345 ကြိမ် ကြည့်ရှု့ ပြီး

အိမ်ခန်းကျဉ်းကျဉ်းလေးကို ဘယ်လိုချဲ့ ပြီး နေထိုင်ကြမလဲ

 

သင်က သင့်ရဲ့အိမ်မှာနေရုံသာနေပြီး အိမ်အတွက် ဘယ်လိုပြင်ဆင်ရမလဲ၊ ဘယ်လို ထိန်းသိမ်းရမလဲဆိုတာ၊ နောက်ပြီး ဘယ်လိုအခန်းဖွဲ့နေထိုင်ရမလဲဆိုတာနဲ့ ပြင် ဆင်ရတာကိုလည်း ၀ါသနာမပါဘူး စိတ်ကူးလည်းမရှိဘူးဆိုပါတော့ . . ဒါပေမဲ့ လည်း အခုလက်ရှိနေထိုင်တဲ့ ကျဉ်းကျဉ်း ကျပ်ကျပ် အိမ်ခန်းငယ်လေးကြောင့်လည်း အနေရခက်နေတဲ့ အခြေအနေမျိုးကို ရင်ဆိုင်နေရပြီဆိုရင် သင့်နေထိုင်တဲ့ အိမ် လေးက ကျဉ်းကျဉ်းလေးဖြစ်နေလို့ စိတ်ပူ စရာမလိုတော့ပါဘူး။
အဲသလိုဆိုရင် နေအိမ်အခန်း ကျဉ်း ကျဉ်းလေးကို ကျယ်သယောင်ဖန်တီးပြီး အခန်းကျယ်လေးလိုနေထိုင်နိုင်ဖို့အတွက် ဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့ နည်းလမ်း ကောင်းလေးတွေ ဖော်ပြပေးပါရစေ ...

အခုနောက်ပိုင်းမှာ ဆောက်လုပ်တဲ့ အဆောက်အအုံ တိုက်ခန်းတော်တော်များ များက အခန်းဖွဲ့ခပ်ကျဉ်းကျဉ်းနဲ့ ကျစ်ကျစ် လစ်လစ် တည်ဆောက်လာကြတာများပါ တယ်။ လူတစ်ဦးစာ၊ နှစ်ဦးစာအခန်းတွေက သတ်မှတ်ထားတဲ့အတိုင်း တစ်ဦးနှစ်ဦး ထက်ပိုပြီး နေလို့မရတော့လောက်အောင် အတိအကျ ဆောက်လုပ်ထားကြတာဖြစ်ပါ တယ်။
ဒါကြောင့်မိုလို့ အပိုထပ်ပြီး ချဲ့လို့မရ တော့သလို ကျယ်ကျယ်ဝန်းဝန်းနဲ့ နေထိုင် လို့ မရနိုင်ဘူးဆိုပေမယ့် အကန့်အကန့် တွေ ကန့်ထားတဲ့ နံရံတွေကို ဖယ်ရှားလိုက် မယ်ဆိုရင် ဟောတိုက်အခန်းပုံစံဖြစ်သွား ပြီး နေထိုင်ရတာနည်းနည်းတော့ အသက် ရှုချောင်သွားနိုင်ပါတယ်။

 

အိမ်ခန်းကျဉ်းကျဉ်းလေးကို ဘယ်လိုချဲ့ ပြီး နေထိုင်ကြမလဲ



နောက်နည်းလမ်းတစ်ခုအနနဲ့ လူတစ် ကိုယ်စာလေးထောင့်မှန်ချပ်ကြီးတွေ၊ ဘဲဥ ပုံမှန်ချပ်ကြီးတွေကို ဧည့်ခန်းကျယ်ကြီးမှာ ဖြစ်ဖြစ်၊ အခန်းထောင့်တွေမှာဖြစ်ဖြစ်၊ လျှောက်လမ်းတွေမှာဖြစ်ဖြစ် ထောင်ထား လိုက်ပါ။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် မှန်တွေကနေ တစ်ဖန်ပြန်ပေါ်နေတဲ့ သင့် အိမ်ရဲ့ အခန်းပုံရိပ်တွေက အိမ်ခန်းကို နှစ်ဆကျယ်သွားတယ်လို့ ထင်ယောင်လာ အောင် ဖန်တီးပေးနိုင်တာဖြစ်ပါတယ်။

အိမ်ခန်းရဲ့ မျက်နှာကြက်နဲ့ ကြမ်း ခင်းကြား အကွာအဝေးကလည်း နေအိမ် ရဲ့ အကျယ်အ၀န်းတွက်ချက်ခန့်မှန်း တည် ဆောက်မှုမှာ အရေးကြီးတဲ့ ကဏ္ဍက ပါဝင်နေပါတယ်။ သင့်အိမ်ခန်းကျဉ်းသလား၊ ကျယ်သလားဆိုတာ အဲဒီမျက်နှာကြက်နဲ့ ကြမ်းခင်းကြားက အကွာအဝေးကို ကြည့် တာနဲ့တင် သိနိုင်ပြီး နေရထိုင်ရ ကျဉ်းသလား၊ ကျယ်သလားဆိုတာကိုလည်း ခံစားသိနိုင် ပါတယ်။ နေအိမ်ခန်းကျဉ်းကျဉ်းမှာနေထိုင် နေရသလို ကျဉ်းကျပ်နေမှာဖြစ်တာ မို့လို့ အခန်းရဲ့ အကျယ်အ၀န်းနဲ့ လိုက်ပြီး မျက် နှာကြက်အကွာအဝေးကို သင့်တင့်အောင် အခန်းဖွဲ့တည်ဆောက်သင့်ပါတယ်။

 

အိမ်ခန်းကျဉ်းကျဉ်းလေးကို ဘယ်လိုချဲ့ ပြီး နေထိုင်ကြမလဲ



နောက်တစ်ခုကတော့ အိမ်ထောင်ပရိ ဘောဂသုံးစွဲမှုတွေကလည်း သင့်အိမ်ခန်း ရဲ့ အကျဉ်းအကျယ်ကို ချိန်ညှိပေးနိုင်မှာ ဖြစ်ပါတယ်။ အခန်းအကျဉ်းအကျယ်ကို လိုက်ပြီး သုံးစွဲမယ့် ပရိဘောဂကို ရွေးချယ် တတ်ဖို့ လိုပါတယ်။ အမျိုးအစားနဲ့ ဒီဇိုင်း ပုံသဏ္ဌာန်တွေ အများကြီးရှိတဲ့ အထဲက ကိုယ့်အခန်းလေးနဲ့ သင့်တော်တဲ့ အိမ် ထောင်ပရိဘောဂကို ရွေးချယ်တာမျိုးပါ။ ဥပမာ ဧည့်ခန်းထဲမှာ အသုံးပြုမယ့် ဆိုဖာ ဆက်တီတွေကို ရွေးချယ်မယ်ဆိုရင် အက်္ခရာူ ပုံစံမျိုး ခင်းကျင်းနိုင်မယ့် ဆက်တီခုံတွေကို ရွေးချယ်သင့်ပါတယ်။ ဒီလိုပဲ အခြားပစ်္စည်းတွေကိုလည်း ရွေး ချယ်တတ်မယ်ဆိုရင်တော့ အိမ်ထောင် ပရိဘောဂတွေလည်း စုံလင်မယ်။ နောက် ပြီး အခန်းနေရာလေးကလည်း ရှုပ်ပွကျဉ်း ကျပ်နေတာမျိုးတွေ မဖြစ်တော့ပါဘူး။

နောက်ဆုံး နည်းလမ်းတစ်ခုအနေနဲ့ ဆိုရင်တော့ အိမ်မှာ အသုံးပြုတဲ့ အရောင် တွေအကြောင်းပါပဲ။ မျက်နှာကြက်၊ အမိုး၊ ကြမ်းခမ်း၊ ဘေးနံရံနဲ့ အသုံးအဆောင် ပရိဘောဂတွေရဲ့ အရောင်တွေက အိမ်ခန်း အကျဉ်းအကျယ်ကို ထင်ဟပ်ပြောင်းလဲ စေနိုင်ပါတယ်။ အလင်းဘက်ကို သမ်းသွား တဲ့ အရောင်တွေ အဖြူရောင်၊ အ၀ါရောင်၊ မိုးပြာရောင်စသဖြင့် အရောင်လေးတွေက အခန်းတစ်ခုလုံးကို ထင်းခနဲထင်သာမြင်သာ ရှိအောင် ခံစားနိုင်စေပြီး အမှောင်ဘက်ကို ကျသွားတဲ့ အမဲရောင်၊ အညိုရောင်၊ မီးခိုး ရောင်တို့စတဲ့ အရောင်တွေကတော့ မှောင် ရိပ်ကြပြီး အခန်းကို ကျဉ်းမြောင်းသွား စေနိုင်အောင် ဖန်တီးပေးနိုင်တာမို့လို့ပါပဲ။

 

အိမ်ခန်းကျဉ်းကျဉ်းလေးကို ဘယ်လိုချဲ့ ပြီး နေထိုင်ကြမလဲ



ကဲ ဒါဆိုရင် အခုဖော်ပြထားတဲ့ နည်းလမ်းလေးတွေကို ကြည့်ပြီးအိမ်ခန်း ကျဉ်း ကျဉ်းလေးမှာ နေထိုင်နေရတယ်ဆို တဲ့သူတွေအနေနဲ့က ကိုယ့်အိမ်လေးကို ဘယ် လိုချဲ့ပြီး နေထိုင်လို့ရမယ်ဆိုတာ သိပြီးသား ဖြစ်သွားလောက် မှာပါနော် ...။

မိုးဝဿန်ဦး မှ iMyanmarHouse.com အိမ်ခြံမြေ မဂ္ဂင်ဇင်း အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com


ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)