669 ကြိမ် ကြည့်ရှု့ ပြီး

ဝရန်တာနဲ့ခြံဝင်းလေးထဲမှာ လှပတဲ့ပန်းပင်လေးတွေစိုက်ပျိုးပြီး ချစ်စဖွယ် အိမ်လေးဖြစ်လာအောင် အလှဆင်ကြည့်ရအောင်

 

သင့်ရဲ့လှပအိမ်လေးကို ဘယ်လိုပြင်ဆင်ထားသလဲ။ အိမ်ခန်းတွေကော၊ အိမ်အပြင်ဘက်တွေကော၊ ခြံဝင်းလေးကောပေါ့။ လှပတဲ့အပြင်အဆင် လေးတွေကြောင့် အိမ်ထဲမှာ နေထိုင်ကြတဲ့ သင်တို့မိသားစုဝင်တွေကော၊ သင့်အိမ်လာလည်တဲ့ ဧည့်သည်တွေကော သဘောကျနှစ်သက်ကြမှာ ဖြစ် ပါတယ်။ အခုတစ်ခါထပ်ပြီး ဖော်ပြပေးမယ့် အိမ်အလှအပြင်အဆင်လေးက သင့်အိမ်ရှေ့ကဖြတ်လျှောက်သွားတဲ့သူတိုင်းကို စွဲဆောင်ပြီးသဘောကျနှစ် သက်သွားစေမယ့် အပြင်အဆင်လေးပဲဖြစ်ပါတယ်။

 

ဝရန်တာနဲ့ခြံဝင်းလေးထဲမှာ လှပတဲ့ပန်းပင်လေးတွေစိုက်ပျိုးပြီး ချစ်စဖွယ် အိမ်လေးဖြစ်လာအောင် အလှဆင်ကြည့်ရအောင်


အိမ်ရဲ့ဝရန်တာလေးမှာ အခုလိုလှပပြီးချစ်စရာကောင်းတဲ့ ရောင်စုံပန်းပင် လေးတွေ စိုက်ပျိုးထားမယ်ဆိုရင် သင့်အိမ်လေးရဲ့အပြင်ဘက်မြင်ကွင်းလေး ကချစ်စရာကောင်းနေမှာပါ။

 

ဝရန်တာနဲ့ခြံဝင်းလေးထဲမှာ လှပတဲ့ပန်းပင်လေးတွေစိုက်ပျိုးပြီး ချစ်စဖွယ် အိမ်လေးဖြစ်လာအောင် အလှဆင်ကြည့်ရအောင်


အပေါ်ထပ်အောက်ထပ်ဖြစ်နေတဲ့ ဝရန်တာလေးတွေကို အပေါ်အောက် ဆက်စပ်ပြီးတွဲလောင်းချ စိုက်ပျိုးထားတဲ့ ပန်းဆိုင်းလေးတွေနဲ့ အဆုပ်လိုက် ပွင့်နေတဲ့ စက္ကူပန်းချပ်အပင်လေးတွေကို စိုက်ပျိုးပြီး အလှဆင်နိုင်ပါတယ်။

 

ဝရန်တာနဲ့ခြံဝင်းလေးထဲမှာ လှပတဲ့ပန်းပင်လေးတွေစိုက်ပျိုးပြီး ချစ်စဖွယ် အိမ်လေးဖြစ်လာအောင် အလှဆင်ကြည့်ရအောင်


အိမ်ရဲ့အဝင်အဝမှာဖြစ်ဖြစ်၊ အိမ်ဘေးပတ်လည်အုတ်နံရံကပ်နေရာတွေမှာ ဖြစ်ဖြစ်၊ အိမ်အပေါ်ဘက် လသာဆောင်၊ ဝရန်တာလိုနေရာတွေမှာဖြစ်ဖြစ် ၊ တံခါးပေါက်နေရာတွေမှာ ပန်းပွင့်အားကောင်းတဲ့ အပင်အမျိုးအစားတွေကို တစ်မျိုးစီ၊ တစ်ရောင်စီနဲ့ ခွဲခြားပြီး စိုက်ပျိုးလိုက်မယ်ဆိုရင် ပန်းပင်လေးတွေနဲ့ တကယ်ကိုလှပပြီး နေချင်စရာကောင်းတဲ့ နေအိမ်လေးတစ်အိမ်ဖြစ်သွားမှာ ပါ။

 

ဝရန်တာနဲ့ခြံဝင်းလေးထဲမှာ လှပတဲ့ပန်းပင်လေးတွေစိုက်ပျိုးပြီး ချစ်စဖွယ် အိမ်လေးဖြစ်လာအောင် အလှဆင်ကြည့်ရအောင်

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)