တစ်ထပ်တိုက်လုံးချင်းအိမ်မဟုတ်ပဲ အထပ်အိမ်တွေမှာနေထိုင်သူ တွေအတွက် အပေါ်အထပ်တိုင်းကို တက်ရမယ့် လှေကားလေးတွေ တော့ရှိကြမှာပါ။
အများအားဖြင့် အဲ့ဒီလှေကား အောက်လိုနေရာမျိုး တွေက လွတ်လွတ်နေတတ်ပါတယ်။
အိမ်အပြင်အဆင် ထားသိုရ တာဝါသနာပါပြီးစနစ်တကျနဲ့ သတ်သတ်ရပ်ရပ်နေရတာကြိုက်တဲ့ သူတွေအတွက်တော့ ဒီလှေကားအောက်နေရာထားသိုမှုက မျက်စိ ရှုပ်ပြီး အတော်လေးဘဝင်မကျဖြစ်ရပါတယ်။
ဒီနေရာလွတ်က လူခြေနင်းတဲ့လှေကားအောက်ဖြစ်နေတာကြောင့် ဘယ်လိုနေရာထိုင်ခင်းဖွဲ့စည်းမှုမျိုးမှ မလုပ်တတ်ကြပါဘူး။
အချို့ သောအလင်းရောင် ဝင်နည်းတဲ့ အိမ်တွေမှာဆိုရင် ယင်းနေရာတွေ က အမှောင်ခန်းသဖွယ်ဖြစ်နေပြီး အမှိုက်သရိုက်များ၊ အမှုန်အမွှား များနဲ့
အချို့ဆို ပိုးကောင်းပိုးမွှားများနေထိုင်တတ်ကြကာ စွန့်ပစ်အ မှိုက်ပုံနေရာကြီးသဖွယ်ဖြစ်နေပါတယ်။
ဒီ့အတွက် တွေးရခက်ခဲနေတဲ့ အိမ်ရှင်မတွေအတွက် အိမ်ရဲ့လှေ ကားချောင်လေးနေရာကို လှပတဲ့ဖွဲ့စည်းမှုအပိုင်းလေးတွေနဲ့
အဆင် ပြေသလိုပြင် ဆင်ပေးနိုင်ဖို့ အောက်ပါချစ် စဖွယ်ပုံလေးတွေကိုဖော် ပြပေးလိုက်ပါတယ်။
Credit : iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)