ခြံဝင်းထဲမှာ တစ်ထပ်အိမ်လေးကို ပန်းပင်တွေ ဝန်းရံထားတာ နှစ်သက်တဲ့ တင်မိုးလွင် - Celebrity Interview on Property from iMyanmarHouse.com
2310 ကြိမ် ကြည့်ရှု့ပြီး

ခြံဝင်းထဲမှာ တစ်ထပ်အိမ်လေးကို ပန်းပင်တွေ ဝန်းရံထားတာ နှစ်သက်တဲ့ တင်မိုးလွင်

Posted by နန္ဒာယမင်း (iMyanmarHouse.com)

အနုပညာလောက၏ ကြယ်ပွင့်လေးများကို မွေးထုတ်ပေးနေသော ယခုလက်ရှိတွင်လည်း မြန်မာ- ကိုရီးယား သံတမန်အဖြစ် ခန့်အပ်ခြင်းခံရသည့် မတင်မိုးလွင်၏ စိတ်ကူးထဲက အိမ်ကလေးကို ဖော်ပြပေးလိုက်ပါတယ်။



မေး။ ။ မမိုးအနေနဲ့ ဘယ်လိုအိမ်ပုံစံအမျိုးအစားကို ကြိုက်နှစ်သက်လဲ



ဖြေ။ ။ မမိုးကတော့ တစ်ထပ်အိမ်ပြားပြားလေးကို ခြံလေးဝိုင်းလေးနဲ့ဆို ကြိုက်ပါတယ်။ ရာသီဥတုအပူဒဏ်ခံနိုင်မယ့်တစ်ထပ်အိမ်လေးဆိုပိုကြိုက်ပါတယ်။ နောက်တစ်ထပ်တက်ရရင် သိပ်မကြိုက်ဘူး ငလျင်ဒဏ်လည်း ကြောက်တော့ အထပ်မြင့်တွေဆို သိပ်မကြိုက်ဘူး။



မေး။ ။ အခုလက်ရှိနေတဲ့ အိမ်နဲ့ရောမမိုးစိတ်ကြိုက်ဖြစ်ရဲ့လားပေါ့နော်



ဖြေ။။ ။ အခုလက်ရှိနေတဲ့ အိမ်ကိုလည်း သဘောကြပါတယ်။ နှစ်ထပ်ဆိုရင် ပူရင် အောက်ဆင်းရတာပေါ့ ဒါပေမဲ့ တစ်ထပ်ထဲက မိသားစုတွေပိုပြီးတွေ့လို့ရတယ်၊ နွေးထွေးမှုရှိသလို ခံစားရတယ်လို့ ထင်တယ်။



မေး။ ။ အိမ်ရဲ့အပြင်အဆင်ပိုင်းကရော မမိုးစိတ်ကြိုက်ပြင်ဆင်ထားတာလား



ဖြေ။ ။ စိတ်ကြိုက်ပဲပြင်ဆင်ထားပါတယ် ပြင်ဆင်မှုအပိုင်းနဲ့ ပတ်သက်လို့ကတော့ အရမ်းရှုပ်ရှုပ်ယှက်ယှက်မကြိုက်ဘူး မြင်လိုက်ရင်ရှင်းရှင်းလင်းလင်းလေး ဖြစ်ချင်တာရယ်။ အရောင်ဆိုလည်းအဲဒီအတိုင်းပဲ ရှင်းရှင်းလေးပဲ ကြိုက်တယ်။ Furniture လည်း ရှင်းရှင်းလေးပဲကြိုက်တယ်။



မေး။ ။ အိမ်ကိုအရောင်ခြယ်သရင် ဘယ်လိုအရောင်မျိုး ကြိုက်လဲ။



ဖြေ။ ။ အဖြူနဲ့အသားရောင်ကို ရွေးထားတာများတယ်။



မေး။ ။ အိမ်ရဲ့ ဧည့်ခန်းနဲ့ အိပ်ခန်းကို ဘယ်အခန်းကိုနှစ်သက်လဲ။



ဖြေ။ ။ အားလုံးစုံတဲ့ ဧည့်ခန်းကိုပိုနှစ်သက်တယ်၊ တီဗွီ၊ စာအုပ်စင်၊ အလှပြင်ပစ္စည်း၊ အားကစားလည်း လုပ်တယ်၊ မိသားစုတွေလည်း အကုန်စုံတယ်။ အိမ်မှာက ကိုယ့်အခန်းကိုသွားကြတော့ အများသုံးဧည့်ခန်းကို ပိုကြိုက်တယ်။



မေး။ ။ မမိုးရဲ့ခြံဝန်းထဲကိုရော ဘယ်လိုပြင်ဆင်မှုများ လုပ်ထားသလဲရှင့်။



ဖြေ။ ။ ခြံထဲမှာက လူ ငါးယောက်လောက်ထိုင်လို့ရမဲ့ ကွပ်ပျစ်လေးရယ်၊ ပန်းပင်တွေလည်း စိုက်ထားတယ်။ ပန်းပင်လေးတွေစိုက်ရတာကို နှစ်သက်တယ်။ နှင်းဆီ၊ ဇီဇ၀ါ၊ တရုတ်စကားပန်း ရှိတယ် ဇွန်ပန်းလေးတွေရယ် စိုက်ထားတယ်။ ခြံလေးထဲဆင်းသွားရင် ပန်းရနံ့တွေနဲ့ဆိုတော့ စိတ်ကိုကြည်လင်စေလို့လေ။



မေး။ ။ စိတ်ကူးထဲက အိမ်လေးနဲ့ လက်ရှိနေထိုင်တဲ့ ပုံစံထပ်တူကြရဲ့လား။



ဖြေ။ ။ စိတ်ကူးထဲက အိမ်လေးနဲ့ ထပ်တူကျပါတယ်။ မိသားစုအားလုံးစုံစုံလင်လင်လေး နေရတာနဲ့တင် ကျေနပ်လှပါပြီ။ ပရိသတ်တွေအနေနဲ့လည်း မိသားစုစုံစုံလင်လင် နေနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။



မေး။ ။ မမိုးလတ်တလော ဘာတွေလုပ်နေလဲ။



ဖြေ။ ။ မမိုးပုံမှန်သင်တန်းဖွင့်ထားတယ်။ လူမှုရေးအလုပ်လေးလုပ်ဖြစ်တယ်၊ ခရီးသွားသံတမန်အဖြစ် ကိုရီးယားကပြန်ရောက်တာမကြာသေးပါဘူး။



နန္ဒာယမင်း ( iMyanmarHouse.com) မှ အင်တာဗျူး၍ ဖော်ပြပေးပါသည်။

Credit: iMyanmarHouse.com
ခြံဝင်းထဲမှာ တစ်ထပ်အိမ်လေးကို ပန်းပင်တွေ ဝန်းရံထားတာ နှစ်သက်တဲ့ တင်မိုးလွင် - Celebrity Interview on Property from iMyanmarHouse.com
ခြံဝင်းထဲမှာ တစ်ထပ်အိမ်လေးကို ပန်းပင်တွေ ဝန်းရံထားတာ နှစ်သက်တဲ့ တင်မိုးလွင် - Celebrity Interview on Property from iMyanmarHouse.com
ခြံဝင်းထဲမှာ တစ်ထပ်အိမ်လေးကို ပန်းပင်တွေ ဝန်းရံထားတာ နှစ်သက်တဲ့ တင်မိုးလွင် - Celebrity Interview on Property from iMyanmarHouse.com
ခြံဝင်းထဲမှာ တစ်ထပ်အိမ်လေးကို ပန်းပင်တွေ ဝန်းရံထားတာ နှစ်သက်တဲ့ တင်မိုးလွင် - Celebrity Interview on Property from iMyanmarHouse.com
ခြံဝင်းထဲမှာ တစ်ထပ်အိမ်လေးကို ပန်းပင်တွေ ဝန်းရံထားတာ နှစ်သက်တဲ့ တင်မိုးလွင် - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)