကြိုက်နှစ် သက်မယ့် အရောင်လေးတွေ သုတ်ခြယ်ထားတဲ့ အရွယ်တော် လေး ဒေါင့်ဘူးလေး သုံးခုပြုလုပ်ပါ။ နောက် အဲ့ဘူးလေးသုံးဘူးမှာ ကိုယ် လိုချင်တဲ့နာရီအရေအတွက် ဂဏာန်းတွေပုံဖော်ပြီး အလယ်လက် တံကိုထည့်သွင်းပြီး နာရီရွေ့လျားသွားစေနိုင်ပါတယ်။ ဒီလိုဆိုရင် ကိုယ့်ရဲ့စားပွဲလေးမှာ လှပတဲ့ လက်လုပ်နာရီလေး တစ်လုံးရရှိသွား ပြီပေါ့။

 

ထူးခြားပြီးဆန်းပြားတဲ့ နာရီဒီဇိုင်းလေးတွေနဲ့ နေအိမ်နံရံတွေမှာ အလှဆင်ကြမယ်

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


ငှါးရန်ရှိသော အိမ်ခြံမြေများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)