အိမ်တစ်အိမ်ကိုဝင်လိုက်တာနဲ့ အရင်ဦးဆုံးသတိထားမိမှာက အိမ်ရဲ့ ဘေးနံရံတွေနဲ့ ဦးခေါင်းအမိုးမျက်နှာကျက်တွေပါပဲ။ အိမ်ရဲ့ကျက်သ ရေဆောင် ဧည့်ခန်းတွေရဲ့ ခမ်းနားလှပမှုကို ပိုပြီးလှပလာစေအောင် အဓိကပံ့ပိုးပေးတဲ့အစိတ်အပိုင်းကတော့ မျက်နှာကျက်တွေပါပဲ။
အ ချို့အိမ်ပိုင်ရှင်တွေက မျက်နှာကျက်ကိုအလှဆင်မယ်ဆိုရင် အလင်း ဘက်ကိုသွားတဲ့ အဖြူရောင်နဲ့ အရောင်ဖျော့ဖျော့လေးကို ပိုပြီးသုံး ကြတာများပါတယ်။
ခေတ်ပေါ်ဆန်းသစ်တီထွင်ထားတဲ့ အိမ်အလှဆင်ပစ္စည်းတွေကလည်း ဒီဇိုင်းဆန်းသစ်လှပပြီး အလွယ် တကူလည်း ပြင်ဆင်လို့ရတာကြောင့် နေအိမ်တွေတော်တော်များ များရဲ့ မျက်နှာကျက်တွေမှာ အလှဆင်လာကြတာဖြစ်ပါတယ်။
နံရံကပ်စက္ကူဒီဇိုင်းးဆန်းဆန်းလေးတွေ၊ ခမ်းနားပြီးလှပတဲ့ မီးဆိုင်း လေးတွေ၊ ရောင်စုံစတေကာလေးတွေနဲ့ မျက်နှာကျက်မှာကပ်ပြီး အလှ ဆင်လို့ရနိုင်ပါတယ်။
နောက်ပြီး အိမ်ခန်းအနေအထား ပုံစံအ လိုက်ဆေးရောင်လေးတွေကိုလည်း သုတ်ခြယ်ပြင်ဆင်နိုင်ပါ သေး တယ်။ လှပတဲ့ဆေးရောင်လေးတွေ၊ အလင်းဘက်ကိုသွားတဲ့ဆေး ရောင်လေးတွေက အခန်းရဲ့အလင်းအားကိုပိုပြီးတော့အားကောင်း စေပါတယ်။
ညဘက်အခါ အလင်းအားကောင်းတဲ့ မီးဆိုင်းတွဲက ကျလာတဲ့အလင်းအားက အခန်းတစ်ခုလုံးကို လင်းထိန် သွားစေပြီး နွေးထွေးတဲ့ခံစားမှုကိုရရှိစေမှာဖြစ်ပါတယ်။
မျက်နှာကျက်မှာ ချိတ်ဆွဲမယ့်မီးဆိုင်းတွဲလေးတွေ၊ ဖန်စီ အလှဆင် ပစ္စည်း လေးတွေကို အခန်းရဲ့အပြင်အဆင်၊ ကြမ်းပြင်ခင်းကျင်းမှု၊ ဘေးဘက်နံရံပြင်ဆင်ထားမှုတွေနဲ့ လိုက်ဖက်ညီမှုရှိအောင်ရွေး ချယ်ပြီး အလှဆင်ပြင်ဆင်လို့ရနိုင်ပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)