375 ကြိမ် ကြည့်ရှု့ ပြီး

အိမ်ခန်းတွင်းစိုက်ပျိုးထားတဲ့ အပင်လေးတွေအတွက် စိုက်ပျိုးထိန်း သိမ်းနည်း

 

ခေတ်မီတိုးတက်ပြောင်းလဲလာတဲ့ ခေတ်အခြေအနေအရကော၊ တိုး များလာတဲ့ လူဦးရေနေထိုင်မှုအရကြောင့်ပါ ကျွန်တော်တို့တွေရဲ့ နေ ထိုင်မှုပုံစံတွေက မြေကြီးထုကြမ်းပြင်နဲ့ထိတွေ့ဖို့ ခက်ခဲသွားတဲ့အ ထပ်မြင့်အလုံပိတ် တိုက်ခန်းတွေနဲ့ နေထိုင်လာကြရတာများလာပါ တယ်။ ဒီလိုမျိုး အခန်းတွင်း မှန်တွေအထပ်ထပ်ကာရံထားပြီး ပြင်ပ လေမဝင်ပဲ ဖန်တီးထားတဲ့ အောက်ဆီဂျင်လေထုနဲ့ အသက်ရှင်နေ ထိုင်ရတဲ့ အခြေအနေက တကယ့်ဆိုးရွားလွန်းပြီး ကျန်းမာရေးအ တွက်လည်း ထိခိုက်စေပါတယ်။

 

အိမ်ခန်းတွင်းစိုက်ပျိုးထားတဲ့ အပင်လေးတွေအတွက် စိုက်ပျိုးထိန်း သိမ်းနည်း



ဒီအနေအထားအတွက် လူ့ကျန်းမာရေး လေ့လာစောင့်ကြည့်တဲ့ အဖွဲ့အ စည်းရဲ့အကြံပေးချက် စာတစ်စောင်ထဲဖော်ပြဖူးတာက အခန်းတွင်း ပန်းပင်လေးတွေ စိုက်ပျိုးထားသင့်ပါတယ်တဲ့။ အပင် လေးတွေ ကနေထုတ်လွှတ်တဲ့ သန့်စင်တဲ့ အောက်ဆီဂျင်ကိုရ ယူလို့ရနိုင်ပါသေးတယ်လို့ အကြံပေးထားပါတယ်။ ဒါပေမယ့် ဒီလို မျိုး နေအလင်း ရောင်ကောင်းစွာမရ၊ သဘာဝလေမထိတဲ့ အခန်း တွေမှာ အပင် လေးတွေရှင်သန်ဖို့အတွက် ဘယ်လိုပြုစုပျိုးထောင် ထိန်းသိမ်းရမလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေသိထားရမှာ ဖြစ် လို့ ဖော်ပြပေးလိုက်ပါတယ်။

 

အိမ်ခန်းတွင်းစိုက်ပျိုးထားတဲ့ အပင်လေးတွေအတွက် စိုက်ပျိုးထိန်း သိမ်းနည်း



၁။ အိမ်တွင်းမှာစိုက်ပျိုးမယ့် အပင်လေးတွေကို နေရာချတဲ့အခါမှာ သင့်တော်တဲ့နေရာကို ရွေးချယ်တတ်ဖို့လိုအပ်ပါတယ်။ ဥပမာ ရာသီ ဥတုအခြေအနေတွေ ဘယ်လိုပဲပြောင်းလဲနေပါစေ။ အခန်းတွင်းအ နေအထားလုံးဝမပြောင်းလဲနိုင်တဲ့နေရာမျိုးမှာ ထားပြီးစိုက်ပျိုးပါ။ နေ ရောင်နဲ့ သဘာဝလေထုကို မရသော်လည်းပဲ အခန်းတွင်းကလေထု နဲ့တင် ရှင်သန်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီ့အတွက်ကြောင့် မျှတနဲ့အနေ အထားနဲ့ သင့်တော်မယ့်နေရာမှာပဲ ပန်းပင်လေးတွေ စိုက်ပျိုးသင့်ပါ တယ်။

 

အိမ်ခန်းတွင်းစိုက်ပျိုးထားတဲ့ အပင်လေးတွေအတွက် စိုက်ပျိုးထိန်း သိမ်းနည်း



၂။ ပန်းပင်လေးတွေအတွက် ရေလောင်းခြင်းနဲ့ ရေဝင်ရေထွက်စနစ် ကို အကောင်းဆုံးဂရုတစိုက် လုပ်ဆောင်ပေးသင့်ပါတယ်။ အပင်ရဲ့ အမြစ်နဲ့ပင်စည်တို့ရဲ့ ရေစုပ်ယူမှုအတွက် ရေလောင်းပေးခြင်းကို အချိန်အဆနဲ့သာပြုလုပ်ပေးရမှာပါ။ နေရောင်ခြည်မရတဲ့ အခန်း တွင်းအနေအထားကြောင့် အပင်မှာ အမြဲလိုလိုအစိုဓာတ်ကရှိနေ တာကြောင့် ရေလောင်းခြင်းကို ပုံမှန်ထက်လျော့ပြီးလိုက်ရုံနဲ့တင် အပင်ရဲ့ရှင်သန်ကြီးထွားမှု လုံလောက်စွာ ထောက်ပံ့ပေးနိုင်မှာ လည်း ဖြစ်ပါတယ်။

 

အိမ်ခန်းတွင်းစိုက်ပျိုးထားတဲ့ အပင်လေးတွေအတွက် စိုက်ပျိုးထိန်း သိမ်းနည်း



၃။ အလင်းရောင်ကောင်းကောင်း မှီဝဲနိုင်ပါစေ။ သဘာဝအလင်း ရောင်အများကြီး မရနိုင်ရင်တောင် အလင်းရောင်နည်းနည်းထိုး ဖောက်ဝင်ရောက်နိုင်အောင် ဖန်တီးပေးသင့်ပါတယ်။ သဘာဝအ လင်းရောင်ရတဲ့အပင်နဲ့ အလင်းရောင်လုံးဝမရတဲ့ အပင်တွေရဲ့ ရှင်သန်မှုကမတူညီပါဘူး။ အလင်းရောင်ကောင်းကောင်းရတဲ့အ ပင်ကတော့ တာရှည်စွာရှင်သန်ကြီးထွားနိုင်ပြီး အလင်းရောင်မရတဲ့ အပင်ကတော့ မရှင်သန်နိုင်မှာမဟုတ်ပါဘူး။

 

အိမ်ခန်းတွင်းစိုက်ပျိုးထားတဲ့ အပင်လေးတွေအတွက် စိုက်ပျိုးထိန်း သိမ်းနည်း



၎။ အပင်ကြီးထွားဆေး၊ ဖျန်းဆေးတွေအသုံးပြုမှုကို စနစ်တကျသုံးစွဲ တတ်ဖို့လိုပါတယ်။ ကိုယ့်အပင်လေး ကြီးထွားသန်မာဖို့အတွက်ကိုပဲ  ပိုးသတ်ဆေးတွေ၊ အပင်ကြီးထွားဆေးတွေပဲ ဖျန်းနေပေးလို့ မရပါ ဘူး။ ဓာတုဗေဒဆေးဝါးဒဏ်တွေကို အပင်ငယ်က ခံနိုင်ရည်မရှိတာ ကြောင့် အပင်သေဆုံးသွားတာတွေ၊ ညိုးနွမ်းသွားတာမျိုးတွေဖြစ် လာနိုင်ပါတယ်။ ကိုယ့်အပင်နဲ့ သင့်တင့်မျှတလောက်တဲ့ ဆေးဝါး၊ ကြီးထွားဆေး ပမာဏလောက်ကိုပဲ သုံးစွဲပေးသင့်ပါတယ်။

 

အိမ်ခန်းတွင်းစိုက်ပျိုးထားတဲ့ အပင်လေးတွေအတွက် စိုက်ပျိုးထိန်း သိမ်းနည်း



၅။ အပင်အတွက် နေရာချစိုက်ပျိုးခြင်းကို ခဏခဏပြောင်းရွှေ့တာ မျိုးတွေ မလုပ်ပါနဲ့။ ဒီနေရာ၊ ဟိုနေရာပြောင်းရွှေ့ခြင်းက လုံလောက် တဲ့ စွမ်းအင်နဲ့နေသားတကျ မရှိခြင်းကြောင့် အပင်အတွက်ကြီးထွား မှုကို အားနည်းစေပါတယ်။ အရွှေ့အပြောင်းတွေများခြင်းကြောင့် လည်းအပင်ကို ထိခိုက်ပျက်စီးတာမျိုးတွေ ဖြစ်လာစေနိုင်တာပဲဖြစ် ပါတယ်။

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)


ငှါးရန်ရှိသော အိမ်ခြံမြေများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)