ဓာတ်လှေကားစီးခြင်းထက် လှေကားမှတက်ခြင်းက အချိန်မတန်မီ သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း အင်္ဂလန်သိပ္ပံပညာရှင်များပြော

ဓာတ်လှေကားစီးခြင်းထက် လှေကားမှတက်ခြင်းက အချိန်မတန်မီ သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း အင်္ဂလန်သိပ္ပံပညာရှင်များပြော - Property News in Myanmar from iMyanmarHouse.com
30 Apr 2024 10:14 am တွင် တင်ခဲ့သည်
430 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဓာတ်လှေကားစီးရန်သာ ဆန္ဒရှိသူများအနေဖြင့် ယခုဖော်ပြပါအချက်ကို သတိပြုသင့်သည်။

ယင်းကား လှေကားမှတက်ခြင်းမှာ သင်၏ ကျန်းမာရေးကို များစွာအကျိုးပြုကြောင်း သိပ္ပံပညာရှင်များက ပြောထားသည့်အချက်ပင်။

ယခုတွေ့ရှိလာသော သုတေသနသစ်အရ လှေကားမှ ပုံမှန်တက်နေသူများသည် မည်သည့်ရောဂါဖြင့်မဆို အချိန်မတန်မီ သေဆုံးနိုင်ချေ ၂၄ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်သည့်အပြင် နှလုံးဖောက်ခြင်း၊ နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်းတို့ဖြင့် သေဆုံးနိုင်ချေ ၃၉ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း တွေ့ရှိလာသည်။

လေ့လာတွေ့ရှိချက်များအရ လှေကားတက်ခြင်းကဲ့သို့ အနည်းငယ်မျှသော ကိုယ်လက်လှုပ်ရှားမှုသည်ပင်လျှင် အချိန်မတန်မီ သေဆုံးမှုအန္တရာယ်ကို လျှော့ချပေးနိုင်ကြောင်း တွေ့ရှိသည်ဟု သိပ္ပံပညာရှင်တို့က ပြောသည်။

အင်္ဂလန်နိုင်ငံ၊ နောဝစ်ချ်ခရိုင်ရှိ University of East Anglia မှ ဒေါက်တာ Sophie Paddock က “ဓာတ်လှေကားနဲ့ တက်မလား၊ လှေကားကနေ တက်မလား ရွေးချယ်စရာရှိလာတဲ့အခါ လှေကားကနေပဲ တက်ပါ။ အဲဒါက နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်” ဟု ပြောသည်။

“ကိုယ်လက်လှုပ်ရှား နည်းနည်းပါးပါးရှိရင်တောင် ကျန်းမာရေးအတွက် အကျိုးရှိစေပါတယ်။ လှေကားကနေ တက်တာဟာ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သင့်ပါတယ်”

Office for Health Improvement and Disparities မှ ထုတ်ပြန်သော အစီရင်ခံစာတစ်ရပ်အရ ဗြိတိန်တွင် သေဆုံးမှု ၆ ခုအနက် ၁ ခုမှာ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းနှင့် ဆက်နွှယ်သည့် ကျန်းမာရေးပြဿနာကြောင့် ဖြစ်သည်ဟု ဆိုသည်။

 

(ရုံးတက်ရာတွင် ဓာတ်လှေကားအစား လှေကားမှသာ တက်ရန် ကြိုးစားပါ။ ဓာတ်ပုံ-Getty/ Maskot)

 

အထောက်အထားများအရ တွေ့ရှိရသည်မှာ နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းလုပ်လျှင် အသက်ငယ်ငယ်ဖြင့် သေဆုံးရခြင်းနှင့် နှလုံးရောဂါအန္တရာယ်များကို လျှော့ချပေးနိုင်ကြောင်း တွေ့ရှိထားသည်။

NHS က အကြံပြုထားသည်မှာ ရက်သတ္တပတ်လျှင် ပြင်းထန်မှု အလတ်စားရှိသော လေ့ကျင့်ခန်း မိနစ် ၁၅၀ ခန့် ပြုလုပ်သင့်သည်ဟု ဆိုသည်။

ယခုသုတေသနအတွက် သိပ္ပံပညာရှင်အဖွဲ့သည် လူပေါင်း ၄၈၀,၀၀၀ ကျော်ကို လေ့လာထားသည့် လေ့လာချက် ၉ ခုကို အခြေခံသော အချက်အလက်များအား သုံးသပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါလေ့လာချက်မှာ အသက် ၃၅ နှစ်မှ ၈၄ နှစ်ကြားအရွယ်ရှိသူများကို လေ့လာထားခြင်း ဖြစ်သည်။

ယခုလေ့လာချက်တွင် ကျန်းမာရေးကောင်းသူများနှင့် နှလုံးရောဂါရှိသူများ ပါဝင်ခဲ့ကြပြီး နှလုံးရောဂါ ရှိသူများ အနက် ၅၃ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ကြသည်။

 

 

(စက်လှေကားကိုလည်း အသုံးမပြုပါနှင့်။ ဓာတ်ပုံ-Getty)

လှေကားမှ တက်ခြင်းသည် အချိန်မတန်မီ သေဆုံးရခြင်းကို လျှော့ချပေးနိုင်သည့်အပြင် နှလုံးရောဂါအန္တရာယ် များကိုလည်း ကျဆင်းစေနိုင်ကြောင်း တွေ့ရှိခဲ့သည်။

“ဒီတွေ့ရှိချက်တွေကို အခြေပြုပြီး ကျွန်တော်တို့အနေနဲ့ ပြည်သူတွေကို တိုက်တွန်းလိုတာက နေ့စဉ်ဘဝမှာ လှေကားတက်တဲ့အချိန်တွေ ထားရှိဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ရဲ့ တွေ့ရှိချက်အရ လှေကားများများ တက်လေ အကျိုးရှိလေပါပဲ” ဟု ဒေါက်တာ Paddock က ပြောသည်။

“ဒါကြောင့် အလုပ်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ်၊ ဘယ်မှာပဲဖြစ်ဖြစ် လှေကားကနေတက်ပါ” ဟု ၎င်းက ဖြည့်စွက် ပြောကြားသည်။

ယခုတွေ့ရှိချက်များကို European Society of Cardiology က ဂရိနိုင်ငံ၊ အေသင်မြို့တွင် ကျင်းပသော Preventive Cardiology ကွန်ဖရင့်တွင် တင်သွင်းခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: How just 20 seconds of exercise could save your life (metro)

Photo Credit: Getty/ Maskot ,Getty

 

 

 

[Zawgyi]

ဓာတ္ေလွကားစီးျခင္းထက္ ေလွကားမွတက္ျခင္းက အခ်ိန္မတန္မီ ေသဆံုးႏိုင္မႈကို ေလွ်ာ့ခ်ေပးႏိုင္ေၾကာင္း အဂၤလန္သိပၸံပညာရွင္မ်ားေျပာ

 

ဓာတ္ေလွကားစီးရန္သာ ဆႏၵရွိသူမ်ားအေနျဖင့္ ယခုေဖာ္ျပပါအခ်က္ကို သတိျပဳသင့္သည္။

ယင္းကား ေလွကားမွတက္ျခင္းမွာ သင္၏ က်န္းမာေရးကို မ်ားစြာအက်ဳိးျပဳေၾကာင္း သိပၸံပညာရွင္မ်ားက ေျပာထားသည့္အခ်က္ပင္။

ယခုေတြ႔ရွိလာေသာ သုေတသနသစ္အရ ေလွကားမွ ပံုမွန္တက္ေနသူမ်ားသည္ မည္သည့္ေရာဂါျဖင့္မဆို အခ်ိန္မတန္မီ ေသဆံုးႏိုင္ေခ် ၂၄ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ေပးႏိုင္သည့္အျပင္ ႏွလံုးေဖာက္ျခင္း၊ ႏွလံုးရပ္ျခင္း၊ ေလျဖတ္ျခင္းတို႔ျဖင့္ ေသဆံုးႏိုင္ေခ် ၃၉ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ေပးႏိုင္ေၾကာင္း ေတြ႔ရွိလာသည္။

ေလ့လာေတြ႔ရွိခ်က္မ်ားအရ ေလွကားတက္ျခင္းကဲ့သို႔ အနည္းငယ္မွ်ေသာ ကိုယ္လက္လႈပ္ရွားမႈသည္ပင္လွ်င္ အခ်ိန္မတန္မီ ေသဆံုးမႈအႏၱရာယ္ကို ေလွ်ာ့ခ်ေပးႏိုင္ေၾကာင္း ေတြ႔ရွိသည္ဟု သိပၸံပညာရွင္တို႔က ေျပာသည္။

အဂၤလန္ႏိုင္ငံ၊ ေနာဝစ္ခ်္ခရိုင္ရွိ University of East Anglia မွ ေဒါက္တာ Sophie Paddock က “ဓာတ္ေလွကားနဲ႔ တက္မလား၊ ေလွကားကေန တက္မလား ေရြးခ်ယ္စရာရွိလာတဲ့အခါ ေလွကားကေနပဲ တက္ပါ။ အဲဒါက ႏွလံုးက်န္းမာေရးအတြက္ အေထာက္အကူျဖစ္ေစပါတယ္” ဟု ေျပာသည္။

“ကိုယ္လက္လႈပ္ရွား နည္းနည္းပါးပါးရွိရင္ေတာင္ က်န္းမာေရးအတြက္ အက်ဳိးရွိေစပါတယ္။ ေလွကားကေန တက္တာဟာ ေန႔စဥ္ဘဝရဲ႕ အစိတ္အပိုင္းတစ္ခု ျဖစ္သင့္ပါတယ္”

Office for Health Improvement and Disparities မွ ထုတ္ျပန္ေသာ အစီရင္ခံစာတစ္ရပ္အရ ျဗိတိန္တြင္ ေသဆံုးမႈ ၆ ခုအနက္ ၁ ခုမွာ ကိုယ္လက္လႈပ္ရွားမႈ မရွိျခင္းႏွင့္ ဆက္ႏႊယ္သည့္ က်န္းမာေရးျပႆနာေၾကာင့္ ျဖစ္သည္ဟု ဆိုသည္။

 

(ရံုးတက္ရာတြင္ ဓာတ္ေလွကားအစား ေလွကားမွသာ တက္ရန္ ၾကိဳးစားပါ။ ဓာတ္ပံု-Getty/ Maskot)

အေထာက္အထားမ်ားအရ ေတြ႔ရွိရသည္မွာ ေန႔စဥ္ပံုမွန္ ေလ့က်င့္ခန္းလုပ္္လွ်င္ အသက္ငယ္ငယ္ျဖင့္ ေသဆံုးရျခင္းႏွင့္ ႏွလံုးေရာဂါအႏၱရာယ္မ်ားကို ေလွ်ာ့ခ်ေပးႏိုင္ေၾကာင္း ေတြ႔ရွိထားသည္။

NHS က အၾကံျပဳထားသည္မွာ ရက္သတၱပတ္လွ်င္ ျပင္းထန္မႈ အလတ္စားရွိေသာ ေလ့က်င့္ခန္း မိနစ္ ၁၅၀ ခန္႔ ျပဳလုပ္သင့္သည္ဟု ဆိုသည္။

ယခုသုေတသနအတြက္ သိပၸံပညာရွင္အဖြဲ႔သည္ လူေပါင္း ၄၈၀,၀၀၀ ေက်ာ္ကို ေလ့လာထားသည့္ ေလ့လာခ်က္ ၉ ခုကို အေျခခံေသာ အခ်က္အလက္မ်ားအား သံုးသပ္ခဲ့ျခင္းျဖစ္သည္။

အဆိုပါေလ့လာခ်က္မွာ အသက္ ၃၅ ႏွစ္မွ ၈၄ ႏွစ္ၾကားအရြယ္ရွိသူမ်ားကို ေလ့လာထားျခင္း ျဖစ္သည္။

ယခုေလ့လာခ်က္တြင္ က်န္းမာေရးေကာင္းသူမ်ားႏွင့္ ႏွလံုးေရာဂါရွိသူမ်ား ပါဝင္ခဲ့ၾကျပီး ႏွလံုးေရာဂါ ရွိသူမ်ား အနက္ ၅၃ ရာခုိင္ႏႈန္းမွာ အမ်ဳိးသမီးမ်ား ျဖစ္ၾကသည္။

 

(စက္ေလွကားကိုလည္း အသံုးမျပဳပါႏွင့္။ ဓာတ္ပံု-Getty)

ေလွကားမွ တက္ျခင္းသည္ အခ်ိန္မတန္မီ ေသဆံုးရျခင္းကို ေလွ်ာ့ခ်ေပးႏိုင္သည့္အျပင္ ႏွလံုးေရာဂါအႏၱရာယ္ မ်ားကိုလည္း က်ဆင္းေစႏိုင္ေၾကာင္း ေတြ႔ရွိခဲ့သည္။

“ဒီေတြ႔ရွိခ်က္ေတြကို အေျချပဳျပီး ကၽြန္ေတာ္တို႔အေနနဲ႔ ျပည္သူေတြကို တိုက္တြန္းလိုတာက ေန႔စဥ္ဘဝမွာ ေလွကားတက္တဲ့အခ်ိန္ေတြ ထားရွိဖုိ႔ တိုက္တြန္းလိုပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ ေတြ႔ရွိခ်က္အရ ေလွကားမ်ားမ်ား တက္ေလ အက်ဳိးရွိေလပါပဲ” ဟု ေဒါက္တာ Paddock က ေျပာသည္။

“ဒါေၾကာင့္ အလုပ္မွာပဲျဖစ္ျဖစ္၊ အိမ္မွာပဲျဖစ္ျဖစ္၊ ဘယ္မွာပဲျဖစ္ျဖစ္ ေလွကားကေနတက္ပါ” ဟု ၎က ျဖည့္စြက္ ေျပာၾကားသည္။

ယခုေတြ႔ရွိခ်က္မ်ားကို European Society of Cardiology က ဂရိႏိုင္ငံ၊ ေအသင္ျမိဳ႕တြင္ က်င္းပေသာ Preventive Cardiology ကြန္ဖရင့္တြင္ တင္သြင္းခဲ့သည္။

 

Ref: How just 20 seconds of exercise could save your life (metro)

Photo Credit: Getty/ Maskot ,Getty

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ
တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ
ကျိန်စာသင့်အရုပ်များ၊ ခေါင်းတလားများနှင့် ခြောက်ခြားဖွယ်ပစ္စည်းများ စုဆောင်းထားသော အမေရိကန်မှ မိန်းကလေးတစ်ဦး၏ ကျောချမ်းဖွယ် နေအိမ်...
ကျိန်စာသင့်အရုပ်များ၊ ခေါင်းတလားများနှင့် ခြောက်ခြားဖွယ်ပစ္စည်းများ စုဆောင်းထားသော အမေရိကန်မှ မိန်းကလေးတစ်ဦး၏ ကျောချမ်းဖွယ် နေအိမ်...
ဆောက်လုပ်ရေးလုပ်သား ရှားပါးနေသော အမေရိကန်ဆောက်လုပ်ရေးလောကအကြောင်း ရင်ဖွင့်လာသည့် နယူးဂျာစီပြည်နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်...
ဆောက်လုပ်ရေးလုပ်သား ရှားပါးနေသော အမေရိကန်ဆောက်လုပ်ရေးလောကအကြောင်း ရင်ဖွင့်လာသည့် နယူးဂျာစီပြည်နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်...
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
အမေရိကန်ပြည်၊ ဖလော်ရီဒါရှိ လှပထည်ဝါခမ်းနားလှသော ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ဝယ်လက်တစ်ဦးက ကန်ဒေါ်လာ သန်း ၄၀ ဖြင့် စံချိန်တင်ဈေးနှုန်းပေးကာ ဝယ်ယူပြီးနောက် စံအိမ်ကို ဖြိုချရန် စီစဉ်...
အမေရိကန်ပြည်၊ ဖလော်ရီဒါရှိ လှပထည်ဝါခမ်းနားလှသော ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ဝယ်လက်တစ်ဦးက ကန်ဒေါ်လာ သန်း ၄၀ ဖြင့် စံချိန်တင်ဈေးနှုန်းပေးကာ ဝယ်ယူပြီးနောက် စံအိမ်ကို ဖြိုချရန် စီစဉ်...
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် နှစ်ပေါင်း (၆၀) ခန့် စွန့်ပစ်ခံထားရ...
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် နှစ်ပေါင်း (၆၀) ခန့် စွန့်ပစ်ခံထားရ...
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
ရန်ကုန်နှင့် မန္တလေးတွင် မီးပျက်ခြင်းကြောင့် ဘန်ကောက်ရှိကွန်ဒိုခန်းများ အဝယ်များနေ
ရန်ကုန်နှင့် မန္တလေးတွင် မီးပျက်ခြင်းကြောင့် ဘန်ကောက်ရှိကွန်ဒိုခန်းများ အဝယ်များနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရှားနိုင်ငံသား လူငယ်...
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရှားနိုင်ငံသား လူငယ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

platinum-garden
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service