444 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

ဖုန်းရွှေနည်းလမ်းတွေနဲ့ နေအိမ်လေးကို အေးချမ်းစေမယ်

 

 

[Unicode]

 

ယနေ့ ခေတ်လိုအချိန်အခါမျိုးမှာ ဘက်ပေါင်းစုံကနေ ရင်မောရတဲ့အဖြစ်အပျက်တွေ အများအပြားရဲ့ ရိုက်ခတ်မှု ဒဏ်ကို ကမ္ဘာ့လူသားတွေ ခံစားကြရပါတယ်။ ဒီလို မရှောင်မလွှဲသာ စိတ်မောကိုယ်မောဖြစ်ရတဲ့ အကြောင်း တွေကနေ တတ်နိုင်သမျှကင်းအောင် နေထိုင်တတ်ဖို့ကလည်း အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။

 

ဖုန်းရွှေနည်းလမ်းတွေနဲ့ နေအိမ်လေးကို အေးချမ်းစေမယ်

 

ဖုန်းရွှေရဲ့ အကြံပြုချက် စည်းကမ်းလေးတွေလိုက်နာပြီး နေထိုင်ခြင်းကလည်း မိမိသာမက မိမိရဲ့ နေအိမ်နဲ့ ပတ်ဝန်းကျင်လေးမှာ ကိုယ်စိတ်နှလုံးအေးချမ်းခြင်းတွေ ရလာအောင် ဖန်တီးနိုင်ပါတယ်။ ဒီအတွက်ကြောင့် အောက်ဖော်ပြပါ နည်းလမ်းလေးနဲ့ အေးချမ်းတဲ့ အိမ်ဂေဟာလေးရအောင် ဖန်တီးနိုင်ဖို့ စာဖတ်ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

 


နေအိမ်ကို ပုံမှန်ရှင်းလင်းပါ။

 

ဖုန်းရွှေနည်းလမ်းတွေနဲ့ နေအိမ်လေးကို အေးချမ်းစေမယ်

 

နေအိမ်တွေမှာ ပုံမှန်ရှင်းလင်းခြင်းဆိုတဲ့ နည်းလမ်းက ဖုန်းရွှေအကြံပြုချက်ရဲ့ အဓိက အခြေခံကျတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။ နေအိမ်ထဲမှာ၊ အိမ်အတွင်းခန်းမှာ မလိုအပ်တော့တာ ဒါမှ မဟုတ် အသုံးမပြုတော့တဲ့ အဟောင်း၊ အပျက်နဲ့ အပိုပစ္စည်းတွေကို ဖယ်ရှားလိုက်ခြင်းအားဖြင့် အပြုသဘောဆောင်တဲ့ စွမ်းအင် စီးဆင်းမှုကို ပေးပြီး သန့်ရှင်းသပ်ရပ်တဲ့ နေရာတစ်ခုကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ရှုပ်ပွ ပေရေခြင်းတွေက ကောင်းမွန်တဲ့ chi (ချီ) စွမ်းအင် စီးဆင်းမှုကို ပိတ်ဆို့စေနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဖရိုဖရဲဖြစ်စေတဲ့ ခံစားချက်ကို ပေးပါတယ်။ အဲ့ဒီ့အတွက်ကြောင့် ငြိမ်းချမ်းပြီး နေချင်စဖွယ် နေအိမ်လေး ဖြစ်ဖို့ဆို ပုံမှန်ရှင်းလင်းရေးလုပ်သင့်ပါတယ်။

 


အရောင်ဖျော့ဖျော့လေးတွေ သုံးပါ။

 

ဖုန်းရွှေနည်းလမ်းတွေနဲ့ နေအိမ်လေးကို အေးချမ်းစေမယ်

 

အဝါနုရောင်၊ အဖြူရောင် ဒါမှမဟုတ် အပြာဖျော့ဖျော့ အရောင်လေးတွေကို အိမ်ရဲ့ နံရံ၊ ပန်းချီကား စသဖြင့် အစိတ်အပိုင်းတွေမှာ သုံးခြင်းဖြင့် သင့်အိမ်ရဲ့ ပတ်ဝန်းကျင်လေးကို အေးချမ်းသာယာတဲ့ ရပ်ဝန်လေးအဖြစ် ဖန်တီးနိုင်မှာဖြစ်ပါတယ်။ တောက်ပတဲ့ အရောင်တွေကတော့ အိမ်အတွက် စွမ်းအင်စီးဆင်းမှုကို ဖြစ်စေပြီး ဖျော့တော့ပြီးပျော့ပျောင်းတဲ့ သဘာဝရှိတဲ့အရောင်လေးတွေကတော့ စိတ်ကို အပန်းဖြေငြိမ်းချမ်း စေမှာဖြစ်ပါတယ်။ ဖုန်းရွှေအကြံပြုချက်ထဲမှာလည်း အဲဒီလို ဒီဇိုင်းရိုးရှင်းပြီး အရောင်ဖျော့ဖျော့လေးတွေက စိတ်နှလုံးသားကို နူးညံ့ပြီး အေးချမ်းစေမယ်လို့ ဆိုထားပါတယ်။

 


အပင်လေးတွေ စိုက်ပျိုးပါ။

 

 ဖုန်းရွှေနည်းလမ်းတွေနဲ့ နေအိမ်လေးကို အေးချမ်းစေမယ်


နေအိမ်ခန်းအတွင်းနဲ့ အိမ်ပတ်ဝန်းကျင်မှာ စိမ်းလန်းစိုပြေတဲ့ သစ်ပင်လေးတွေ စိုက်ပျိုးခြင်းဖြင့် လေထုသန့် စင်မှုကို ဖြစ်စေနိုင်ပြီး ပိုမိုသဟဇာတဖြစ်စေနိုင်တဲ့ ပတ်ဝန်းကျင့်ကို ဖန်တီးနိုင်ကာ chi (ချီ) ဓာတ်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ အပင်တွေ ရှိနေခြင်းက သင့်ရဲ့ အိမ်ထဲကိုသဘာဝတရားနဲ့ ငြိမ်းသက်အေးချမ်း ခြင်းတွေကို ဆောင်ကြဉ်းပေးနိုင်မှာဖြစ်ပြီးတော့ ကမ္ဘာမြေကြီးနဲ့ တစ်သားတည်းကျတဲ့ ခံစားချက်တွေ ရလာစေမှာပါ။ အိမ်အတွင်း ဥယျာဉ်ငယ်လေး၊ အလှစိုက်ပန်းပင်လေးတွေ၊ လေသန့်စင်တဲ့ အပင်လေးတွေ စိုက်ပျိုးခြင်းဖြင့် အိမ်ခန်းလေးရဲ့ ငြိမ်းချမ်းမှုကို ဖန်တီးပါလို့ အကြံပြုပါတယ်။

 


မီးအလင်းအမှောင်ကိုလည်း နည်းလမ်းကျကျ သုံးစွဲပါ။

 

ဖုန်းရွှေနည်းလမ်းတွေနဲ့ နေအိမ်လေးကို အေးချမ်းစေမယ်

 


အလင်းရောင်ဟာ ဖုန်းရွှေနည်းလမ်းရဲ့ အတွင်းပိုင်းပြင်ဆင်မှုမှာ အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်ပါတယ်။ မီးချောင်းတွေကို လိုအပ်တဲ့ နေရာတွေမှာသာအသုံးပြုပြီး မလိုအပ်တဲ့ အချိန်တွေမှာ အရောင်မှိန်ထားခြင်းက စိတ်အပန်းပြေစေပြီး ငြိမ်းချမ်းခြင်းတွေကို ဖြစ်စေပါတယ်။ မီးအလင်းရောင်စူးစူး၊ အရောင်တောက်တောက် တွေဟာ အိမ်နဲ့ ပတ်သက်တဲ့ ဖုန်းရွှေရဲ့ အခြေခံ သဘောတရားတွေကို ဆန့်ကျင်နေပြီး နူးညံ့နွေးထွေးတဲ့ မှိန်ဖျဖျ အလင်းရောင်လေးကတော့ စိတ်နဲ့ခန္ဓာကိုယ်ကို အေးချမ်းစေပါတယ်။

 


သက်သောင့်သက်သာရှိတဲ့ ပရိဘောဂတွေကို ရွေးချယ်ပါ။

 

 

ဖုန်းရွှေနည်းလမ်းတွေနဲ့ နေအိမ်လေးကို အေးချမ်းစေမယ်

အိမ်ခန်းထဲရောက်လိုက်တာနဲ့ အပန်းတွေပြေဖို့ သက်တောင့်သက်သာ ဖြစ်စေဖို့ဆိုရင် ပရိဘောဂရွေးချယ်တဲ့ အခါ အထူးအလေးထားပြီး ရွေးချယ်သင့်ပါတယ်။ ထိုင်ခုံတွေ၊ စားပွဲ၊ ဆိုဖာ၊ လက်တင်ကုလားထိုင်တွေ၊ မွေ့ယာနဲ့ ခေါင်းအုံး၊ ပရိဘာဂတွေကို ဇိမ်ကျကျနဲ့ ကိုယ်လက်အပန်းပြေစေတဲ့ ဒီဇိုင်းနဲ့ အမျိုးအစားတွေကို အသုံးပြုပါ။ အဲ့ဒီအခါ မိသားစုဝင်တွေရဲ့ ခန္ဓာကိုယ်စိတ်လက်ကို အပန်းဖြေစေနိုင်ပြီး နေအိမ်မှာ အေးချမ်းမှု တွေကို မြှင့်တင်ပေးဖို့ ရိုးရှင်း၊ ထိရောက်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်စေပါတယ်။

ဒီတော့ အခုဖော်ပြပေးတဲ့ ဖုန်းရွှေနည်းလမ်းတွေကို လိုက်နာခြင်းဖြင့် နေအိမ်မှာအေးချမ်းခြင်းတွေ ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ iMyanmarHouse.com ရဲ့ စာဖတ်ပရိသတ်တွေလည်း ငြိမ်းချမ်းခြင်းတွေ၊ အေးချမ်းခြင်းတွေရှိနေတဲ့ နေအိမ်လေးမှာ နေထိုင်ရပြီး ကိုယ်စိတ်နှလုံး ငြိမ်းချမ်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…

 

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

 

ဖုန္းေ႐ႊနည္းလမ္းေတြနဲ႔ ေနအိမ္ေလးကို ေအးခ်မ္းေစမယ္

 


ယေန႔ ေခတ္လိုအခ်ိန္အခါမ်ိဳးမွာ ဘက္ေပါင္းစုံကေန ရင္ေမာရတဲ့အျဖစ္အပ်က္ေတြ အမ်ားအျပားရဲ႕ ႐ိုက္ခတ္မႈ ဒဏ္ကို ကမ႓ာ့လူသားေတြ ခံစားၾကရပါတယ္။ ဒီလို မေ႐ွာင္မလႊဲသာ စိတ္ေမာကိုယ္ေမာျဖစ္ရတဲ့ အေၾကာင္း ေတြကေန တတ္ႏိုင္သမွ်ကင္းေအာင္ ေနထိုင္တတ္ဖို႔ကလည္း အေရးႀကီးတဲ့ အခ်က္တစ္ခ်က္ ျဖစ္ပါတယ္။ ဖုန္းေ႐ႊရဲ႕ အၾကံျပဳခ်က္ စည္းကမ္းေလးေတြလိုက္နာၿပီး ေနထိုင္ျခင္းကလည္း မိမိသာမက မိမိရဲ႕ ေနအိမ္နဲ႔ ပတ္ဝန္းက်င္ေလးမွာ ကိုယ္စိတ္ႏွလုံးေအးခ်မ္းျခင္းေတြ ရလာေအာင္ ဖန္တီးႏိုင္ပါတယ္။ ဒီအတြက္ေၾကာင့္ ေအာက္ေဖာ္ျပပါ နည္းလမ္းေလးနဲ႔ ေအးခ်မ္းတဲ့ အိမ္ေဂဟာေလးရေအာင္ ဖန္တီးႏိုင္ဖို႔ စာဖတ္ပရိသတ္ႀကီးအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

 


ေနအိမ္ကို ပုံမွန္႐ွင္းလင္းပါ။

 

ေနအိမ္ေတြမွာ ပုံမွန္႐ွင္းလင္းျခင္းဆိုတဲ့ နည္းလမ္းက ဖုန္းေ႐ႊအၾကံျပဳခ်က္ရဲ႕ အဓိက အေျခခံက်တဲ့ လုပ္ေဆာင္ခ်က္တစ္ခုျဖစ္ပါတယ္။ ေနအိမ္ထဲမွာ၊ အိမ္အတြင္းခန္းမွာ မလိုအပ္ေတာ့တာ ဒါမွ မဟုတ္ အသုံးမျပဳေတာ့တဲ့ အေဟာင္း၊ အပ်က္နဲ႔ အပိုပစၥည္းေတြကို ဖယ္႐ွားလိုက္ျခင္းအားျဖင့္ အျပဳသေဘာေဆာင္တဲ့ စြမ္းအင္ စီးဆင္းမႈကို ေပးၿပီး သန္႔႐ွင္းသပ္ရပ္တဲ့ ေနရာတစ္ခုကို ဖန္တီးႏိုင္မွာျဖစ္ပါတယ္။ ႐ႈပ္ပြ ေပေရျခင္းေတြက ေကာင္းမြန္တဲ့ chi (ခ်ီ) စြမ္းအင္ စီးဆင္းမႈကို ပိတ္ဆို႔ေစႏိုင္ၿပီး ႐ုပ္ပိုင္းဆိုင္ရာ စိတ္ပိုင္းဆိုင္ရာ ဖ႐ိုဖရဲျဖစ္ေစတဲ့ ခံစားခ်က္ကို ေပးပါတယ္။ အဲ့ဒီ့အတြက္ေၾကာင့္ ၿငိမ္းခ်မ္းၿပီး ေနခ်င္စဖြယ္ ေနအိမ္ေလး ျဖစ္ဖို႔ဆို ပုံမွန္႐ွင္းလင္းေရးလုပ္သင့္ပါတယ္။

 


အေရာင္ေဖ်ာ့ေဖ်ာ့ေလးေတြ သုံးပါ။

 

အဝါႏုေရာင္၊ အျဖဴေရာင္ ဒါမွမဟုတ္ အျပာေဖ်ာ့ေဖ်ာ့ အေရာင္ေလးေတြကို အိမ္ရဲ႕ နံရံ၊ ပန္းခ်ီကား စသျဖင့္ အစိတ္အပိုင္းေတြမွာ သုံးျခင္းျဖင့္ သင့္အိမ္ရဲ႕ ပတ္ဝန္းက်င္ေလးကို ေအးခ်မ္းသာယာတဲ့ ရပ္ဝန္ေလးအျဖစ္ ဖန္တီးႏိုင္မွာျဖစ္ပါတယ္။ ေတာက္ပတဲ့ အေရာင္ေတြကေတာ့ အိမ္အတြက္ စြမ္းအင္စီးဆင္းမႈကို ျဖစ္ေစၿပီး ေဖ်ာ့ေတာ့ၿပီးေပ်ာ့ေပ်ာင္းတဲ့ သဘာဝ႐ွိတဲ့အေရာင္ေလးေတြကေတာ့ စိတ္ကို အပန္းေျဖၿငိမ္းခ်မ္း ေစမွာျဖစ္ပါတယ္။ ဖုန္းေ႐ႊအၾကံျပဳခ်က္ထဲမွာလည္း အဲဒီလို ဒီဇိုင္း႐ိုး႐ွင္းၿပီး အေရာင္ေဖ်ာ့ေဖ်ာ့ေလးေတြက စိတ္ႏွလုံးသားကို ႏူးညံ့ၿပီး ေအးခ်မ္းေစမယ္လို႔ ဆိုထားပါတယ္။

 


အပင္ေလးေတြ စိုက္ပ်ိဳးပါ။

 


ေနအိမ္ခန္းအတြင္းနဲ႔ အိမ္ပတ္ဝန္းက်င္မွာ စိမ္းလန္းစိုေျပတဲ့ သစ္ပင္ေလးေတြ စိုက္ပ်ိဳးျခင္းျဖင့္ ေလထုသန္႔ စင္မႈကို ျဖစ္ေစႏိုင္ၿပီး ပိုမိုသဟဇာတျဖစ္ေစႏိုင္တဲ့ ပတ္ဝန္းက်င့္ကို ဖန္တီးႏိုင္ကာ chi (ခ်ီ) ဓာတ္ကိုလည္း ျမႇင့္တင္ေပးႏိုင္ပါတယ္။ အပင္ေတြ ႐ွိေနျခင္းက သင့္ရဲ႕ အိမ္ထဲကိုသဘာဝတရားနဲ႔ ၿငိမ္းသက္ေအးခ်မ္း ျခင္းေတြကို ေဆာင္ၾကဥ္းေပးႏိုင္မွာျဖစ္ၿပီးေတာ့ ကမ႓ာေျမႀကီးနဲ႔ တစ္သားတည္းက်တဲ့ ခံစားခ်က္ေတြ ရလာေစမွာပါ။ အိမ္အတြင္း ဥယ်ာဥ္ငယ္ေလး၊ အလွစိုက္ပန္းပင္ေလးေတြ၊ ေလသန္႔စင္တဲ့ အပင္ေလးေတြ စိုက္ပ်ိဳးျခင္းျဖင့္ အိမ္ခန္းေလးရဲ႕ ၿငိမ္းခ်မ္းမႈကို ဖန္တီးပါလို႔ အၾကံျပဳပါတယ္။

 


မီးအလင္းအေမွာင္ကိုလည္း နည္းလမ္းက်က် သုံးစြဲပါ။

 


အလင္းေရာင္ဟာ ဖုန္းေ႐ႊနည္းလမ္းရဲ႕ အတြင္းပိုင္းျပင္ဆင္မႈမွာ အေရးပါတဲ့ က႑ကေန ပါဝင္ပါတယ္။ မီးေခ်ာင္းေတြကို လိုအပ္တဲ့ ေနရာေတြမွာသာအသုံးျပဳၿပီး မလိုအပ္တဲ့ အခ်ိန္ေတြမွာ အေရာင္မွိန္ထားျခင္းက စိတ္အပန္းေျပေစၿပီး ၿငိမ္းခ်မ္းျခင္းေတြကို ျဖစ္ေစပါတယ္။ မီးအလင္းေရာင္စူးစူး၊ အေရာင္ေတာက္ေတာက္ ေတြဟာ အိမ္နဲ႔ ပတ္သက္တဲ့ ဖုန္းေ႐ႊရဲ႕ အေျခခံ သေဘာတရားေတြကို ဆန္႔က်င္ေနၿပီး ႏူးညံ့ေႏြးေထြးတဲ့ မွိန္ဖ်ဖ် အလင္းေရာင္ေလးကေတာ့ စိတ္နဲ႔ခႏၶာကိုယ္ကို ေအးခ်မ္းေစပါတယ္။

 


သက္ေသာင့္သက္သာ႐ွိတဲ့ ပရိေဘာဂေတြကို ေ႐ြးခ်ယ္ပါ။

 

 

အိမ္ခန္းထဲေရာက္လိုက္တာနဲ႔ အပန္းေတြေျပဖို႔ သက္ေတာင့္သက္သာ ျဖစ္ေစဖို႔ဆိုရင္ ပရိေဘာဂေ႐ြးခ်ယ္တဲ့ အခါ အထူးအေလးထားၿပီး ေ႐ြးခ်ယ္သင့္ပါတယ္။ ထိုင္ခုံေတြ၊ စားပြဲ၊ ဆိုဖာ၊ လက္တင္ကုလားထိုင္ေတြ၊ ေမြ႕ယာနဲ႔ ေခါင္းအုံး၊ ပရိဘာဂေတြကို ဇိမ္က်က်နဲ႔ ကိုယ္လက္အပန္းေျပေစတဲ့ ဒီဇိုင္းနဲ႔ အမ်ိဳးအစားေတြကို အသုံးျပဳပါ။ အဲ့ဒီအခါ မိသားစုဝင္ေတြရဲ႕ ခႏၶာကိုယ္စိတ္လက္ကို အပန္းေျဖေစႏိုင္ၿပီး ေနအိမ္မွာ ေအးခ်မ္းမႈ ေတြကို ျမႇင့္တင္ေပးဖို႔ ႐ိုး႐ွင္း၊ ထိေရာက္တဲ့ နည္းလမ္းတစ္ခုလည္း ျဖစ္ေစပါတယ္။

ဒီေတာ့ အခုေဖာ္ျပေပးတဲ့ ဖုန္းေ႐ႊနည္းလမ္းေတြကို လိုက္နာျခင္းျဖင့္ ေနအိမ္မွာေအးခ်မ္းျခင္းေတြ ဖန္တီးေပးႏိုင္မွာ ျဖစ္ပါတယ္။ iMyanmarHouse.com ရဲ႕ စာဖတ္ပရိသတ္ေတြလည္း ၿငိမ္းခ်မ္းျခင္းေတြ၊ ေအးခ်မ္းျခင္းေတြ႐ွိေနတဲ့ ေနအိမ္ေလးမွာ ေနထိုင္ရၿပီး ကိုယ္စိတ္ႏွလုံး ၿငိမ္းခ်မ္းပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္…

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

အျခား အိမ္ၿခံေျမ ဖုန္းေရႊ ေဆာင္းပါးမ်ား

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)