805 ကြိမ် ကြည့်ရှု့ ပြီး
အင်းစိန်မြို့နယ်တွင် အခန်းပိုင်လိုသူများအတွက် ဈေးနှုန်းသင့် စေတော်ဝင်အိမ်ရာအခန်းများ အရောင်းဖွင့်ပွဲ
[Unicode]
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော
iMyanmarHouse.com( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ အင်းစိန်မြို့နယ်တွင် အခန်းပိုင်လိုသူများအတွက် ဈေးနှုန်းသင့်  စေတော်ဝင်အိမ်ရာ  အခန်းများ အရောင်းဖွင့်ပွဲကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ နှင့် ၂၅ ရက် ( စနေ၊ တနင်္ဂနွေနေ့) များတွင် မနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ အင်းစိန်မြို့နယ်၊ မုဒိတာအိမ်ရာရှေ့ရှိ စေတော်ဝင်အိမ်ရာ တွင် အောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ခဲ့ပါသည်။
အင်းစိန်မြို့နယ်တွင် အခန်းပိုင်လိုသူများအတွက် ဈေးနှုန်းသင့် စေတော်ဝင်အိမ်ရာအခန်းများ အရောင်းဖွင့်ပွဲ
ပြပွဲကာလအတွင်း လာရောက်ဝယ်ယူသူများထဲမှ ပထမဦးဆုံးဝယ်ယူသူ(၅) ဦးအတွက် 10%အထိ သက်သာခွင့်များ၊ ဘဏ်ဖြင့် (၁၅)နှစ် အရစ်ကျဝယ်ယူနိုင်ခွင့်များ၊ Furniture ပစ္စည်းများလက်ဆောင် ထည့်ပေးခြင်း စသည့်အစီအစဥ်များဖြင့် ရောင်းချနိုင်ခဲ့ပါသည်။
အင်းစိန်မြို့နယ်တွင် အခန်းပိုင်လိုသူများအတွက် ဈေးနှုန်းသင့် စေတော်ဝင်အိမ်ရာအခန်းများ အရောင်းဖွင့်ပွဲ
စေတော်ဝင်အိမ်ရာ  သည် ကမ်းနားလမ်းအလယ်ရပ်ကွက်(မုဒိတာအိမ်ရာ ၂ ရှေ့) ဖန်ချက်စက်နှင့် ဆန်စက်လမ်းပေါ်၊ အင်းစိန်မြို့နယ်တွင်တည်ရှိသည်။ မြေပိုင်မြေပေါ်တွင်ဆောက်လုပ်ထားပြီး (၁၀၀) ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးပြီဖြစ်သည့် အဆင့်မြင့်အိမ်ရာဖြစ်ပါသည်။ ဤအိမ်ရာသည် အမြင့်အားဖြင့် (၄)ထပ်အထိရှိပြီး တစ်လွှာတွင် (၁၀) ခန်းပါဝင်သည့်အတွက် စုစုပေါင်း အခန်း(၄၀)သာပါရှိပါသည်။ အခန်းတစ်ခန်းဝယ်ယူပါက ကားပါကင်တစ်နေရာစာ အပိုင်ရရှိဦးမည် ဖြစ်သည်။ အခန်းဝယ်ယူမည်ဆိုလျှင်လည်း ရွေးချယ်စရာအနေဖြင့် 756 sqft နှင့် 1150 sqft ကျယ်ဝန်းသည့် အခန်းများကို (2BR)၊ (3BR) စသည်ဖြင့် ရွေးချယ်နိုင်မည်ဖြစ်သည်။ လျှောက်လမ်းများအလင်းရောင်ရရှိစေရန် Backguard မီးပေးစနစ်၊ ရေပေးဝေစနစ်၊ မီးသတ်စနစ်နှင့် ဓာတ်လှေကားတစ်စီး စသည်တို့သည်လည်း Facilities များအနေနှင့် ပါဝင်သည့် အတွက် ရေ၊မီး၊ လျှပ်စစ်အတွက် စိတ်ပူပင်စရာမလိုပါ။ ဒါ့အပြင် မြေညီထပ်ရှိ အခန်းများမှာ Spa နှင့် Beauty Salon ဖွင့်လှစ်လိုသူများအတွက်၊ စီးပွားရေးလုပ်ကိုင်ရန်အတွက် အထူးသင့်တော်ပါသည်။အနီးအနားတွင် PRO 1 Homemart (အင်းစိန်)၊ ဘဏ်များ၊ အင်းစိန်စျေး၊ အောင်ဇေယျတံတားတို့ တည်ရှိ၍ လိုအပ်သည်များကို လွယ်လွယ်ကူကူဝယ်ယူနိုင်ပြီး တနေ့တာကိစ္စအဝဝအတွက်အဆင်ပြေစေပါသည်။ သွားရေးလာရေးအတွက်ဆိုလျှင်လည်း လမ်းသစ်လမ်းမှတဆင့် စော်ဘွားကြီးကုန်းသို့အချိန်တိုအတွင်း သွားလာနိုင်သည့်အပြင် ပြည်လမ်းနှင့် ကမ်းနားလမ်းတို့ကို အလွယ်တကူသွားလာနိုင်သည့် တည်နေရာ တွင် တည်ရှိနေပါသည်။
အင်းစိန်မြို့နယ်တွင် အခန်းပိုင်လိုသူများအတွက် ဈေးနှုန်းသင့် စေတော်ဝင်အိမ်ရာအခန်းများ အရောင်းဖွင့်ပွဲ
“ သင့်တင့်တဲ့ဈေးနှုန်းနဲ့ အခန်းပိုင်ချင်တဲ့သူတွေအတွက်  စေတော်ဝင်အိမ်ရာ  က လက်လွတ်မခံသင့်တဲ့ အခွင့်အရေးကြီးပဲဖြစ်ပါတယ်။ ပြပွဲအတွင်းမှာဆိုရင်လည်း သက်သာခွင့်တွေ၊ ဘဏ်နဲ့ချိတ်ဆက်ပြီး အရစ်ကျပေးချေခွင့်တွေ၊ လက်ဆောင်ပစ္စည်းတွေထည့်ပေးတဲ့ အထူးအစီအစဥ်တွေနဲ့ ရောင်းချပေးခဲ့ပါတယ်” ဟု iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူက အရောင်းပြပွဲနှင့်ပတ်သက်၍ပြောကြားသွားခဲ့သည်။
အင်းစိန်မြို့နယ်တွင် အခန်းပိုင်လိုသူများအတွက် ဈေးနှုန်းသင့် စေတော်ဝင်အိမ်ရာအခန်းများ အရောင်းဖွင့်ပွဲ
အင်းစိန်မြို့နယ်တွင် အခန်းပိုင်လိုသူများအတွက် ဈေးနှုန်းသင့် စေတော်ဝင်အိမ်ရာအခန်းများ အရောင်းဖွင့်ပွဲ
အင်းစိန်မြို့နယ်တွင် အခန်းပိုင်လိုသူများအတွက် ဈေးနှုန်းသင့် စေတော်ဝင်အိမ်ရာအခန်းများ အရောင်းဖွင့်ပွဲ
အင်းစိန်မြို့နယ်တွင် အခန်းပိုင်လိုသူများအတွက် ဈေးနှုန်းသင့် စေတော်ဝင်အိမ်ရာအခန်းများ အရောင်းဖွင့်ပွဲ
အင်းစိန်မြို့နယ်တွင် အခန်းပိုင်လိုသူများအတွက် ဈေးနှုန်းသင့် စေတော်ဝင်အိမ်ရာအခန်းများ အရောင်းဖွင့်ပွဲ
အင်းစိန်မြို့နယ်တွင် အခန်းပိုင်လိုသူများအတွက် ဈေးနှုန်းသင့် စေတော်ဝင်အိမ်ရာအခန်းများ အရောင်းဖွင့်ပွဲ
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်
[Zawgyi]
iMyanmarHouse.com
အခြား အိမ်ခြံမြေ ပွဲစဉ်များ
မန္တလေးမြို့မြေဈေး မြင့်နေချိန်တွင် ပိုင်ဆိုင်မှုခိုင်မာသော ဂရန်မြေကွက်များကို အလွန်တန်သော ဈေးနှုန်းဖြင့်အရောင်းပြပွဲပြုလုပ်ရောင်းချပေးခဲ့
မရမ်းကုန်း (၉) မိုင် ၊ VIP ဆိတ်ငြိမ်ရပ်ကွက်ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် Shwe Hnin Si Residence မြေကွက်များအရောင်းပြပွဲ
15% Discount ရမည့် ရန်ကုန်မြို့၏ အထင်ကရနေရာဖြစ်သည့် လှည်းတန်းရှိ Mya Nandar Hledan Condo အရောင်းပြပွဲ
15% Discount ရမည့် ရန်ကုန်မြို့၏ အထင်ကရနေရာဖြစ်သည့် လှည်းတန်းရှိ Mya Nandar Hledan Condo အရောင်းပြပွဲ
ဘဏ် (၁၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် အလုံလမ်းမကြီးပေါ်ရှိ ပန်းစွယ်တော် ကွန်ဒိုအရောင်းပြပွဲ
BCC ကျပြီးအသင့်နေနိုင်သည့် ဂျန်းရှင်းဇဝနအနီးက အသစ်စက်စက် Cherry Condo အရောင်းပြပွဲ
သင်္ကြန် အကြို၊ အကျ၊ အကြတ် (၃) ရက်ဆက်တိုက်ကျင်းပပြုလုပ်မည့် ငွေဆောင်ရှိ Sweet Dream Villa မြေကွက်အရောင်းပြပွဲကြီး
Shwe Taung Group မှဖော်ဆောင်နေသော Homes @ Ponnami အခန်းများကို 10% Down Payment ဖြင့်ရောင်းချပေးခဲ့
သိန်း (၅၀) အထိသက်သာခွင့်ပေးခဲ့သည့် မြောက်ဒဂုံမြို့နယ်ရှိ ကြိုပွိုင့် Maha Mini Condo အရောင်းပြပွဲ အောင်မြင်စွာကျင်းပ ပြီးစီး
RAINFOREST Co., Ltd မှ တာဝန်ယူတည်ဆောက်နေသည့် ရန်ကုန်မြို့၏ အသည်းနှလုံးနေရာတွင်တည်ရှိနေသော AREA ONE BUSINESS Complex ရှိ Shophouses များအရောင်းပြပွဲ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)