544 Views

ကျွန်တော့်အိမ်က (20x60) ဂရန်အမည်ပေါက်အိမ်ပါဆရာ။ ဝယ်တုန်းကကျွန်တော့်အမည်နဲ့ဝယ်ထားတာပါ။လင်မယားလက်ထက်ပွားပါ ဆရာ။မိန်းမကဂရန်ပေါင်လိုက်ပြီးအတိုးပေါ်အတိုးဆင့်နဲ့ဆုံးရှုံးမဲ့အခြေအနေဖြစ်နေပါတယ်ဆရာ။ လွန်ခဲ့တဲ့တစ်နှစ်ကျော်ကလင်မယားစကားများပြီးအရောင်းအဝယ်/စရန်ပေးစာချုပ်အလွတ်တွေမှာလက်မှတ်ထိုးပေးဘူးတယ်ဆရာ။အဲဒီစာချုပ်တွေအသုံးချပြီးရောင်းသွားတယ် ဆရာ။ကျွန်တော့်အနေနဲ့ဥပဒေအရ ဘာဆက်လုပ်ရမလဲအကြံပေးပါ ဆရာ။

မေးသူ - Ko Kyaw Zin

[Unicode]

လင်မယားနှစ်ဦးပိုင်လက်ထက်ပွားပစ္စည်းကို လင်ဖြစ်သူကထက်ဝက်တိတိ ပိုင်ဆိုင်သလို မယားဖြစ်သူ မှလည်း ထက်ဝက်တိတိပိုင်ဆိုင်ကြပါတယ်။ ထို့အတူ နှစ်ဦးပိုင်ပစ္စည်းကို ရောင်းချ၊ပေါင်နှံရာ တွင်လည်း နှစ်ဦးသဘောတူ ဆောင်ရွက်မှ ဥပဒေနှင့်ညီပါတယ်။ လက်ထက်ပွားပစ္စည်းကို မယားတစ်ဦးတည်းမှ လင်မသိပဲ ပေါင်နှံရောင်းချခွင့် မရှိပါ။ ထိုသို့ရောင်းချပေါင်နှံခြင်းကို လက်ခံရယူမိသည့် အခြားသူများကိုလည်း တရားဥပဒေနှင့် မညီပဲ ဝယ်ယူသဖြင့် လင်ဖြစ်သူမှဖြစ်စေ၊ မယားဖြစ်သူမှဖြစ်စေ၊တစ်ဦးဦးက တရားစွဲဆို အရေးယူ ခံရနိုင်ပါတယ်။

 


[Zawgyi]



ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)