တချို့နေအိမ်တွေရဲ့လူမမြင်နိုင်တဲ့ ချောင်ကြားနေရာထဲမှာ ထည့် သိမ်းဆည်းထားတဲ့ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ တံခါးချပ်အဟောင်း တွေက အိမ်ရဲ့အလှဆင်ပြင်ဆင်မှုအတွက် ပံ့ပိုးပေးနိုင်လိမ့်မယ်လို့ စဉ်းစားမိကြမှာမဟုတ်ပါဘူး။
ဆန်းသစ်တဲ့ စိတ်ကူးနဲ့ဖန်တီးနိုင်မှု တွေက အသုံးမပြုတော့လို့ စွန့်ပစ်ထားတဲ့ တံခါးအဟောင်းတွေကို ပြင်ဆင်မွမ်းမံမှုတွေပြု လုပ်ပြီး အိမ်ရဲ့အတွင်းခန်း၊ အပြင်ဘက် အလှ ပြင်ဆင်မှုလုပ်ဆောင်နိုင်အောင် ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။
ဒီတော့ ချောင်ထဲမှာထိုးထားတဲ့ တံခါးချပ်၊ တံခါးရွက်တွေကို ထုတ် ပြီး ဘယ်လိုအလှဆုံးပြင်ဆင်မွမ်းမံပြီး အိမ်အလှအတွက် ပံ့ပိုးပြင် ဆင်ပေးမယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
၁။ ပျက်စီးနေတဲ့ တံခါးရွက်ကိုအနည်းငယ်သာ သန့်ရှင်းရေးလုပ်ပြီး အိမ်ရဲ့နံရံကျယ်ကျယ်မှာကပ်ထောင်ထားကာ အလှဆင်နိုင်ပါတယ်။ တကယ့်တံခါးပေါက်တစ်ခုလို အဝင်အဝနေရာလိုမျိုး ထင်ယောင် ထင်မှားဖြစ်စေနိုင်ကာ ဘေးဘက်နံရံမှာလည်း တံခါးချပ်နဲ့လိုက်ဖက် တဲ့ အဝင်အဝအလှဆင်ပစ္စည်းလေးတွေ ထားရှိပြင်ဆင်နိုင်ပါတယ်။
၂။ အိမ်ရဲ့အတွင်းခန်း အလှဆင်ပစ္စည်းအဖြစ် ပြန်လည်အသုံးပြုလို့ ရနိုင်တာက တံခါးချပ်တွေကို ပစ္စည်းတင်ထားစရာစင်လေးတွေအ ဖြစ် အသုံးပြုတာပါပဲ။ နံရံမှာကပ်ပြီးထောင်ထားကာ တံခါးရွက်ရဲ့ ပုံဖော်ထားတဲ့ အကွက်ငယ်လေးတွေထဲမှာ အလှတင်ပစ္စည်းလေး တွေ၊ အမှတ်တရပစ္စည်းတွေ စသဖြင့် အသုံးအဆောင်လေးတွေကို ထည့်သွင်းထားရှိနိုင်ပါတယ်။
နောက်ပြီးဓာတ်ပုံထည့်လို့ရနိုင်မယ့် ဓာတ်ပုံမှန်ဘောင်တွေအဖြစ်လည်း ပြောင်းလဲအသုံးပြုလို့ရနိုင်ပါ သေးတယ်။
၃။ ထမင်းစားစားပွဲခုံ၊ ဆက်တီစားပွဲ စသဖြင့်တို့အတွက် သီးသန့်ခုံ ရိုက်ပြင်ဆင်စရာမလိုပါဘူး။ ဟောင်းနွမ်းသွားလို့ဖြစ်စေ၊ အသုံးမလို တော့လို့ဖြစ်စေ ပစ်ထားတဲ့ တံခါးရွက်အဟောင်းက တစ်ခုခုတော့ ပြန်လည် အသုံးပြုလို့ရတဲ့အနေအထားမှာပဲ ရှိနေသေးရင်တော့ အ ခုလိုထမင်းစား စားပွဲခုံအလယ် အခင်းအဖြစ် ပြန်လည်အသုံးပြုနိုင် ပါတယ်။
၎။ ခြံဝင်းလေးထဲမှာ အပျင်းပြေစီးဖို့ ဒန်းလေးအဖြစ်လည်း ပြုလုပ်လို့ ရနိုင်မယ်ဆိုရင် သိပ်ကိုအံ့သြသွားမှာပါ။ သီးသန့် သစ်သားအသုံးပြု စရာမလိုပဲ တံခါးရွက်က သစ်သားအပိုင်းအစကိုပဲ ဒန်းအဖြစ်ပြောင်း လဲ ရိုက်ယူပြီး ဖန်တီးလို့ရနိုင်ပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)