ထိုင်ဝမ်မှ သက်တံရောင်မိသားစုကျေးရွာ - Property News in Myanmar from iMyanmarHouse.com
5668 Views

ထိုင်ဝမ်မှ သက်တံရောင်မိသားစုကျေးရွာ

ဆေးရောင်စုံနဲ့ ပျော်ရွှင်ကြည်နူး ဖွယ်ရာ မိသားစုပုံလေးတွေ ခြယ်သရေး ဆွဲထားတဲ့ ထူးခြားတဲ့ သက်တံရောင် မိသားစုကျေးရွာလေးက ထိုင်ဝမ်မှာတည်ရှိ တာဖြစ်ပါတယ်။

တိုင်ချွမ်မြို့အပြင်ဘက် မှာ တည်ရှိတဲ့ကျေးရွာငယ်လေးဖြစ်ပြီး အသက်၉၀အရွယ် အဘိုး ဟွမ်ယန်ဖူက ကျေးရွာမှာရှိတဲ့ နံရံတွေ၊ တံခါးတွေနဲ့ သမံတလင်းတွေမှာ ချစ်စရာကောင်းတဲ့ ဆေးရောင်စုံမိသားစုရုပ်ပုံတွေကို ခြယ်သရေးဆွဲပေးခဲ့တာဖြစ်ပါတယ်။

သက်တံဘိုးဘိုးလို့ အမည်ပြောင်ပေးခံထားတဲ့ အဘိုး ဟွမ်ယန်ဖူက အပျင်းပြေဖို့ရာအတွက် သူ့အိမ်နံရံတွေမှာ ဆေးရောင်စုံရုပ်ပုံတွေ စတင်ရေးဆွဲဖြစ်ခဲ့တာဖြစ်ပြီး တစ်ရက်ပြီး တစ်ရက် ကျေးရွာထဲက အိမ်နီးချင်းတွေ ရဲ့နံရံတွေထိ နေရာချဲ့ရေးခြယ်လာခဲ့ရင်း တစ်ရွာလုံးနီးပါး အဘိုးဟွမ်ယန်ဖူရဲ့ ဆေး ရောင်စုံရုပ်ပုံတွေ ပြည့်နှက်သွားခဲ့တာဖြစ် ပါတယ်။

အဘိုးရဲ့လှပပြီး ပျော်ရွှင်ကြည် နူးစရာကောင်းတဲ့ သက်တံမိသားစုပန်းချီ ပုံတွေကြောင့် အစိုးရကကျေးရွာကိုဖြို ဖျက်မယ့်အစီအစဉ်လည်း ပြန်လည်ရုတ် သိမ်းခဲ့ရပြီး ယခုဆိုရင် ခရီးသွားတွေ လာရောက်လည်ပတ်လေ့လာတဲ့နေရာတစ်ခု လည်းဖြစ်လာခဲ့ပါပြီ။

အိမ်ရာသစ်စီမံကိန်း ကရှိနေဆဲဖြစ်တာကြောင့်ကျေးရွာကို အစိုးရက အချိန်မရွေးပြန်လည်ဖြိုဖျက် လာနိုင်သေးတဲ့အတွက် ရွာသူရွာသားတွေ က နေရာရွှေ့ပြောင်းသွားခဲ့ကြတာ ကြောင့် လက်ရှိအချိန်မှာတော့ တစ်ရွာလုံးမှာ အဘိုး ဟွမ်ယန်ဖူ တစ်ကိုယ်တည်းနေ ထိုင်နေတယ်လို့သိရပါတယ်။

ယခင်က ကျေးရွာလေးမှာ ကလေးတွေ၊ မိသားစု တွေနဲ့စည်ကားပျော်ရွှင်ဖွယ်ကောင်းခဲ့တဲ့ ပုံရိပ်တွေကအဘိုးဟွမ်ရဲ့အမြင်အာရုံမှာ စွဲလမ်းနေဆဲဖြစ်ပြီး
သူရဲ့စိတ်ကူးထဲက ပျော်ရွှင်နေတဲ့မိသားစုတွေကို ကျေးရွာရဲ့ နံရံတွေမှာ ဆေးစက်ချရေးဆွဲခဲ့တာဖြစ်ပါတယ်။

Credit: Pyi Myanmar
ထိုင်ဝမ်မှ သက်တံရောင်မိသားစုကျေးရွာ - Property News in Myanmar from iMyanmarHouse.com
ထိုင်ဝမ်မှ သက်တံရောင်မိသားစုကျေးရွာ - Property News in Myanmar from iMyanmarHouse.com
ထိုင်ဝမ်မှ သက်တံရောင်မိသားစုကျေးရွာ - Property News in Myanmar from iMyanmarHouse.com
ထိုင်ဝမ်မှ သက်တံရောင်မိသားစုကျေးရွာ - Property News in Myanmar from iMyanmarHouse.com
ထိုင်ဝမ်မှ သက်တံရောင်မိသားစုကျေးရွာ - Property News in Myanmar from iMyanmarHouse.com
ထိုင်ဝမ်မှ သက်တံရောင်မိသားစုကျေးရွာ - Property News in Myanmar from iMyanmarHouse.com
ထိုင်ဝမ်မှ သက်တံရောင်မိသားစုကျေးရွာ - Property News in Myanmar from iMyanmarHouse.com
ထိုင်ဝမ်မှ သက်တံရောင်မိသားစုကျေးရွာ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ

သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?

အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်

လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ

မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင

မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ

လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ

ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ

Upcoming Property Events

From 08 Jun To 09 Jun

Myat Ingyin Housing Sales Event

shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service