အောက်တိုဘာလ ၆ ရက် (သို့မဟုတ်) အီဂျစ်နိုင်ငံက မြစ်တစ်စင်းတည်းကို (၂) ကြိမ် ဖြတ်သန်းဆောက်လုပ်ထားသည့် အံ့ဖွယ်ရှည်လျားလှသော တံတား ၂၇ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့

အောက်တိုဘာလ ၆ ရက် (သို့မဟုတ်) အီဂျစ်နိုင်ငံက မြစ်တစ်စင်းတည်းကို (၂) ကြိမ် ဖြတ်သန်းဆောက်လုပ်ထားသည့် အံ့ဖွယ်ရှည်လျားလှသော တံတား ၂၇ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့ - Property News in Myanmar from iMyanmarHouse.com
30 Apr 2024 11:27 am တွင် တင်ခဲ့သည်
400 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အီဂျစ်နိုင်ငံတွင် မြစ်တစ်စင်းတည်းကို ၂ ကြိမ် ဖြတ်သန်းကာ ဆောက်လုပ်ထားသည့် အံ့ဖွယ်ရှည်လျားလှသော တံတားမှာ ဆယ်စုနှစ် ၃ ခုနီးပါး အချိန်ယူဆောက်လုပ်ခဲ့ရသော်လည်း ကုန်ကျစရိတ် ကန်ဒေါ်လာ ၃ ဒသမ ၇ သန်းမျှသာ ကုန်ကျခဲ့သည်။

အောက်တိုဘာလ ၆ ရက်ဟု ထူးထူးခြားခြား နာမည်ပေးထားသော အဆိုပါတံတားကို ဆောက်လုပ်ရန် အီဂျစ်သမ္မတ ဂါမဲလ် အက်ဘ်ဒဲ နာဆာက ၁၉၆၉ ခုနှစ်တွင် စတင်ကြံရွယ်ခဲ့ခြင်း ဖြစ်သည်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၏ လမ်းများတွင် ထိုအချိန်က အလွန်လမ်းကြောပိတ်ရာ နာဆာက ကိုင်ရို၏ လမ်းများကို ပြုပြင်ပြောင်းလဲရန် ရည်ရွယ်ခဲ့သည်။

ကိုင်ရိုမြို့တော်၏ လမ်းများမှာ ထိုအချိန်က ကျဉ်းမြောင်းလှပြီး ယာဉ်ကြောဆိုင်ရာမှာလည်း ညံ့ဖျင်းလှ၏။

အိမ်စီးကားများ၊ ဘတ်စ်ကားများနှင့် မော်တော်ဆိုင်ကယ်ပေါင်း ၆၅,၀၀၀ ခန့် နေ့စဉ် မောင်းနှင်လျက်ရှိရာ ယာဉ်အစင်းရေ များပြားလာသည်နှင့်အမျှ အခြေအနေမှာ ပိုမိုဆိုးရွားလာရန်သာ ရှိသည်။

ကမ္ဘာကျော် နိုင်းမြစ်ကြီးကို ဖြတ်သန်းကာ ဤတံတားသစ်ကြီးဖြင့် မြို့အား ဆက်သွယ်ပေးရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

တံတားကို အဆင့် ၈ ဆင့်ခွဲကာ နှစ်ပေါင်း ၃၀ နီးပါး ဆောက်လုပ်ခဲ့ရပြီး နိုင်းမြစ်ကို နေရာ ၂ ခုတွင် ၂ ကြိမ်တိုင် ဖြတ်သန်းဆောက်လုပ်ထားခဲ့သည်။

 

(တံတားပေါ်မှ တွေ့မြင်ရသည့် နိုင်းမြစ်၏ အံ့မခန်း မြင်ကွင်း။ ဓာတ်ပုံ-Getty)

Arab Contractors ကုမ္ပဏီက ၁၉၆၉ ခုနှစ် နှစ်လယ်ပိုင်းတွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင်မှ အပြီးသတ်ခဲ့ရာ ဆောက်လုပ်ချိန် ၂၇ နှစ်ကြာမြင့်ခဲ့သည်။

ထိုသို့ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ရခြင်း၏ အကြောင်းတစ်ရပ်မှာ ၂၀ ရာစု နှောင်းပိုင်းတွင် အီဂျစ်နိုင်ငံ ကြုံတွေ့ခဲ့ရသော ပြဿနာများစွာကြောင့် စီးပွားရေး ကျဆင်းခဲ့ရသည့်အတွက် ဖြစ်သည်။

သို့သော် အီဂျစ်အစိုးရက အဆိုပါ တံတားကို အီဂျစ်ငွေ သန်း ၂၀၀ (ကန်ဒေါ်လာ ၄ သန်း) အကုန်ကျခံ ဆောက်လုပ်ခဲ့သည်။

တံတားမှာ အလျား ၂၂ ကီလိုမီတာ (၁၃ ဒသမ ၆ မိုင်) အထိ ရှည်လျားပြီး ကိုင်ရိုမြို့တလွှား မြွေကြီး တစ်ကောင်သဖွယ် တွန့်လိမ်ဖြတ်သန်းသွားသည်။

တံတားသည် ကိုင်ရိုမြို့လယ်နှင့် Monhandiseen အရပ်တို့တွင် နိုင်းမြစ်ကို ၂ ကြိမ် ဖြတ်သန်း ဆောက်လုပ်ထားသည်။

 

(တံတားမှာ နိုင်းမြစ်ကို ၂ ကြိမ် ဖြတ်သန်းဆောက်လုပ်ထားသည်။ ဓာတ်ပုံ-Getty)

 

(ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားသော ကိုင်ရိုမြို့၏ ယာဉ်ကြောများကို ဤတံတားက တစိတ်တပိုင်း ဖြေရှင်း ပေးသည်။ ဓာတ်ပုံ-Getty)

 

၁၉၇၃ ခုနှစ် အာရပ်-အစ္စရေး ယွန်ကစ်ပူးစစ်ပွဲတွင် အီဂျစ်စစ်တပ်က စူးအက်တူးမြောင်းကို ဖြတ်သန်းခဲ့ သည့်နေ့အား ဂုဏ်ပြုသောအားဖြင့် တံတားအမည်ကို အောက်တိုဘာ ၆ ရက်ဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။

ဤတံတားသည် အမျိုးသားအဆင့် စီမံကိန်းအောင်ပွဲတစ်ခုဖြစ်ကာ ရှုခင်းကြည့် မျှော်စင်တစ်ခုလည်း ထည့်သွင်းထားရာ နိုင်းမြစ်နှင့် ကိုင်ရိုမြို့၏ အထင်ကရ နေရာများစွာကို ကြည့်ရှုခံစားနိုင်သည်။

တံတားပေါ်မှ ဖြတ်သန်းသူများအနေဖြင့် နာမည်ကျော် အီဂျစ်ပြတိုက်၊ ကိုင်ရိုမျှော်စင်နှင့် Maspero ရုပ်သံဌာန အဆောက်အအုံများကို တွေ့မြင်နိုင်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The incredible bridge so long it crosses same river twice - and took 27 years to build (express)

Photo Credit: Getty

 

 

 

[Zawgyi]

 

ေအာက္တိုဘာလ ၆ ရက္ (သို႔မဟုတ္) အီဂ်စ္ႏိုင္ငံက ျမစ္တစ္စင္းတည္းကို (၂) ႀကိမ္ ျဖတ္သန္းေဆာက္လုပ္ထားသည့္ အံ့ဖြယ္႐ွည္လ်ားလွေသာ တံတား ၂၇ ႏွစ္ၾကာ အခ်ိန္ယူေဆာက္လုပ္ခဲ့ရ

 

အီဂ်စ္ႏိုင္ငံတြင္ ျမစ္တစ္စင္းတည္းကို ၂ ၾကိမ္ ျဖတ္သန္းကာ ေဆာက္လုပ္ထားသည့္ အံ့ဖြယ္ရွည္လ်ားလွေသာ တံတားမွာ ဆယ္စုႏွစ္ ၃ ခုနီးပါး အခ်ိန္ယူေဆာက္လုပ္ခဲ့ရေသာ္လည္း ကုန္က်စရိတ္ ကန္ေဒၚလာ ၃ ဒသမ ၇ သန္းမွ်သာ ကုန္က်ခဲ့သည္။

ေအာက္တိုဘာလ ၆ ရက္ဟု ထူးထူးျခားျခား နာမည္ေပးထားေသာ အဆုိပါတံတားကို ေဆာက္လုပ္ရန္ အီဂ်စ္သမၼတ ဂါမဲလ္ အက္ဘ္ဒဲ နာဆာက ၁၉၆၉ ခုႏွစ္တြင္ စတင္ၾကံရြယ္ခဲ့ျခင္း ျဖစ္သည္။

အီဂ်စ္ႏိုင္ငံ ကိုင္ရိုျမဳိ႕၏ လမ္းမ်ားတြင္ ထိုအခ်ိန္က အလြန္လမ္းေၾကာပိတ္ရာ နာဆာက ကိုင္ရို၏ လမ္းမ်ားကို ျပဳျပင္ေျပာင္းလဲရန္ ရည္ရြယ္ခဲ့သည္။

ကုိင္ရိုျမဳိ႕ေတာ္၏ လမ္းမ်ားမွာ ထိုအခ်ိန္က က်ဥ္းေျမာင္းလွျပီး ယာဥ္ေၾကာဆိုင္ရာမွာလည္း ညံ့ဖ်င္းလွ၏။

အိမ္စီးကားမ်ား၊ ဘတ္စ္ကားမ်ားႏွင့္ ေမာ္ေတာ္ဆိုင္ကယ္ေပါင္း ၆၅,၀၀၀ ခန္႔ ေန႔စဥ္ ေမာင္းႏွင္လ်က္ရွိရာ ယာဥ္အစင္းေရ မ်ားျပားလာသည္ႏွင့္အမွ် အေျခအေနမွာ ပိုမိုဆုိးရြားလာရန္သာ ရွိသည္။

ကမၻာေက်ာ္ ႏိုင္းျမစ္ၾကီးကုိ ျဖတ္သန္းကာ ဤတံတားသစ္ၾကီးျဖင့္ ျမဳိ႕အား ဆက္သြယ္ေပးရန္ ရည္ရြယ္ခဲ့ျခင္း ျဖစ္သည္။

တံတားကို အဆင့္ ၈ ဆင့္ခြဲကာ ႏွစ္ေပါင္း ၃၀ နီးပါး ေဆာက္လုပ္ခဲ့ရျပီး ႏိုင္းျမစ္ကို ေနရာ ၂ ခုတြင္ ၂ ၾကိမ္တုိင္ ျဖတ္သန္းေဆာက္လုပ္ထားခဲ့သည္။

 

(တံတားေပၚမွ ေတြ႔ျမင္ရသည့္ ႏိုင္းျမစ္၏ အံ့မခန္း ျမင္ကြင္း။ ဓာတ္ပံု-Getty)

Arab Contractors ကုမၸဏီက ၁၉၆၉ ခုႏွစ္ ႏွစ္လယ္ပိုင္းတြင္ စတင္ေဆာက္လုပ္ခဲ့ျပီး ၁၉၉၆ ခုႏွစ္တြင္မွ အျပီးသတ္ခဲ့ရာ ေဆာက္လုပ္ခ်ိန္ ၂၇ ႏွစ္ၾကာျမင့္ခဲ့သည္။

ထိုသို႔ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ခဲ့ရျခင္း၏ အေၾကာင္းတစ္ရပ္မွာ ၂၀ ရာစု ေႏွာင္းပိုင္းတြင္ အီဂ်စ္ႏိုင္ငံ ၾကံဳေတြ႔ခဲ့ရေသာ ျပႆနာမ်ားစြာေၾကာင့္ စီးပြားေရး က်ဆင္းခဲ့ရသည့္အတြက္ ျဖစ္သည္။

သို႔ေသာ္ အီဂ်စ္အစိုးရက အဆုိပါ တံတားကို အီဂ်စ္ေငြ သန္း ၂၀၀ (ကန္ေဒၚလာ ၄ သန္း) အကုန္က်ခံ ေဆာက္လုပ္ခဲ့သည္။

တံတားမွာ အလ်ား ၂၂ ကီလိုမီတာ (၁၃ ဒသမ ၆ မိုင္) အထိ ရွည္လ်ားျပီး ကိုင္ရိုျမဳိ႕တလႊား ေျမြၾကီး တစ္ေကာင္သဖြယ္ တြန္႔လိမ္ျဖတ္သန္းသြားသည္။

တံတားသည္ ကိုင္ရိုျမဳိ႕လယ္ႏွင့္ Monhandiseen အရပ္တု႔ိတြင္ ႏိုင္းျမစ္ကို ၂ ၾကိမ္ ျဖတ္သန္း ေဆာက္လုပ္ထားသည္။

(တံတားမွာ ႏိုင္းျမစ္ကို ၂ ၾကိမ္ ျဖတ္သန္းေဆာက္လုပ္ထားသည္။ ဓာတ္ပံု-Getty)

(ယာဥ္ေၾကာပိတ္ဆို႔မႈ ဆိုးရြားေသာ ကိုင္ရိုျမဳိ႕၏ ယာဥ္ေၾကာမ်ားကို ဤတံတားက တစိတ္တပိုင္း ေျဖရွင္း ေပးသည္။ ဓာတ္ပံု-Getty)

၁၉၇၃ ခုႏွစ္ အာရပ္-အစၥေရး ယြန္ကစ္ပူးစစ္ပြဲတြင္ အီဂ်စ္စစ္တပ္က စူးအက္တူးေျမာင္းကို ျဖတ္သန္းခဲ့ သည့္ေန႔အား ဂုဏ္ျပဳေသာအားျဖင့္ တံတားအမည္ကို ေအာက္တိုဘာ ၆ ရက္ဟု အမည္ေပးခဲ့ျခင္း ျဖစ္သည္။

ဤတံတားသည္ အမ်ဳိးသားအဆင့္ စီမံကိန္းေအာင္ပြဲတစ္ခုျဖစ္ကာ ရႈခင္းၾကည့္ ေမွ်ာ္စင္တစ္ခုလည္း ထည့္သြင္းထားရာ ႏိုင္းျမစ္ႏွင့္ ကိုင္ရိုျမဳိ႕၏ အထင္ကရ ေနရာမ်ားစြာကုိ ၾကည့္ရႈခံစားႏိုင္သည္။

တံတားေပၚမွ ျဖတ္သန္းသူမ်ားအေနျဖင့္ နာမည္ေက်ာ္ အီဂ်စ္ျပတိုက္၊ ကိုင္ရိုေမွ်ာ္စင္ႏွင့္ Maspero ရုပ္သံဌာန အေဆာက္အအံုမ်ားကို ေတြ႔ျမင္ႏုိင္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The incredible bridge so long it crosses same river twice - and took 27 years to build (express)

Photo Credit: Getty

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ
တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ
ကျိန်စာသင့်အရုပ်များ၊ ခေါင်းတလားများနှင့် ခြောက်ခြားဖွယ်ပစ္စည်းများ စုဆောင်းထားသော အမေရိကန်မှ မိန်းကလေးတစ်ဦး၏ ကျောချမ်းဖွယ် နေအိမ်...
ကျိန်စာသင့်အရုပ်များ၊ ခေါင်းတလားများနှင့် ခြောက်ခြားဖွယ်ပစ္စည်းများ စုဆောင်းထားသော အမေရိကန်မှ မိန်းကလေးတစ်ဦး၏ ကျောချမ်းဖွယ် နေအိမ်...
ဆောက်လုပ်ရေးလုပ်သား ရှားပါးနေသော အမေရိကန်ဆောက်လုပ်ရေးလောကအကြောင်း ရင်ဖွင့်လာသည့် နယူးဂျာစီပြည်နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်...
ဆောက်လုပ်ရေးလုပ်သား ရှားပါးနေသော အမေရိကန်ဆောက်လုပ်ရေးလောကအကြောင်း ရင်ဖွင့်လာသည့် နယူးဂျာစီပြည်နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်...
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
အမေရိကန်ပြည်၊ ဖလော်ရီဒါရှိ လှပထည်ဝါခမ်းနားလှသော ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ဝယ်လက်တစ်ဦးက ကန်ဒေါ်လာ သန်း ၄၀ ဖြင့် စံချိန်တင်ဈေးနှုန်းပေးကာ ဝယ်ယူပြီးနောက် စံအိမ်ကို ဖြိုချရန် စီစဉ်...
အမေရိကန်ပြည်၊ ဖလော်ရီဒါရှိ လှပထည်ဝါခမ်းနားလှသော ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ဝယ်လက်တစ်ဦးက ကန်ဒေါ်လာ သန်း ၄၀ ဖြင့် စံချိန်တင်ဈေးနှုန်းပေးကာ ဝယ်ယူပြီးနောက် စံအိမ်ကို ဖြိုချရန် စီစဉ်...
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် နှစ်ပေါင်း (၆၀) ခန့် စွန့်ပစ်ခံထားရ...
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် နှစ်ပေါင်း (၆၀) ခန့် စွန့်ပစ်ခံထားရ...
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
ရန်ကုန်နှင့် မန္တလေးတွင် မီးပျက်ခြင်းကြောင့် ဘန်ကောက်ရှိကွန်ဒိုခန်းများ အဝယ်များနေ
ရန်ကုန်နှင့် မန္တလေးတွင် မီးပျက်ခြင်းကြောင့် ဘန်ကောက်ရှိကွန်ဒိုခန်းများ အဝယ်များနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရှားနိုင်ငံသား လူငယ်...
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရှားနိုင်ငံသား လူငယ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီ
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

platinum-garden
maha

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service