653 ကြိမ် ကြည့်ရှု့ ပြီး

သာမန်နဲ့မတူထူးခြားပြီး ခမ်းနားတဲ့အနက်ရောင်စံအိမ်ကြီးတွေ

 

 

နေအိမ်တွေနဲ့ အိမ်ပိုင်ရှင်တွေအများစု ကြိုက်နှစ်သက်ကြတဲ့ အ ရောင်လေးတွေဖြစ်တဲ့ အလင်းဘက်သွားတဲ့ အရောင် အဖြူရောင်၊ အနီရောင်၊ ပန်းရောင်၊ အစိမ်းရောင် စသဖြင့်အရောင်လေးတွေနဲ့ သုတ်ခြယ်ပြီးဆောက်လုပ်ထားတဲ့ နေအိမ်လေးတွေက ချစ်စရာ ကောင်းပြီးနေ ချင်စရာကောင်းသလို ခမ်းနားလှပတည်ငြိမ်ပြီး စွဲ ဆောင်မှုရှိတဲ့ အနက်ရောင်အိမ်တွေကလည်း ဘယ်လိုမျိုးကြည့် ကောင်းသလဲဆိုတာနဲ့ ကွဲပြားတဲ့ခံစားမှုတစ်မျိုးကို ပေးစွမ်းနိုင်သလဲ ဆိုတာကို ကြည့်ရအောင်…

 

သာမန်နဲ့မတူထူးခြားပြီး ခမ်းနားတဲ့အနက်ရောင်စံအိမ်ကြီးတွေ

အိမ်ပိုင်ရှင်တွေတော်တော်များများက အိမ်ကိုအနက်ရောင်ဆေး သုတ်ဖို့ စိတ်ကူးမရှိကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အနက်ရောင် ဆိုတာက မကောင်းတဲ့အတိတ်နမိတ်တို့ရှိတယ်ဆိုတဲ့ ယူဆချက် ကြောင့်ပါပဲ။ ဒါပေမယ့်လည်း အနက်ရောင်သုတ်ထားတဲ့ အခုဒီနေ အိမ်တွေက အရမ်းကိုခမ်းနားကြီးကျယ်လွန်းပြီး ကြည့်ကောင်းနေ တာကို တွေ့ရပါလိမ့်မယ်။

 

သာမန်နဲ့မတူထူးခြားပြီး ခမ်းနားတဲ့အနက်ရောင်စံအိမ်ကြီးတွေ



အမှောင်၊ အရိပ်ကျ တဲ့ဘက်ကိုသွားတဲ့ ခံစားမှုအရောင်ဖြစ်တာ ကြောင့် အိမ်မှာနေထိုင်မယ့်သူတွေက စိတ်အေးလက်အေး တိတ် တိတ်ဆိတ်ဆိတ်နေထိုင်ရတာကို သဘောကျနှစ်ခြိုက်တတ်သူတွေ ဖြစ်ကြပါလိမ့်မယ်။

 

သာမန်နဲ့မတူထူးခြားပြီး ခမ်းနားတဲ့အနက်ရောင်စံအိမ်ကြီးတွေ



အပြင်ကကြည့်လိုက်ရင် လူရှိန်သွားလောက်အောင် ခမ်းနားကြီး ကျယ်လွန်းပြီး အတွင်းခန်းတွေမှာလည်း တောက်ပြောင်နေတဲ့ အနက်ရောင် ပရိဘောဂပြင်ဆင်တည်ဆောက်မှုတွေကြောင့် အိမ် ရဲ့ တန်ဖိုးနဲ့သက်တမ်းထိန်းသိမ်းမှုလေးစားသွားကြမှာဖြစ်ပါတယ်။

 

သာမန်နဲ့မတူထူးခြားပြီး ခမ်းနားတဲ့အနက်ရောင်စံအိမ်ကြီးတွေ



များသောအားဖြင့် ဒီလိုမျိုး အနက်ရောင်အိမ်တွေရဲ့တည်ဆောက်မှု ပုံစံက နှစ်လုံးတွဲတိုက်တွေနဲ့ ရဲတိုက်ပုံစံ၊ နန်းတော်ပုံစံ အမိုးချွန်ချွန် ဒီဇိုင်းတွေကို ဆောက်လုပ်ကြတာများပါတယ်။ နှစ်သက်တမ်း ကြာ ရှည်ခိုင်ခံ့တဲ့ သစ်သား၊ ကျွန်းသစ်တွေကို ယခင်ကတော့ ရေနံချေး လိုမျိုး အိမ် သုတ်ဆေးတွေနဲ့သုတ်ကြပြီး အခုနောက်ပိုင်းမှာတော့ ခေတ်မီတဲ့ အိမ်သုတ်ဆေးအနက်ရောင်တွေနဲ့ သုတ်လာကြတာ တွေ့ရပါတယ်။

 

သာမန်နဲ့မတူထူးခြားပြီး ခမ်းနားတဲ့အနက်ရောင်စံအိမ်ကြီးတွေ



တချို့အိမ်တွေကျတော့လည်း သစ်သားအိမ်ကြီးတွေမဟုတ်ပဲ အုတ် ကြွပ်တို့၊ အုတ်လွှာအချပ်တို့နဲ့ တိုက်အိမ်၊အုတ်အိမ်တို့ အဖြစ်တည် ဆောက်လာကြတာကိုလည်း တွေ့နိုင်ပါတယ်။

 

သာမန်နဲ့မတူထူးခြားပြီး ခမ်းနားတဲ့အနက်ရောင်စံအိမ်ကြီးတွေ



အိမ်ရဲ့အပြင်ဘက်တင် အနက်ရောင်အဖြစ်မြင်တွေ့ရမှာမဟုတ်ပဲ အတွင်းထဲက အိမ်ထောင်မှု ပရိဘောဂနဲ့ အခန်းဖွဲ့တည်ဆောက်မှု အားလုံးကလည်း အနက်ရောင်ချည်းသက်သက်ဖြစ်နေတာက လည်းပိုပြီး လိုက်ဖက်မှုရှိနေတာကို တွေ့ရပါတယ်။

 

သာမန်နဲ့မတူထူးခြားပြီး ခမ်းနားတဲ့အနက်ရောင်စံအိမ်ကြီးတွေ



သာမန် ဖြူနီပြာ ဝါရောင် စုံတိုက်နေအိမ်တွေကြားထဲကနေမှ ခမ်းနားကြွားဝါးလွန်း တဲ့ အနက်ရောင်အိမ်တွေက ထူးခြားပြီးပေါ်လွင်နေတာ လည်းဖြစ် ပါတယ်။.

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)