အနုပညာရှင် မဆုပန်ထွာ နှင့် သူမ၏ အိမ်ဖွဲ့စည်းမှု အကြောင်း တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၃) - Celebrity Interview on Property from iMyanmarHouse.com
1085 ကြိမ် ကြည့်ရှု့ပြီး

အနုပညာရှင် မဆုပန်ထွာ နှင့် သူမ၏ အိမ်ဖွဲ့စည်းမှု အကြောင်း တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၃)

Posted by မေသက်နှင်း (iMyanmarHouse.com)

သူမစိတ်တိုင်းကျ တည်ဆောက်ထားတဲ့ အပေါ်ထပ် ဝရန်တာလေးက
ရွှေနှင်းဆီကန်ကြီးကိုလည်း မြင်ရတာကြောင့် အရမ်းသာယာလှပပြီး
လေကောင်းလေသန့်ရရှိနိုင်တဲ့ နေရာလေးတစ်ခုပါ။ သူငယ်ချင်းတွေနဲ့ မုန့်လုပ်စားတဲ့ အခါမှာလည်း ဒီနေရာလေးက အဆင်ပြေတယ်။ မိုးရေချိုးရတာကို အရမ်းကြိုက်ပြီး အဲဒီအချိန်တွေမှာ အရမ်းပျော်တဲ့ သူမအတွက် ဒီနေရာလေးမှာ လွတ်လွတ်လပ်လပ် ရှိတယ်လို့ ပြောပါတယ်။

အိမ်ဆောက်တဲ့အချိန်မှာ သူမနေထိုင်တဲ့ အိပ်ခန်းကို ရှင်းလင်းပြီး ကျယ်ဝန်းတဲ့အခန်းလေး တစ်ခုအဖြစ် ဖန်တီးထားတာပါ။ အဖြူရောင်တွေကိုပဲ တစ်ခန်းလုံး အသုံးပြုထားတာကြောင့် သူမနေထိုင်တဲ့အိမ်လေးဟာ စိတ်အေးချမ်းမှုအများကြီး ရှိပါတယ်။ အိပ်ခန်းထဲမှာ အဝတ်ဗီရိုတွေ အများကြီးထားတာ မကြိုက်လို့ သူမရဲ့ အဝတ်တွေကို အခန်းတစ်ခန်း သီးသန့်ထားပါတယ်။ ဒါကြောင့် သန့်ရှင်းလှပတဲ့ အိပ်ခန်းလေးက သူမနှစ်သက်ရတဲ့ နေရာတစ်ခုလို့ ပြောသွားပါတယ်။

သူမအခန်းထဲက မှန်တင်ခုံပေါ်က သနပ်ခါးတုံးနဲ့ ကျောက်ပျဉ်ဟာ
မြန်မာမိန်းကလေးပီပီ မြန်မာ့ရိုးရာသနပ်ခါးကို တန်းဖိုးထား လိမ်းလေ့ရှိတာကို သိရပါတယ်။ အိမ်မှာနေတဲ့ အချိန်တွေမှာ Movies ကြည့်ရတာကို အရမ်းဝါသနာပါပြီး ကြိုက်နှစ်သက်ကြောင်း၊ အရင်ကတော့ ကိုယ့်စိတ်ကြိုက်
ပြင်ဆင်ခဲ့ပေမဲ့ အခုအိမ်ထောင်ကျပြီး အချိန်မှာတော့ သူမခင်ပွန်းနှင့် နှစ်ယောက်အတူတူ တိုင်ပင်၍ ပြင်ဆင်ကြောင်း ပြောသွားပါတယ်။

ခြံထဲမှာ အပင်စိုက်ပျိုးရတာကိုတော့ မပန်နဲ့ သူမရဲ့ မိခင်က ပိုပြီး ဝါသနာပါတယ်။ အားလပ်ရက်တွေမှာ ခြံထဲမှာ BBQ လုပ်စားဖြစ်ပါတယ်။ ဇနီးမောင်နှံနှစ်ဦးလုံး ခွေးအရမ်းချစ်ပြီး မွေးထားတဲ့ ခွေးလေးတွေနဲ့ ညနေဘက်တွေမှာ ခြံထဲမှာ ဆော့ကစား အပန်းဖြေ ဖြစ်ပါတယ်။
မွေးထားတဲ့ ခွေး(၃)ကောင်လုံးကို ဆရာနဲ့ ခေါ်သင်ထားတာပါ။
နောက်ထပ် ရေတံခွန်လေးတွေ အပင်လေးတွေနဲ့ ဒီထက်မက သာယာလှပတဲ့ အိမ် နဲ့ ခြံလေး ဖြစ်အောင် ပြင်ဆင်ထိန်းသိမ်းသွားမယ်လို့ မပန်ရဲ့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်က ပြောသွားပါတယ်။
အနုပညာရှင် မဆုပန်ထွာ နှင့် သူမ၏ အိမ်ဖွဲ့စည်းမှု အကြောင်း တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၃) - Celebrity Interview on Property from iMyanmarHouse.com
အနုပညာရှင် မဆုပန်ထွာ နှင့် သူမ၏ အိမ်ဖွဲ့စည်းမှု အကြောင်း တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၃) - Celebrity Interview on Property from iMyanmarHouse.com
အနုပညာရှင် မဆုပန်ထွာ နှင့် သူမ၏ အိမ်ဖွဲ့စည်းမှု အကြောင်း တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၃) - Celebrity Interview on Property from iMyanmarHouse.com
အနုပညာရှင် မဆုပန်ထွာ နှင့် သူမ၏ အိမ်ဖွဲ့စည်းမှု အကြောင်း တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၃) - Celebrity Interview on Property from iMyanmarHouse.com
အနုပညာရှင် မဆုပန်ထွာ နှင့် သူမ၏ အိမ်ဖွဲ့စည်းမှု အကြောင်း တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၃) - Celebrity Interview on Property from iMyanmarHouse.com
အနုပညာရှင် မဆုပန်ထွာ နှင့် သူမ၏ အိမ်ဖွဲ့စည်းမှု အကြောင်း တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၃) - Celebrity Interview on Property from iMyanmarHouse.com
အနုပညာရှင် မဆုပန်ထွာ နှင့် သူမ၏ အိမ်ဖွဲ့စည်းမှု အကြောင်း တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၃) - Celebrity Interview on Property from iMyanmarHouse.com
အနုပညာရှင် မဆုပန်ထွာ နှင့် သူမ၏ အိမ်ဖွဲ့စည်းမှု အကြောင်း တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၃) - Celebrity Interview on Property from iMyanmarHouse.com
အနုပညာရှင် မဆုပန်ထွာ နှင့် သူမ၏ အိမ်ဖွဲ့စည်းမှု အကြောင်း တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၃) - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)