1587 ကြိမ် ကြည့်ရှု့ ပြီး

ငွေကြေးကုန်ကျမများတဲ့ Handmade အိမ်အလှဆင်ပစ္စည်း လုပ်နည်း

 

အိမ်အလှပြင်ဆင်ခြင်းဆိုတာ ခက်ခက်ခဲခဲ ဖန်တီးပုံဖော်ရတဲ့ အနုပ ညာတစ်ခုလို့လည်း ဆိုလို့ရနိုင်ပါတယ်။ အိမ်တစ်အိမ်လုံးစာရဲ့ နေ ရာတိုင်းမှာ ကြည့်လို့ကောင်းမယ့် အနေအထားမျိုး ရောက်အောင် အိမ်ထောင်ပရိဘောဂတွေ ထားသိုခြင်းအပြင် အလှဆင်ပစ္စည်းလေး တွေနဲ့လည်း ဆင်ယင်ပြင်ဆင်ရပါတယ်။ ဒါက အနုပညာတစ်ခုပါပဲ။

ကိုယ့်လက်ထဲမှာရှိသမျှ အရာဝတ္ထုတွေကို ဘယ်လိုမျိုးပေါင်းစပ်ဖန် တီးပြီး နေအိမ်အလှဆင်ပစ္စည်းတွေအဖြစ် ပြုလုပ်ရမလဲဆိုတာ တ ကယ်တော့ စိတ်ကူးဥာဏ်ကွန့်ပြီးပုံဖော်ရတဲ့ အနုပညာဖန်တီးမှု တစ် ခုပါပဲ။ ချစ်စရာကောင်းပြီး လှလှပပလေးဖြစ်နေတဲ့ အိမ်အလှဆင် အရာဝတ္တုလေးတစ်ခုဖြစ်လာဖို့ ကုန်ကြမ်းပစ္စည်းတွေ အပြင် ပင် ကိုယ်အနုပညာဖန်တီးနိုင်တဲ့ အမြင်လည်းရှိဖို့လိုအပ်ပါတယ်။ ပစ္စည်း တွေရှိယုံနဲ့ စိတ်ကူးမကောင်း၊ ဖန်တီးမှုမကောင်းရင်လည်း လှပပြီး ချစ်စရာကောင်းတဲ့ အိမ်အလှဆင်ပစ္စည်းလေးတွေကို ရရှိလာမှာမ ဟုတ်ပါဘူး။
ဒီတော့ ဘယ်လိုအရာဝတ္တုလေးတွေကို ပေါင်းစပ်ဖန်တီးပုံဖော်ပြီး ချစ်စရာကောင်းတဲ့ အိမ်အလှဆင်ပစ္စည်းလေးတွေ ပြုလုပ်လို့ရနိုင် မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်မယ့်ပစ္စည်းတွေအနေနဲ့ အကြမ်းဖျင်းအားဖြင့် ပန်းအိုးလေး တွေ၊ ပန်းစည်း၊ ရောင်စုံဖယောင်းတိုင်၊ ဖဲကြိုးလေးတွေ၊ သစ်ခြောက် ပင်လေးတွေ၊ ပန်းပွင့်ခြောက်လေးတွေ၊ နောက်ပြီး ပုံဖော်ထားတဲ့ ဥ ရောင်စုံလေးတွေစသဖြင့် ပစ္စည်းလေးတွေကို ဆောင်ထားသင့်ပါ တယ်။

 

ငွေကြေးကုန်ကျမများတဲ့ Handmade အိမ်အလှဆင်ပစ္စည်း လုပ်နည်း



၁။ ရောင်စုံဆေးခြယ်ထားတဲ့ ဥလေးတွေကို ပန်းကွင်း၊ ပန်းကုံးလို ရောင်စုံ ဖဲပြားချည်ကြိုးနဲ့သီပြီးတော့ အလယ်ကလည်း ချစ်စရာ ကောင်းတဲ့ ပန်းပွင့်လေးတွေ၊ ပန်းပင်လေးတွေ ထည့်လိုက်မယ်ဆို ရင် အိမ်အဝင်အဝမှာ အလှချိတ်ထားလို့ ရနိုင်မယ့် ပန်းခွေလေးဖြစ် သွားပါပြီ။

 

ငွေကြေးကုန်ကျမများတဲ့ Handmade အိမ်အလှဆင်ပစ္စည်း လုပ်နည်း

 

နောက်နည်းလမ်းတစ်ခုအနေနဲ့က ကောက်ကွေးလို့ရနိုင် မယ့် နွယ်ခြောက်ပင်လေးတွေကလည်း အသုံးတည့်နိုင်ပါတယ်။ အပင်ခြောက်တွေကို ကိုယ်ကြိုက်နှစ်သက်တဲ့ ဒီဇိုင်းပုံစံလေးပုံဖော် ပြီး ကြားထဲမှာ ရောင်စုံပန်းပွင့်လေးတွေ ညှပ်ထည့်ထားမယ်ဆိုရင် လည်း လှပပြီးဆန်းပြားတဲ့ ပန်းခွေ၊ ပန်းကုံးလေးကို ရရှိနိုင်မှာပါ။

 

ငွေကြေးကုန်ကျမများတဲ့ Handmade အိမ်အလှဆင်ပစ္စည်း လုပ်နည်း



၂။ အိမ်ရဲ့ စားပွဲ၊ ထမင်းစားစားပွဲ၊ ကော်ဖီဆက်တီ၊ စာကြည့်စားပွဲ ပေါ်တွေမှာ အလှတင်ထားတဲ့ အလှဆင်ပစ္စည်းလေးတွေအတွက် ကိုယ်တိုင်ပြုလုပ်လို့ ရနိုင်မယ့်နည်းလမ်းလေးပါ။ ချစ်စရာကောင်းတဲ့ ပန်းအိုးလေးတွေထဲမှာ သာမန်ပန်းပွင့်လေးတွေမဟုတ်ပဲ အခုနက ပုံ ဖော်ဆေးခြယ်ထားတဲ့ ဥရောင်စုံလေးတွေထည့်မယ်။

 

 

ငွေကြေးကုန်ကျမများတဲ့ Handmade အိမ်အလှဆင်ပစ္စည်း လုပ်နည်း

 

နောက်ပြီး အ လှဆင်ထိုးနေကျ ပန်းပွင့်လေးတွေမဟုတ်ပဲ ထူးခြားတဲ့ အပင်ငယ် လေးတွေ၊ စားသောက်လို့ရတဲ့ သီးနှံပင်လေးတွေထည့်ပြီး ထိုးနိုင်ပါ တယ်။ ပန်းအိုးတွေမှမဟုတ်ပါဘူး။ အခုနောက်ပိုင်းမှာ ပန်းအိုးတွေ နေရာအစား အလှဗန်းခင်းထားပြီး အဲ့ဒီ ဗန်းထဲမှာမှ အလှဖယောင်း တိုင်လေးတွေ စိုက်ထားမယ်။ နွယ်၊ မြက်အပင်ငယ်လေးတွေ စိုက် ပျိုးအလှဆင်ထားမယ်ဆိုရင်လည်း ချစ်စရာကောင်းတဲ့ စားပွဲအပြင် အဆင်လေးကို ရရှိနိုင်မှာပါ။

 

ငွေကြေးကုန်ကျမများတဲ့ Handmade အိမ်အလှဆင်ပစ္စည်း လုပ်နည်း



၃။ အခန်းတိုင်းမှာ တပ်ဆင်ထားတဲ့ နေရောင်ကာ ခန်းစီးလိုက်ကာ လေးတွေအပြင်အဆင်အတွက် သာမန်မဟုတ်တဲ့ ကိုယ်တိုင်လုပ် လက်လုပ် အလှပစ္စည်းလေးတွေနဲ့ ပြင်ဆင်လို့ရနိုင်ပါသေးတယ်။ ချည်တို့ ပိတ်သားတို့နဲ့ မဟုတ်ပဲ ခရစ္စတယ်၊ ဖန်တီပစ္စည်းလေးတွေ ကို ပုတီးကုံးလို သီကုံးပြီး ပြုလုပ်နိုင်ပါတယ်။

 

ငွေကြေးကုန်ကျမများတဲ့ Handmade အိမ်အလှဆင်ပစ္စည်း လုပ်နည်း

 

ရောင်စုံ ပုတီးအစေ့ လေးတွေ၊ ချစ်စရာကောင်းတဲ့ ဖန်စီအစေ့လေးတွေ၊ နောက် လက် နဲ့ခေါက်ထားတဲ့ ပုံစံမျိုးစုံပုံဖော်ထားတဲ့ စက္ကူချပ်အပိုင်းအစလေး တွေ၊ ပန်းပွင့်ချပ်လေးတွေ၊ ချစ်စရာအရုပ်ပုံငယ်လေးတွေ စသဖြင့် ခန်းစီးလိုက်ကာ အသုံးပြုလို့ရသလို၊ အလှဆင်ပြီးသားလည်း ဖြစ် သွားနိုင်ပါတယ်။

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


ငှါးရန်ရှိသော အိမ်ခြံမြေများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)