175 ကြိမ် ကြည့်ရှု့ ပြီး

ဆောင်းတွင်းမှာ နေအိမ်အစိတ်အပိုင်းတွေကို ပြုပြင်ထိန်းသိမ်းသင့်တယ်

 

ရာသီဥတုအပြောင်းအလဲမှာ ပတ်ဝန်း ကျင်အနေအထားပြောင်းလဲမှုတွေ ရှိသလို၊ လူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ တွေမှာလည်း ပြောင်းလဲတဲ့ခံစားမှုတွေကို ခံစားကြရပါတယ်။

ရာသီအကူးအပြောင်း မှာ အရာအားလုံးရဲ့ အခြေအနေတွေဟာ အနည်းငယ်စီ ကွဲပြားတတ်ကြပါတယ်။ အဲဒီအထဲက ကျွန်မတို့တွေ နေထိုင်တဲ့ နေအိမ်တွေလည်း ရာသီဥတုကိုလိုက်ပြီး ပြောင်းလဲမှုတွေကို ရှိကြပါတယ်။ အခုလို ဆောင်းရာသီကို ကူးပြောင်းချိန်မှာဆိုရင် တော့ အအေးဒဏ်ကို ခံစားကြရမယ်။ ခြောက်သွေ့မှုဒဏ်ကို ခံစားရကာ အိမ်ခေါင် မိုးတွေ၊ နံရံတွေ၊ ပြတင်းတံခါးတွေ၊ ကြမ်းခင်းတွေ၊ မျက်နှာ ကျက်တွေမှာ အစိုပြန်တာတွေ၊ ရေငွေ့ပြန် တာတွေ၊ အက်ကွဲ ပျက်စီးတာမျိုးတွေနဲ့ အခြားအိမ်အစိတ် အပိုင်း ပျက်စီးယိုယွင်းတာ မျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီအတွက်ကြောင့် ရာသီ အပြောင်းအလဲအချိန်မှာ နေအိမ်အတွင်း အပြင်မှာဖြစ်တတ်တဲ့ ပျက်စီးယိုယွင်းမှုတွေ နဲ့ ထိန်းသိမ်းမှုတွေအကြောင်းကို ဖော်ပြ ပေးလိုက်ပါတယ်။

ဆောင်းတွင်းမှာ နေအိမ်အစိတ်အပိုင်းတွေကို ပြုပြင်ထိန်းသိမ်းသင့်တယ်


အိမ်ရဲ့အပြင်ဘက်ကျတဲ့ အစိတ်အပိုင်း တွေကို စစ်ဆေးပါ။

အိမ်ခေါင်မိုးပိုင်းတွေ၊ ရေနုတ်မြောင်း တွေ ပြင်ဆင်ရတော့မယ်ဆိုရင် အိမ်ပိုင်ရှင် တွေ တော်တော်များများအတွက် အခက် အခဲဖြစ်ပေါ်စေပါတယ်။ အိမ်တွင်းခန်းက အိမ်သာ၊ ရေချိုးခန်း၊ မီးဖိုခန်းနဲ့ အတွင်း ခန်းအပိုင်းတွေက ဖြစ်ပေါ်လာတဲ့ အပျက် အစီးတွေကို အလွယ်တကူနဲ့ အဆင်ပြေ ပြေဖြေရှင်းနိုင်ပေမယ့်လည်း အိမ်အပြင် ဘက်က အပျက်အစီးတွေကျတော့ ဖြေရှင်း ဖို့ မလွယ်ကူကြတာကို သိထားကြသော် လည်းပဲ အမြဲလိုလို ဂရုစိုက်ပြင်ဆင်ကြဖို့ သတိမထားမိကြပါဘူး။ မိုးဦးမကျခင် ဆောင်းတွင်းဘက်နဲ့ နွေအချိန်တွေက အိမ်အတွက် လိုအပ်တဲ့ အစိတ်အပိုင်း ပြင်ဆင်မှုတွေ အကောင်းဆုံး လုပ်ဆောင် ရမယ့် အချိန်လည်း ဖြစ်ပါတယ်။ အပူချိန် သုညဒီဂရီအောက်နဲ့ အအေးဒဏ် လွန်ကဲ တဲ့ ဒေသတွေမှာဆိုရင် အရွယ်အစားကြီး လွန်းတဲ့ ဆီးနှင်းခဲတွေ ကျဆင်းမှုကြောင့် အိမ်ခေါင်မိုးတွေ ပေါက်ပြဲပျက်စီးမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ တစ်နေကုန်နီးပါး ဆီးနှင်းတွေ ကျဆင်းတာကြောင့် အိမ်ခေါင် မိုး ဆီးနှင်းယိုကျတာတွေ ရေတွေ စိမ့်တာ တွေကို ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်သင့် ပါတယ်။ ဆွေးမြေ့ပြီး သံချေးတက်နေတဲ့ သွပ်ပြားခေါင်မိုးချပ်တွေ၊ ကွဲအက်နေတဲ့ အုတ်ကြွပ်ချပ်တွေကို ခိုင်ခံ့ပြီး အကြမ်းခံ တဲ့ အိမ်ခေါင်မိုးတွေနဲ့ အသစ်လဲလှယ် တပ်ဆင်သင့်ပါတယ်။

ဆောင်းတွင်းမှာ နေအိမ်အစိတ်အပိုင်းတွေကို ပြုပြင်ထိန်းသိမ်းသင့်တယ်


ရေနုတ်မြောင်းတွေ၊ ရေမြောင်းကျယ် တွေ ပြုပြင်ပါ။

အိမ်ရှေ့၊ အိမ်နောက်ဖေး၊ ခြံဝင်းအတွင်း နဲ့ ခြံဝင်းအပြင်ဘက်မှာရှိတဲ့ ရေနုတ်မြောင်း တွေ၊ ရေစီးမြောင်းတွေကို တူးဖော်ပါ။ ခြောက်သွေ့တဲ့ ရာသီဖြစ်တာကြောင့် ရေနုတ်မြောင်းတွေ၊ မြောင်းပေါက်တွေထဲ အမှိုက်သရိုက်နဲ့ တခြားစွန့်ပစ်ပစ်္စည်းတွေ ပိတ်ဆို့နေတတ်ပါတယ်။ ဒီလိုအချိန်မှာ ဆီးနှင်းတွေ ကျဆင်းမှုကြောင့် မြောင်းတွေ ထဲမှာ ရေ၀င်ပြီး ဗွက်တွေ၊ ရေအိုင်ငယ်တွေ။ ရွံ့အိုင်တွေဖြစ်သွားရင် ပြန်လည်ရှင်းလင်း ရ ခက်ခဲတတ်ပါတယ်။ ဒါကြောင့် ဆောင်း ၀င်အချိန်မှာကတည်းက အမှိုက်သရိုက်တွေ ကို ရှင်းလင်းပါ။ ရေ၀ပ်စေမယ့် ချိုင့်ခွက်တွေ၊ ရေနုတ်မြောင်းငယ်တွေကို မြေဖို့ပါ။ ရေစီး ရေလာကောင်းအောင် ရေမြောင်းတွေကို ပြုပြင်တူးဖော်ပါ။

 

ဆောင်းတွင်းမှာ နေအိမ်အစိတ်အပိုင်းတွေကို ပြုပြင်ထိန်းသိမ်းသင့်တယ်အိမ်ခေါင်မိုးရေတစ်လျှောက်တွေ၊ ရေဆင်းပိုက်တွေ ပြုပြင်ခြင်း၊ ရှင်းလင်း ခြင်းတွေ လုပ်ဆောင်ပါ။

ဆီးနှင်းထူထူကျဆင်းတဲ့ ဒေသတွေရဲ့ ဆောင်းရာသီက မိုးရာသီလိုပါပဲ။ ဆီးနှင်း ရေစက်ရေပေါက်တွေက ရေခံယူလို့ရပါ တယ်။ ဆီးနှင်းထူထူက အိမ်ခေါင်မိုးထက် ကျဆင်းပြီး အရည်ပျော်ကာ ရေစီးဆင်း ပါတယ်။ ဒီအချိန်မှာ နွေတုန်းက အိမ်ခေါင် မိုးပေါ် တင်ကျန်နေတဲ့ အမှိုက်သရိုက်၊ ဖုန်မှုန့်တွေနဲ့ သစ်ရွက်ခြောက်တွေက ရေစီးဆင်းတဲ့အခါ ပိတ်ဆို့မှုနဲ့ ညစ်ညမ်း မှုတွေ ဖြစ်လာစေနိုင်ပါတယ်။ အဲဒါကြောင့် ကြိုတင်ပြီး ခေါင်မိုးပေါ်က အမှိုက်သရိုက် တွေကို ရှင်းလင်းထားသင့်ပါတယ်။

မှန်တံခါးပေါက်တွေ၊ ပြတင်းတံခါးပေါက် တွေကို ရာသီဥတုဒဏ်ခံနိုင်ရည်နဲ့ အပြောင်းအလဲရှိမရှိကို ဂရုစိုက်စစ်ဆေးပါ။

ရာသီဥတုအပြောင်းအလဲကြောင့် အပူအအေးအခြေအနေတွေ ရုတ်ချည်း ပြောင်းလဲမှုကို အသိသာဆုံး စစ်ဆေးနိုင် တာက အိမ်ရဲ့ နံရံတွေနဲ့ ပြတင်းမှန်၊ တံခါးမှန်တွေပါပဲ။ တစ်အိမ်လုံးမှာရှိတဲ့ အခန်းတွင်းအပူချိန် ၄၀ ရာခိုင်နှုန်းနီးပါးက နံရံနဲ့ ပြတင်းမှန်ချပ်တွေမှာရှိပါတယ်။ အေးလွန်းတာပဲဖြစ်ဖြစ်၊ ပူလွန်းတာပဲဖြစ် ဖြစ် ပြတင်းတံခါးမှန်ချပ်တွေမှာ အပြောင်း အလဲဖြစ်ပေါ်နိုင်ပါတယ်။ အေးလွန်းတာ ကြောင့် ရေငွေ့ရိုက်ပြီး မှုန်ဝါးတာတို့၊ အစိုပြန်တာတို့၊ နောက်ပြီး အခန်းထဲပေး ထားတဲ့ အပူငွေ့နဲ့ အပြင်ဘက်က ဆီးနှင်း ငွေ့တွေကြောင့် အပူအအေး မျှတမှုမရှိဘဲ ကွဲအက်တာတွေ၊ အက်ကြောင်းထတာ တွေ နောက်ေ၀၀ါးသွားတာတွေ ဖြစ်လာစေ နိုင်ပါတယ်။ ဒါကြောင့် အက်ကွဲပျက်စီး ခြင်းတွေ မရှိအောင် ရာသီဥတုအပူချိန်ကို လိုက်ပြီး အပူအအေးကို ချိန်မျှပေးရပါ မယ်။ ဖန်ချပ်တွေ၊ မှန်တွေ ကြည်လင် တောက်ပစေဖို့အတွက် သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာဆီတွေ၊ သန့်စင်ဆေးရည်တွေကို သုံးစွဲသင့်ပါတယ်။

ဆောင်းတွင်းမှာ နေအိမ်အစိတ်အပိုင်းတွေကို ပြုပြင်ထိန်းသိမ်းသင့်တယ်

ရွှေဝတ်မှုန်  မှ  iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com


ငှါးရန်ရှိသော အိမ်ခြံမြေများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)