ဧည့်ခန်း ( Living room)
သက်သောင့်သက်သာဖြစ်အောင် ဖန်တီးထားမှုဟာလန်းဆန်းတဲ့ ဧည့်ခန်း တစ်ခန်း ဖြစ်စေအောင် အပြာနဲ့အစိမ်းရော ယှက်ပြီးသင်ပြုလုပ်နိုင်တယ် ဆိုတာအတည်ပြုဖို့ဖြစ်တယ်။ ကြည့်လိုက်တာနဲ့ ကျေးလက်ဆန်တဲ့ ဟိုတယ်ခန်းတစ်ခု ထင်အောင်ဖန်တီးမယ်။ စပျစ်နွယ်တွေပုံတစ်ဖက်ကအစိမ်း။
တစ်ဖက် က အပြာအခက်ဖြာနေတဲ့ ပုံစံကိုရွေးချယ်မယ်၊ ပရိဘောဂတွေကို အရောင်အသွေး စုံလင်လိုက်ဖက်အောင်ရွေးချယ်မယ်။ သက်တံ့ရောင် ကျယ်ဝန်းတဲ့ အရောင်တွေဖြစ်အောင် စဉ်းစားသင့်ပြီးရောစပ်မယ်။ ဒါပေမဲ့လိုက်လျောညီထွေဖြစ်ပြီး လှုံ့ဆော်မှုပေးစေနိုင်ရပါမယ်။ နံရံနဲ့ပြတင်းပေါင်တွေကို အရောင်ရင့်ဆေးခြယ်ပြီး ကူရှင်ပုံစံတွေနဲ့လိုက်ဖက်နေရမယ်။ သိပ်သည်းမှုတွေ ထိုးဖောက်ဖြတ်လာတဲ့အလွှာတွေနဲ့ ရောယှက်မှုတွေဟာအား ကောင်းနေရပါမယ်။
အိပ်ခန်း (Bed room)
အွမ်ဘရီသုတ်ဆေး အစွမ်းထက်မှုနဲ့နံရံတွေကိုခြယ်သပြီး၊ အရောင်ချင်း ဆန့်ကျင်ဘက်ဖြစ်မှုကို ရှောင်ရှားကာအဆင့်မြင့်ဇိမ်ခံအသုံးဆောင်တစ်ခုဖြစ်စေဖို့ရည်ရွယ်တယ်။ အွမ်ဘရီသုတ်ဆေးရဲ့နည်းစနစ်နဲ့အရောင် ဖြာနေတဲ့သက်ရောက်မှုနဲ့စတင်မယ်။ တူညီတဲ့ တံဆိပ်အမျိုးအစား ဖြစ်တဲ့အရောင်သုံးရောင် (အရောင်ရင့်၊ အရောင်နုနဲ့အလယ်အလတ်အရောင်) ကိုရွေးချယ်ပြီး နံရံမှစတင်ဆေးခြယ်မယ်။ အရင့်ဆုံအရောင်ကိုအနားစွန်းတွေကနေ စ သုတ်မယ်။
သုတ်ဆေးဟာသစ်သားထည်တွေနဲ့လိုက်ဖက်ညီစေရပါမယ်၊ အရောင်ဖျော့တွေ ဟာ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ အွမ်ဘရီသုတ်ဆေး ကနေဖြာကျလာတဲ့သက်ရောက်မှုဟာ ကူရှင်တွေနဲ့အတူ ဆေးရောင်ခြယ်သထား သလိုဖြစ်စေရပါမယ်။ နတ်သမီး ပုံပြင်လိုခံစား ရစေဖို့အတွက်အောက်ခြေ၊ နောက်ခံနံရံနဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ခေါင်းဦးရှည်တွေကူရှင်တွေနဲ့ ကလိုက်ဖက်ညီရပါမယ်။
ကြမ်းခင်းကော်ဇော ဟာရွှေရောင်ခြယ်မှုန်းထား တဲ့ပုံစံကိုရွေးချယ်သင့်ပြီး၊� မီးဆိုင်း၊ စားပွဲတင်ခုံနဲ့ဖိနပ်များရဲ့ လိုက်လျောညီထွေဖြစ်မှုဟာ ကြည့်လိုက်ရုံနဲ့ သင့်အိပ်မက်တွေ အမှန်တကယ်ဖြစ်လာ ပြီလို့ထင်စေရပါမယ်။
ရေချိုးခန်း (Bathroom)
စိတ်ဓာတ်တက်ကြွစရာကောင်းတဲ့ လှုပ်ရှားသက်ဝင်နေတဲ့ ရေချိုးခန်းတစ်ခန်းကိုထင်ရှားတဲ့ ဂျီသြမေတြီနဲ့အရောင်တွေသုံးပြီးဖန်တီးမယ်။
သင့်ရဲ့ ဂရပ်ဖစ်ကိုဘယ်လိုရွေးချယ်မလဲ။ ပုံစံထုတ်ပြီးသားနံရံကပ်စက်ူတွေ၊ အရာတိုင်းဟာ ဦးဆောင်နိုင်ဖို့အတွက်ဖြစ်ရမယ်။
ဒီလိုရွေးချယ်ဖို့သတိ္တရှိဖို့လိုပေမယ့်လည်း သင့်ရဲ့အာရုံစေ့ဆော်မှုနောက်ကို လိုက်ပါ၊ နံရံကပ်စက်ူတွေဟာ အကောင်းဆုံး ပါပဲ။
ဒါပေမဲ့လည်း လေကောင်းလေသန့် အ၀င်အထွက်ကောင်းတဲ့ ရေချိုးခန်းတွေအတွက်တော့မလိုအပ်ပါဘူး။
ဒီနေရာမှာကျွန်တော့်အနေနဲ့ အ၀ါ နဲ့အပြာစပ်ရာဇမတ်ကွက်ပုံစံကိုအသုံး ပြုခဲ့ပါတယ်။ မပြီးဆုံးသေးတဲ့အချိန်မှာတောင်အားလုံးကိုလွှမ်းခြုံထားတာကပင်လယ်ပြာသက်ရောက်မှုရှိနေခဲ့ပါတယ်။
ဆေးခြယ်လို့ရနိုင်တဲ့နံရံကပ်စက်ူအဖျော့ဆုံးအရောင်တွေကိုရွေးချယ်ရပါမယ်။ (ဒီနေရာမှာအ၀ါရောင်ကိုရွေးထား တယ်)လွတ်လပ်စွာရပ်တည်နိုင်တဲ့ရေချိုး ခန်းဖြစ်နေရပါမယ်။
အခြားသောအ၀ါရောင် တွေပိတ်ဆို့ထားတာမျိုးမဖြစ်အောင်ရှောင်ကြဉ်ရပါမယ်။� ဆေးခြယ်နိုင်တဲ့မှန်ခန်း ငယ်နဲ့သစ်သားဖရိမ်တွေကိုနံရံကပ်စက်ူကပ်လိုက်မယ်။
ဘုတ်ပြားတွေရွေးချယ်ရာမှာလည်းရဲရင့်မှုရှိရပါမယ်။ အဖြူရောင်ကတော့ခေတ်နောက်ကျနေပါပြီ။ ကြမ်းခင်းအတွက်ကြီးမားတဲ့အရွယ်အစားဂျီသြမေတြီပုံစံတစ်ခုကိုရွေးမယ်။ ကြည့်လိုက်ရင်ရှုပ်ထွေး မှုမရှိအောင်လည်းရှောင်ကြဉ်ရပါမယ်။
မီးဖိုခန်း (Kitchen)
စွဲမက်ဖွယ်အရောင်အသွေးစုံကြွေပြား တွေရဲ့စင်တင်ပြသမှုနဲ့အတူအချိန်မဲ့ဇုန်အတွင်း ရောက်နေသလို ရသစုံမီးဖိုချောင်တစ်ခု ဖြစ်အောင်ဖန်တီးမယ်။ အကောင်းဆုံးနဲ့ အထင်ရှားဆုံးမျက်နှာပြင် တစ်ခုရွေးချယ်ခြင်းကနေစတင်မယ်။ သင်အထင်အရှား ပြသလိုတဲ့နေရာဟာ အနက်ရောင် ကင်းစင်စေရမှာဖြစ်ပါတယ်။ နောက်ထပ်တစ်ခုကတော့ သင့်ရဲ့အရောင်အသွေးစုံကြွေပြား တွေရွေးချယ်မှုပါပဲ။ ကြီးမားတဲ့အလှည့်အပြောင်းက အခုကနေစတင်ပါတယ်။ မှန်ကန်တဲ့ ရွေးချယ်မှုကရာစုနှစ်ပေါင်းများစွာ ခံအောင်ပြန်လည် ခံစားမှုပေးစွမ်းနိုင်ပါတယ်။
အဲ့ဒီအရာ တွေရဲ့ဆင်မြန်းလုပ်ဆောင်မှုဟာကြမ်းပြင်နဲ့ နံရံတွေပေါ်မှာကောင်းမွန်တဲ့ အကျိုးသက်ရောက်မှု ဖြစ်နေစေရပါမယ်။ နံရံပေါ်ဆေးခြယ်ဖို့အတွက်အရောင် တစ်ရောင် ကိုရွေးချယ်လိုက်ပါ။အခြားသော အရောင်သုံးရောင် သို့မဟုတ်လေးရောင်ကို အံဆွဲတွေစားပွဲနဲ့သစ်သားထည် အတွက်ရွေးချယ်လိုက်ပါ။ အကယ်၍သင့်မှာဆေး ရောင်အပြောက်အကျားတွေဖုံးအုပ်ထား တဲ့အသုံးမကျတဲ့မီးဖိုချောင်တစ်ခုအမွေဆက်ခံရရှိထား တယ်ဆိုရင်တော့အဲ့ဒါကိုမြေဖြူရောင်စုံတွေနဲ့ဆေးခြယ်လိုက်ပါ။
ဆယ်လီကူလန် မှ iMyanmarHouse.com အိမ်ခြံမြေ မဂ္ဂင်ဇင်း အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com