351 ကြိမ် ကြည့်ရှု့ ပြီး

ကိုကာကိုလာ အမှတ်တရ ပစ္စည်းတွေကို အိမ်အလှဆင် ရာမှာ အသုံးပြုခဲ့

အမှတ်တရ ပစ္စည်း စုဆောင်းသူတွေဟာ သူတို့ရဲ့ပစ္စည်းတွေကို မူရင်းပုံစံ ပျက်မသွားအောင် ထိန်းသိမ်းလေ့ ရှိပေမယ့် အိုင်းရစ် အမျိုးသမီး တစ်ဦး ကတော့ ဒေါ်လာငွေ သောင်းနဲ့ ချီပေးပြီး စုဆောင်း ထားတဲ့ ပစ္စည်းတွေကို မူရင်း လက်ရာတွေနဲ့ နေအိမ်မှာ အလှ ဆင်ယင်မှု ပြုလုပ်ခဲ့ ပါတယ်။

 

ကိုကာကိုလာ အမှတ်တရ ပစ္စည်းတွေကို အိမ်အလှဆင် ရာမှာ အသုံးပြုခဲ့


လီလီအန်ဟာ ကမ္ဘာ့ နာမည် အကြီးဆုံး အမှတ်တံဆိပ် ဖြစ်တဲ့ ကိုကာကိုလာ အချိုရည်ကို အလွန် နှစ်သက်သူ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့နှစ် (၃၀) မှာ ဂျာမနီကနေ သြစတြီးယားကို ခရီးသွားခဲ့ရာမှာ ကိုကာကိုလာ အချိုရည်ကို သောက်ခဲ့ ပါတယ်။

 

ကိုကာကိုလာ အမှတ်တရ ပစ္စည်းတွေကို အိမ်အလှဆင် ရာမှာ အသုံးပြုခဲ့


နိုင်ငံနှစ်ခု ကွာခြားသွားပေမယ့် ကိုကာကိုလာ အချိုရည် အရသာက ကွဲပြား သွားခြင်း မရှိပါဘူး။ ဒါကြောင့် လီလီအန်ဟာ ကိုကာကိုလာ အချိုရည်ကို အလွန် နှစ်သက် သွားပြီး ကိုကာကိုလာနဲ့ ပတ်သက်တဲ့ အမှတ်တရ ပစ္စည်းတွေကို သိမ်းဆည်းခဲ့ ပါတယ်။ ဒီနောက် လီလီအန်ဟာ ပြီးခဲ့တဲ့ (၂၈) နှစ်တာ ကာလ အတွင်း ကိုကာကိုလာနဲ့ ပတ်သက်တဲ့ ပစ္စည်း တွေကို နည်းအမျိုးမျိုးနဲ့ သိမ်းဆည်းခဲ့ပါတယ်။

 

ကိုကာကိုလာ အမှတ်တရ ပစ္စည်းတွေကို အိမ်အလှဆင် ရာမှာ အသုံးပြုခဲ့


လီလီအန်ဟာ နေအိမ်ကို အလှဆင်ရာမှာ ကိုကာကိုလာ လိုဂို အရောင် ပုံစံဖြစ်အောင် အတွင်းပိုင်းကို အနီနဲ့ အဖြူကို ခြယ်သခဲ့ပါတယ်။ အိမ်ခန်းက အစ မီးဖိုချောင် အဆုံး ကိုကာကိုလာ ပစ္စည်းတွေ အသုံးပြုပြီး အလှ ဆင်ယင်မှု ပြုလုပ်ခဲ့ ပါတယ်။ အချို့ ပစ္စည်း တွေကို ပြုပြင်ပြီး အလှဆင်မှု ပြုလုပ်ခဲ့ပါတယ်။ လီလီအန်ဟာ တစ်အိမ်လုံးကို ကိုကာကိုလာ အမှတ်တရ ပစ္စည်းတွေနဲ့ အလှ ဆင်ယင်ခဲ့ တာကြောင့် ပတ်ဝန်းကျင်ရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။

 

ကိုကာကိုလာ အမှတ်တရ ပစ္စည်းတွေကို အိမ်အလှဆင် ရာမှာ အသုံးပြုခဲ့


Credit: messenger


ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)