ကျွန်တော်တို့ လူသားတွေအတွက် ဘ၀ အစိတ်အပိုင်းရဲ့ အရေးကြီးဆုံးဆိုတဲ့ ကဏ္ဍတွေထဲမှာ စားဝတ်နေရေးးဆိုတာရှိပါတယ်။ အဲဒီထဲက နေရေး ဆိုတာအတွက် နေအိမ်ဆိုတာက ကျွန်တော်တို့အားလုံး စိတ်အေးလက်အေး သက်သောင့်သက် သာ လုံလုံခြုံခြုံနဲ့ နားခိုလို့ရနိုင်မယ့် နေအိမ်တွေရရှိနိုင်ဖို့ လိုအပ်ပါတယ်။
လုံခြုံမှုမရှိတဲ့နေအိမ်၊ သက်သောင့်သက် သာမရှိတဲ့နေရာတွေမှာ ကျွန်တော်တို့ ဘယ်လိုလုပ်စိတ်အေးလက်အေး နားခိုလို့ ရနိုင်မှာလဲ။ ဒါ့ကြောင့် ကျွန်တော်တို့ တစ်သက်တာ နားခိုလို့ရနိုင်မယ့် နေအိမ် တွေကို ရှာဖွေပိုင်ဆိုင်ပြီး ဘယ်လိုမျိုး အကြာကြီး ထိန်းသိမ်းနေထိုင်သွားရမလဲ ဆိုတဲ့ အချက်ကလည်း အရေးကြီးပါ တယ်။
ဒီအတွက်ကြောင့် နေအိမ်ရဲ့ ဘယ်လို အရေးကြီးတဲ့ အစိတ်အပိုင်းတွေမှာ ဖြစ် ပေါ်တတ်တဲ့ အခက်အခဲပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်းလေး တွေကို ဖော်ပြပေးလိုက်ပါတယ်။
အထူးသဖြင့် ရေချိုးခန်း၊ အိမ်သာ၊ မီးဖိုချောင်တွေ၊ ခေါင်မိုးထပ်ကနေ အောက် ထိ တပ်ဆင်ထားတဲ့ ရေပိုက်တွေကနေ အသုံးပြုတဲ့ရေပိုက်တွေမှာ တစ်ခါတလေ ပြဿနာတွေ ဖြစ်ပေါ်တတ်ပါတယ်။ အဲဒီ ပြဿနာတွေက အိမ်ရဲ့ ခေါင်မိုးထပ်တွေနဲ့ အိမ်အခန်းချင်းဆက်ထားတဲ့ ကြမ်းခင်း နေရာတွေမှာ ရေတွေ စိုရွှဲအိုင်လာတတ်ပါ တယ်။ အဲဒီလို ရေဆိုးပိုက်ရေ မဆင်းတော့ တာတို့၊ ရေပိုက်တစ်ဆို့နေတတ်တာတို့ ဖြစ်ပေါ်လာရင် ဖြေရှင်းရခက်ခဲပါတယ်။
ရေဆင်းတဲ့ အဓိကနေရာတွေကနေ လာတဲ့ အသုံးပြုပြီး သား ရေတွေနဲ့၊ ဆေး ကြောရေတွေ၊ စီးဆင်းတဲ့လမ်းကြောင်းတွေ မှာ အမှိုက်သရိုက်၊ အညစ်အကြေးတွေနဲ့ စွန့်ပစ်ပစ်္စည်းတွေကြောင့် ရေစီးဆင်းမှုကို ပိတ်ဆို့တတ်ပါတယ်။ အဲဒီအခါကျ ရေဆိုး နဲ့ အညစ်အကြေးတွေက နေအိမ်ထဲ စိမ့် ၀င်လာတာတို့၊ ခေါင်မိုးထပ်ကနေ ရေကျရာ နေရာတွေကနေ စိမ့်ကျလာတို့ဖြစ်လာတတ် ပါတယ်။
ဒီလိုမျိုးတွေ ဖြစ်လာပြီဆိုရင် ကိုယ့် နည်းကိုယ့်ဟန်နဲ့ ရေပိုက်တွေကို ပြင်ဖို့ မကြိုးစားပါနဲ့။ အိမ်နဲ့ပတ်သက်တဲ့ ပြင်ဆင်မှု လုပ်ငန်းလုပ်ကိုင်သူတွေက ဒီလိုပြဿနာ မျိုးတွေ ဖြေရှင်းတဲ့နေရာမှာ အကောင်း ဆုံးလုပ်ကိုင်ဆောင်ရွက်ဘ တတ်ကြပါတယ်။ ရေပိုက်တွေပေါက်နေတာ၊ အမှိုက်သရိုက် တွေ တစ်ဆို့နေတာတွေအတွက် ဖြေရှင်း ပေးမှာပါ။ ရေပိုက်အသုံးပြုတပ်ဆင်မှု အတွက် အရည်အသွေးအကောင်းစား ကော်အမျိုးအစားနဲ့ ပြုလုပ်တဲ့ပိုက်တွေကို ၀ယ်ယူတပ်ဆင်ဖို့ လိုအပ်ပြီး ရေစီးဆင်း အသုံးပြုတဲ့အချိန်တွေမှာလည်း အညစ် အကြေးနဲ့ အမှိုက်သရိုက်တွေကို ရေစီး ပိုက်လိုင်းလမ်းကြောင်းထဲ မ၀င်နိုင်အောင် အထူးဂရုစိုက်တတ်ဖို့ လိုအပ်ပါတယ်။
နောက်ပြီး ကြမ်းပြင်တွေအတွက် လည်း ရေစိုခံတဲ့ အမျိုးအစားထဲက ခင်း လိုက်မယ်ဆိုရင် ဒီလိုပြဿနာမျိုး ဖြစ်ပေါ် လာတဲ့အခါ စိတ်ပူစရာမလိုတော့ပါဘူး။ အစိုဓာတ်ကို ခံနိုင်ရည်ရှိပြီး အလျင်အမြန် ခြောက်သွေ့နိုင်မယ့် အခင်းကြမ်းပြင်တွေ ဆိုရင်လည်း အဆင်ပြေနိုင်ပါတယ်။
နေအိမ် နံရံတွေမှာဖြစ်ပေါ်တတ်တဲ့ အက်ကွဲကြောင်းတွေရဲ့ ပြဿနာကလည်း နေအိမ်တွေမှာ အထူးထိန်းသိမ်းသင့်တဲ့ အရာထဲမှာပါပါတယ်။ ဘာလို့လဲဆိုတော့ သာမန်ပျဉ်ထောင်အိမ်တွေမှာ ဒီကိစ်္စအ တွက် စဉ်းစားစရာမလိုပေမယ့် အုတ်နံ ရံ၊ တိုက်တာအဆောက်အအုံတွေမှာ ဆို ရင်တော့ အရမ်းကို အရေးကြီးသွားပါပြီ။
ရာသီဥတုဒဏ်ကြောင့်ဖြစ်ဖြစ်၊ မီးအပူ တွေလိုမျိုး လူလုပ်လို့ပဲဖြစ်ဖြစ်၊ နှစ်ကာလ ကြာရှည်ခဲ့လို့ပဲဖြစ်ဖြစ် နံရံတွေဟောင်းနွမ်း ပြီးအက်ကွဲလာနိုင်ပါတယ်။ အဲဒီ အက်ကွဲ ကြောင်းတွေကတစ်ဆင့် တဖြည်းဖြည်းကြီး ထွားလာပြီး နောက်ဆုံး မထိန်းသိမ်းတော့ တဲ့အဆုံးမှာ နံရံပြိုတာတွေ၊ အဆောက် အအုံယိုင်လာတာတွေ ပြိုကျတာမျိုးတွေ အထိ အန်္တရာယ်များလာနိုင်ပါတယ်။ ဒီလိုမျိုးဖြစ်ပေါ်လာပြီဆိုရင်တော့ ဒီအက်ကွဲ ကြောင်းတွေကို ကာကွယ်နိုင်မယ့်အဆင့် မြင့်နည်းပညာပစ်္စည်းတွေနဲ့ ထုတ်လုပ်ထား တဲ့ အိမ်သုတ်ဆေးတွေ၊ အက်ကွဲကြောင်း ပိတ်သွားစေနိုင်မယ့် နံရံသုတ်ဆေး၊ ခံဆေး တွေ သုတ်ပေးပြီး ထိန်းသိမ်းပြုပြင်ထားလို့ ရနိုင်ပါတယ်။
တံခါးနံရံတွေ၊ ပြတင်းပေါက်တွေ၊ ရေပိုက်လိုင်းနဲ့ ချိတ်ဆက်ထားတဲ့ နံရံတွေ၊ မီးဖိုချောင်၊ ရေချိုးခန်း၊ အိမ်သာစသဖြင့် နံရံတွေမှာလည်း အက်ကွဲကြောင်းတွေ မဖြစ်ပေါ်လာဖို့ အဆင်မြင့်အိမ်သုတ် ဆေးတွေသုတ်ပြီး ပြုပြင်ထိန်းသိမ်းထားရ ပါမယ်။ နောက် ထိန်းသိမ်းကာကွယ်မှု တစ်ခုက နံရံတွေမှာ ပန်းချီကားတို့၊ တန်းတို့၊ ချိတ်စရာတွေအတွက် သံရိုက်တာ တို့၊ ထုပ်တန်းလုပ်တာတွေအတွက်လည်း အက်ကွဲကြောင်းမထဖို့ စက်္ကူတို့ ဖော့ပြား တို့ခံပြီ။
ရိုက်သွင်းမယ်ဆိုလည်း အက်ကြောင်း ထတာတွေကို အနည်းငယ်လျော့နည်းစေ နိုင်ပါတယ်။ နောက်ကချိတ်တစ်ခု ချိတ်ဖို့ အတွက်ကို နံရံကို ဖောက်ပြီးလုပ်တာ မျိုးမဟုတ်ဘဲ အခုခေတ်မှာပေါ်နေတဲ့ ကပ်ခွာချိတ်ကလေးတွေကို နံရံတွေမှာ ကပ်ပြီး ချိတ်ဆက်လိုက်မယ်ဆိုလည်း အဆင်ပြေနိုင်ပါတယ်။ ၊
မိုးဝဿန်ဦး မှ iMyanmarHouse.com အိမ်ခြံမြေ မဂ္ဂင်ဇင်း အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com