အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ

အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ - Property Knowledge in Myanmar from iMyanmarHouse.com
21 Apr 2024 9:42 am တွင် တင်ခဲ့သည်
566 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

အပတ်စဉ်တင်ဆက်ပေးနေတဲ့ အိမ်ခြံမြေဥပဒေအမေးအဖြေကဏ္ဍလေးတစ်ဖန်ပြန်လည်ရောက်ရှိလို့လာပါပြီ။ မြေပိုင်ဆိုင်မှု (၁-က) စာရင်း (I.A) ၏ အဓိပ္ပါယ်ကိုရှင်းပြပါ။ ...... ဆိုတဲ့ မေးခွန်းအပါအဝင်အမေးအဖြေ (၃)ခုကို ဒီတစ်ပတ်အတွက် တင်ဆက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

 

မေးခွန်း (၁) - မြေပိုင်ဆိုင်မှု (၁-က) စာရင်း (I.A) ၏ အဓိပ္ပါယ်ကိုရှင်းပြပါ။

 

မြေစာရင်းဌာနမှ မှတ်ပုံတင်စာရင်းအဖြစ် ထိန်းချုပ်မှတ်သားထားသော မြေပိုင်ဆိုင်မှု မှတ်တမ်း ကို မြေစာရင်းဌာနတွင် ၁(က)၊ စာရင်း(I.A)ဟု ခေါ်ဆိုပါသည်။

မြေတိုင်းစာရေး မှတ်ပုံစာရင်း ၁-က ကို မူလကြေးတိုင်စာရင်းစာအုပ် (သို့) နှစ်ဟောင်း ဦးပိုင် စာရင်းမှဖြစ်စေ ကူးယူကာ မှတ်သားထားရှိခြင်းဖြစ်သည်။ အဆိုပါစာရင်းတွင် ဦးပိုင်အမှတ်စဉ်သစ် ရေးထိုးခြင်း များရှိခဲ့လျှင်လဲ ဦးပိုင်အမှတ်သစ်၏ လက်ဝဲဘက်အနားတွင် ဦးပိုင်အမှတ်ဟောင်းကို မင်နီဖြင့် ရေးသား မှတ်သားထားသေးသည်။ ဆိုလိုသည်မှာ ဦးပိုင်အသစ်ရှိ၍ မှတ်သားလျှင် စာမျက်နှာတစ်ခုထဲ၌ ဦးပိုင်အဟောင်းကိုပါ အထက်အောက်ရေးသားကာ မှတ်တမ်းထားရှိဖို့ လိုပါ သည်။ ထို့ပြင် မြေလက်ရှိရထားသူ၏ အမည်၊ မြေမျိုးအလိုက် ဧရိယာနှင့် လက်ရှိ ဧရိယာစုစုပေါင်းကိုလဲ ထည့်သွင်း စာရင်းမှတ်သားရမည်။

မြေအား လွှဲပြောင်းထားခြင်းများရှိလျှင် ပြောင်းလွှဲခြင်းပြုသည့်အကြောင်းအရာကို ဇယားကွက် ၁ မှ ၄ ထိ မူလရေးသော မျဉ်းကြောင်းအောက်မှ ရေးမှတ်ခြင်းပြုမည်ဖြစ်သည်။ ဇယား(၁)တွင် အဆို ပါပြောင်းလဲခြင်းသော အမည်များအား အစဉ်လိုက်ဖြည့်သွင်းကာ နောက်ဆုံးအမည် ဖော်ပြထားသူသာ မြေပိုင်ဆိုင်မှုရှိပါသည်။ မြေမျိုးတန်းအားလဲ (၁-က) ၏ ဇယား(၅/၆) တွင် ရေးသွင်းရမည်။ ပေးကမ်းခြင်း၊ အမွေဆက်ခံခြင်း၊ ရောင်းခြင်း၊ ပေါင်ခြင်း၊ နောက်ထပ်ပေါင်ခြင်း၊ ရွေးခြင်း၊ လဲလှယ်ခြင်း၊ အပေါင်ရွေးနုတ်ခွင့် ဖျက်သိမ်းခြင်း တို့အားလဲ တရားဝင်မှတ်ပုံတင်ခြင်းပြုလုပ်ပါက ဇယားကွက်(၇)တွင် မှတ်သားရေးသွင်းပါသည်။

ရောင်းချခြင်း၊ ပေါင်နှံခြင်းပြုသည့်အခါ ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ၊ စာချုပ်စာတမ်းမှတ်ပုံတင် အက်ဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်းပြုကာ မှတ်ပုံတင်အရာရှိသည် မရွှေ့မပြောင်းနိုင်သော ပစ္စည်းအား မှတ်ပုံတင်သည့်အခါတိုင်း မြေတိုင်းစာရေးထံ အကြောင်းကြားရမည်။ တရားရုံးနှင့် အခွန်ရုံးများသည်လဲ မြေအတွက် အကျိုးခံစားခွင့် ပြောင်းလဲခြင်းနှင့် သက်ဆိုင်သော အမိန့်၊ ဒီဂရီများအား‌ မြေတိုင်းစာရင်း အား အကြောင်းကြားမည်ဖြစ်ပါသည်။

မြေဧရိယာ ပြောင်းလဲခြင်းဖြစ်လျှင် အဆိုပါ ပြန်တိုင်း၊ စွန့်ပစ်၊ ကမ်းပြို ၊ ဦးပိုင်ခွဲ တို့ကို ဇယား ကွက် (၇) တွင် မှတ်သားခြင်းဖြစ်ရမည်။ မမြဲဦးပိုင်များအားလဲ နောက်ဆက်တွဲမှတ်ပုံစာရင်း ၁-က တွင် ရေးသွင်းရပြီး အမြဲဦးပိုင်များ ရေးသွင်းဖော်ပြရန် နေရာတွင်မရေးသွင်းရပါ။

မမြဲဦးပိုင်များလဲ သီးခြားရှိရာ ဇယားကွက် ၁(ခ) တွင် မြေပုံမှ ဦးပိုင်ကွင်းရှိ မြေကွက်အမှတ် အ တိုင်း ထည့်ရသည်။ ကွင်းကိုပြန်တိုင်းတာ ကြေးတိုင်စိုက်ခြင်းများ ရှိလျှင်လဲ အဆိုပါ မြေကွက်၏ ဧရိယာ စာရင်းများ ကြေးတိုင်ပုံစံ-၂၄ ဖြင့် တိုက်ဆိုင်စစ်ဆေးရမည်။

စာတိုင်များအရ ခွဲခြားဖော်ပြရလျှင် စာတိုင်(၁)တွင် ခုနှစ်အား မှတ်သားထားခြင်းဖြစ်သည်။ စာတိုင်(၂) မှာ ဦးပိုင်၊မြေကွက်အမှတ် ကို ဖော်ပြသည်။ စာတိုင် (၃) တွင် အခွန်စည်းကြပ်ခံရသူ ပိုင်ဆိုင်သူ ၏ အမည်၊ ဂရန်အမည်ပေါက်များအား ရေးသားသည်။ စာတိုင်(၄)တွင် ပိုင်ဆိုင်ခွင့်ကို ဖော်ပြမည် ဖြစ်သည်။ စာတိုင် (၅) မြေမျိုးနှင့် အတန်းကို ရေးသွင်းသည်။ စာတိုင် (၆) တွင် ဧရိယာ(ဧက)၊ အကျယ် အဝန်းကို တိကျစွာ ဖော်ပြသည်။ စာတိုင်(၇) တွင် အခွန်တော်သင့်ငွေ သတ်မှတ်သည်။ စာတိုင်(၈) တွင် လွှဲပြောင်းချက်များကို အစီအစဉ်တကျ ဖော်ပြသည်။ စာတိုင်(၉) တွင် မှတ်ချက်တို့ရှိလျှင် ထည့်သွင်းရေး သားသည်။

ရွာမြေ၊ သာသနာမြေများ၊ လမ်း၊ တာတမံ၊ မီးရထားလမ်း၊ တူးမြောင်း၊ ရေကန်နှင့် ကန်ပေါင်များ၊ စိုက်ပျိုးနိုင်သော မြေလွတ်မြေရိုင်း၊ မစိုက်ပျိုးနိုင်သော မြေလွတ်မြေရိုင်း၊ သစ်တော ကြိုးဝိုင်း၊ စားကျက်မြေနှင့် အခွန်ဥပဒေအရ သတ်မှတ်ထားသော ရွာဘုံမြေနှင့် အစိုးရ အဆောက် အဦးများ ဆောက်လုပ်ရန်အတွက် သီးသန့်ထားသောမြေများ၊ ချောင်း၊ အင်းနှင့် ရေလွှမ်းသော‌ အခြား မြေများအား စာတိုင်ဇယားတွင် သီးခြား ဖော်ပြမှတ်သားပါသည်။

ဇယား(၂) မှတ်ပုံစာရင်း-၁-က တွင် အခွန်စည်းကြပ်ခံရသူ အမည်နှင့် ဦးပိုင်အမှတ်ကို ရေးသွင်း ရမည့်အပြင် အခွန်ပြေစာပေါ်တွင်လဲ ဦးပိုင်အမှတ်အား မှတ်သားပါတယ်။

မြို့ကွက်တွေတိုင်းသည့်အခါ ဦးပိုင်ခွဲဖို့ရှိရင်လဲ သတ်မှတ် စုံစမ်းခြင်းများဖြင့် ပြုလုပ်ပါသည်။ ဦးပိုင်တစ်ခုကို ဦးပိုင်သစ်နှစ်ခုအဖြစ် သတ်မှတ်ခွဲလျှင်လဲ ရေးသွင်း မှတ်သားရမည်။ ဦးပိုင်ဆိုက ပိုင်ဆိုင် ခြင်းကို ခွဲခြားသတ်မှတ် ပေးထားခြင်းပဲဖြစ်ပါတယ်။ မြေစာရင်းရဲ့ မှတ်သားထားရှိတဲ့ မြေပိုင်ဆိုင်မှု စာရင်းကို (record of possession) မြေစာရင်းဌာန၏ ၁(က)၊ စာရင်း(I.A) ကို သဘောပေါက်မှသာ မြေအမျိုးအစား ပိုင်ဆိုင်မှုကို ကြည့်ရှုစစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။

မြေစာရင်းမှာ မြေငှားဂရန်လျှောက်ထားရန် မြေပုံကူးယူခြင်းဖြစ်လျှင် စာတိုင်တွင် (A)၊

- ဘိုးဘွားပိုင် မြေဖြစ်ပါက (B)

- မြေငှားဂရန် ထွက်ရှိပြီးဖြစ်သော မြေဖြစ်ပါက စာတိုင်တွင် (G)

- အငှားဂရန်ဖြစ်ပါက (L) ဟုဖော်ပြပါသည်။

မြေပုံထုတ်ယူခြင်း ကိစ္စရပ်များတွင်လဲ မှတ်ချက်တွင် ဥပမာ-အရောင်းအဝယ် စာချုပ် ချုပ်ဆို ရန်မြေပုံ၊ အမွေဆက်ခံပိုင်ဆိုင်ကြောင်းမြေပုံ၊ အကြီးစားပြင်ဆင်ခွင့်ပြုရန်မြေပုံ၊ ဘဏ်ငွေချေးရန်မြေပုံ၊ မိသားစု စီမံခန့်ခွဲရေးစာချုပ်ချုပ်ဆိုရန်မြေပုံ၊ အခွန်လွတ်သာသနာ့ဂရန် လျှောက်ထားရန်မြေပုံကို ထည့်သွင်း မှတ်ချက်ရေးပြီး အဆိုပါမှတ်ချက်များအတိုင်းတာ ဆောင်ရွက်ခွင့်ရှိကြောင်း ဖော်ပြရေးသားပေးလိုက်ပါ သည်။

 

မေးခွန်း (၂) - စာချုပ်စာတမ်းများ မှတ်ပုံတင်ရန်နောက်ကျပါက မည့်သို့ဆောင်ရွက်ရမည်နည်း။

တန်ဖိုးငွေ (၁)သိန်းနှင့် အထက်ရှိသော မရွှေ့မပြောင်းနိုင်သောပစ္စည်းများအား အကျိုးတစ်စုံ တစ်ရာ ရှိစေရန်အတွက် ရောင်းချခြင်း၊ လွှဲအပ်ခြင်း၊ စွန့်လွှတ်ခြင်း၊ ဖျက်သိမ်းခြင်း စာချုပ်ချုပ်ဆို သည့်အခါ အဆိုပါစာချုပ်အား မှတ်ပုံတင်ဥပဒေအခန်း-(၄)၊ ပုဒ်မ-၁၆(ခ)အရ မဖြစ်မနေ မှတ်ပုံတင် ထားရှိရန် လိုအပ်ပါတယ်။ မှတ်ပုံတင်စာချုပ်ချုပ်ဆိုသည့်အခါ စည်ပင်သာယာရေးကော်မတီမြို့ပြ မြေယာစီမံခန့်ခွဲမှုဌာနမှ ထုတ်ပေးထားသော သက်သေခံမြေပုံ / မြေရာဇဝင်ပါရှိရမည်ဖြစ်ကာ စာချုပ်မှာ မြန်မာဘာသာဖြင့် ရေးသားခြင်းဖြစ်ရမည်။ မြန်မာဘာသာဖြင့် ချုပ်ဆိုမှုပြုခြင်း မဟုတ်ပါက နီုတြီပဗ္ပလစ်မှ အဆိုပါ စာ ချုပ်မှာ မှန်ကန်မှုရှိကြောင်း လက်မှတ်ရေးထိုး ထောက်ခံချက် ပါရှိရပါမည်။ စာချုပ်အား မှတ်ပုံတင်အရာရှိမှ ခွင့်ပြုသည့်အခါ၌လဲ တည်ဆဲဥပဒေပါ သတ်မှတ်အခွန်တံဆိပ်ခေါင်းအား ထမ်းဆောင်ကာ စာချုပ်တွင် အနည်းဆုံး အသိသက်သေ (၂) ဦး ပါဝင်ကာ လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုရန် လိုအပ်ပါသည်။ ထို့ပြင် စာချုပ်ချုပ်ဆိုပြီးနေ့မှ ရက်ပေါင်း-၁၂၀အတွင်း မှတ်ပုံတင်ရှိရမည်ဖြစ်ကာ ပုဒ်မ-၂၁ အရ အကြောင်းတစ်စုံတစ်ရာကြောင့် မှတ်ပုံတင်ရန် ပျက်ကွက်ပါက ပုဒ်မ-၇၊ ပုဒ်မ-၈နှင့်အညီ မှတ်ပုံတင် အရာရှိထံ ခိုင်လုံသော အကြောင်းပြချက်ဖြင့် တင်ပြရမည်ဖြစ်ပါသည်။ နှစ်ဦးထက်ပိုလျှင် နောက်ဆုံးလက်မှတ်ရေးထိုးသည့်နေ့မှ ရက်ပေါင်း-၁၂၀အတွင်း မှတ်ပုံတင်ရမည်ဖြစ်ကာ ပြည်ပတွင် ချုပ်ဆိုသောစာချုပ်စာတမ်းများလဲ ပုဒ်မ-၇၊ ပုဒ်မ-၈ အရ တင်ပြပြီး နိုင်ငံအတွင်း ရောက်ရှိသည့်နေ့မှ ရက်ပေါင်း-၁၂၀အတွင်း မဖြစ်မနေ မှတ်ပုံတင်ရပါမည်။ ပုဒ်မ-၃၄ အရ မှတ်ပုံတင်စာချုပ်ချုပ်ဆိုသူတစ်ဦးဦးမှ ငြင်းဆိုခြင်း၊ ဝန်မခံခြင်း၊ အရွယ်မရောက် သေးသူ၊ ရူးသွပ်သူဖြစ်ခြင်း၊ သတိပုံမှန်မရှိခြင်း၊ စာချုပ်တွင် ပစ္စည်းအား တိကျရှင်းလင်းစွာ မဖော်ပြ ခြင်း ၊ မြေပုံ/မြေရာဇဝင် ပါမလာပါက မှတ်ပုံတင်အရာရှိသည် ငြင်းပယ်ခြင်း ပြုနိုင်သည်။

ပုဒ်မ-၇၊ ၈ ပါ မှတ်ပုံတင်အရှိမှ ဆုံးဖြတ်သော မှတ်ပုံတင်ရန် ငြင်းပယ်ခြင်း၊ စီရင်ပိုင်ခွင့်နယ်မြေ မကျရောက်သောကြောင့် မှတ်ပုံတင်ရန် ငြင်းပယ်ခြင်းအား မကျေနပ်ပါက ပုဒ်မ-၆၀ အရ လျှောက်ထား သူမှ ပြည်နယ်၊ ပြည်ထောင်စု နယ်မြေစာချုပ်စာတမ်းရုံးသို့ အယူခံဝင်ရောက်နိုင်သည်။

မှတ်ပုံတင်ရန် ကျော်လွန်သည်မှာ သတ်မှတ်ရက်စွဲ၏ နောက်ထပ် ရက်ပေါင်း-၁၂၀ ထက် ကျော်လွန်ခြင်းမျိုး မဟုတ်ပါက မှတ်ပုံတင် အရာရှိမှ လျှောက်ထားသူအား သတ်မှတ်ဒဏ်ကြေး ထမ်းဆောင် စေကာ မှတ်ပုံတင်ခြင်း ခွင့်ပြုနိုင်ပါကြောင်း ဖြေဆို ရေးသားပေးလိုက်ပါသည်။

 

မေးခွန်း (၃) - ပါမစ်ပျောက်မြေအား မြေငှားစာချုပ် လျှောက်လို့ရပါသလား။

ပါမစ်အမည်ပေါက်ရရှိသူ၊ စာချုပ်အဆက်အစပ်ဖြင့် ပိုင်ဆိုင်ခွင့်ရရှိခဲ့သူ၊ တရားရုံးအမိန့်ဒီဂရီဖြင့် ပိုင်ဆိုင်သူများမှ ပါမစ်ပျောက်ဆုံးကာ ဂရန်လျှောက်ထားခြင်းပြုလိုလျှင် .....

- ရဲစခန်းထောက်ခံချက်

- ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်

- ပါမစ်မှာ အမှန်တကယ်ပျောက်ဆုံးကြောင်း ခံဝန်ကတိပြုချက်

- ကျမ်းကျိန်လွှာမူရင်း

- ဌာနမှ သတ်မှတ်ထားသော လျှောက်လွှာ

- ဂရန်လျှောက်ထားမည့်သူ၏ မှတ်ပုံတင်မိတ္တူ

- အမွေဆက်ခံခွင့်ဖြင့် လျှောက်ထားခြင်းဖြစ်ပါက အမွေဆက်ခံခွင့်အတွက် (ကျမ်းကျိန်လွှာ၊ သေစာရင်း၊ အိမ်ထောင်စုစာရင်း)

- မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း မြေငှားခနောက်ဆုံးပြေစာတို့ တင်ပြရန် လိုအပ်ပါသည်။

သက်ဆိုင်ရာမြို့နယ် မြေယာစီမံခန့်ခွဲမှုဌာနမှ ပိုင်ဆိုင်မှု အထောက်အထားများအားလဲ မှန်ကန်မှု ရှိမရှိ တိုက်ဆိုင်စစ်ဆေးကာ ဂရန်ထုတ်ပေးထားဖူးခြင်းရှိမရှိ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်း ခြင်း ဥပဒေနှင့် ငြိစွန်းမှုရှိမရှိ စီစစ်ပါတယ်။

ထို့ပြင် ကန့်ကွက်စာအားလဲ မြေပေါ်တွင်(၁)စောင်၊ လျှောက်ထားသူအား (၁)စောင်၊ အုပ်ချုပ် ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး (၁)စောင်စီ ပေးပို့စေခြင်း၊ နိုင်ငံပိုင်နေ့စဉ် သတင်းစာတွင် ကန့်ကွက်ရန် ကြေညာစေခြင်းတို့ဖြင့် ကန့်ကွက်သူရှိမရှိ စီစစ်ပါတယ်။ မြေတိုင်းအရာရှိမှ မြေပေါ်တွင် လျှောက်ထားသူ အမှန်တကယ်နေထိုင်ခြင်းရှိမရှိ စီစစ်စေခြင်း လျှောက်ထားသူအားလဲ ခံဝန်လက်မှတ်ရေးထိုးစေခြင်းတို့ ဆောင်ရွက်စေပါသည်။

သတ်မှတ်ချက်များနှင့် ကိုက်ညီကာ ကန့်ကွက်သူမပေါ်ပေါက်မှသာ မြို့နယ်အလိုက်ဝန်ဆောင်ခ ပေးသွင်းစေကာ မြေတိုင်းတာမြေပုံအားလဲ ရေးဆွဲမှုပြုစေပါသည်။

အဆိုပါပါမစ်ပျောက်ဖြင့် ဂရန် လျှောက်ထားခြင်းတွင် ဂရန်ထုတ်ပေးရာ၌လဲ ပါမစ်မူရင်း တင်ပြ ကန့်ကွက်လာပါက ဌာနမှ အဆိုပါ ဂရန်ကို ပယ်ဖျက်မည်ကိုသိရှိသည့်အကြောင်း တံဆိပ်တုံးစာသား ပေါ်တွင် လျှောက်ထားသူအား လက်မှတ်ရေးထိုးစေခြင်းလဲရှိပါသည်။ မူရင်းပြကာ ကန့်ကွက်သူပေါ် လာလျှင် ထုတ်ပေးထားသောဂရန်အား လျှောက်ထားသူမှ ပြန်လည်အပ်နှံရာမည်ဖြစ်ကာ မအပ်နှံပါက ဌာနမှ သီးခြားသတင်းစာကြေငြာကာ ဌာနမှ ပယ်ဖျက်သွားမည်ဖြစ်ပါသည်။ ပါမစ်မြေအား ဝယ်ယူတော့မည်ဆိုက မြေစစ်ဆေးခြင်း အရင်ပြုလုပ်ပြီး စရန်ငွေချသင့်ကာ အထူးသတိထား ဝယ်ယူသင့်ပါသည်။ ပါမစ်မူရင်း ပျောက်ဆုံးသည်ဟု ပြောဆိုကာ အရပ်ကတိစာချုပ် များဖြင့် လွှဲပြောင်းရောင်းချနေခြင်းများရှိသလို ၊ ပါမစ်ပျောက်ဖြင့် ဂရန်ထုတ်ယူပြီးသော မြေကွက်ကို ထပ်မံ ရောင်းချနေခြင်းလဲ ပြုလုပ်တတ်ပါသည်။ ထို့ပြင် ပါမစ်မူရင်းဖြင့် ကန့်ကွက်သူ အချိန်မရွေး ပေါ်ပေါက်လာပါက မိမိထုတ်ယူထားသည့် ဂရန်အား ပယ်ဖျက်သည်အထိ အရေးယူ ဆောင်ရွက်ရန် မိမိမှ ဝန်ခံကတိပြုချက် လက်မှတ်ရေးထိုးရသောကြောင့် မဝယ်ခင်သေချာ စစ်ဆေးသင့်ကြောင်း ဖြေဆို ရေးသားပေးလိုက်ပါတယ်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

 https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

အပတ္စဥ္ သိမွတ္ဖြယ္ရာ ဥပေဒအေမးအေျဖက႑

 

အပတ္စဥ္တင္ဆက္ေပးေနတဲ့ အိမ္ျခံေျမဥပေဒအေမးအေျဖက႑ေလးတစ္ဖန္ျပန္လည္ေရာက္႐ွိလို႔လာပါၿပီ။ ေျမပိုင္ဆိုင္မႈ (၁-က) စာရင္း (I.A) ၏ အဓိပၸါယ္ကို႐ွင္းျပပါ။ ...... ဆိုတဲ့ ေမးခြန္းအပါအဝင္အေမးအေျဖ (၃)ခုကို ဒီတစ္ပတ္အတြက္ တင္ဆက္ေဖာ္ျပေပးသြားမွာပဲျဖစ္ပါတယ္။

 

ေမးခြန္း (၁) - ေျမပိုင္ဆိုင္မႈ (၁-က) စာရင္း (I.A) ၏ အဓိပၸါယ္ကို႐ွင္းျပပါ။

 

ေျမစာရင္းဌာနမွ မွတ္ပုံတင္စာရင္းအျဖစ္ ထိန္းခ်ဳပ္မွတ္သားထားေသာ ေျမပိုင္ဆိုင္မႈ မွတ္တမ္း ကို ေျမစာရင္းဌာနတြင္ ၁(က)၊ စာရင္း(I.A)ဟု ေခၚဆိုပါသည္။

ေျမတိုင္းစာေရး မွတ္ပုံစာရင္း ၁-က ကို မူလေၾကးတိုင္စာရင္းစာအုပ္ (သို႔) ႏွစ္ေဟာင္း ဦးပိုင္ စာရင္းမွျဖစ္ေစ ကူးယူကာ မွတ္သားထား႐ွိျခင္းျဖစ္သည္။ အဆိုပါစာရင္းတြင္ ဦးပိုင္အမွတ္စဥ္သစ္ ေရးထိုးျခင္း မ်ား႐ွိခဲ့လွ်င္လဲ ဦးပိုင္အမွတ္သစ္၏ လက္ဝဲဘက္အနားတြင္ ဦးပိုင္အမွတ္ေဟာင္းကို မင္နီျဖင့္ ေရးသား မွတ္သားထားေသးသည္။ ဆိုလိုသည္မွာ ဦးပိုင္အသစ္႐ွိ၍ မွတ္သားလွ်င္ စာမ်က္ႏွာတစ္ခုထဲ၌ ဦးပိုင္အေဟာင္းကိုပါ အထက္ေအာက္ေရးသားကာ မွတ္တမ္းထား႐ွိဖို႔ လိုပါ သည္။ ထို႔ျပင္ ေျမလက္႐ွိရထားသူ၏ အမည္၊ ေျမမ်ိဳးအလိုက္ ဧရိယာႏွင့္ လက္႐ွိ ဧရိယာစုစုေပါင္းကိုလဲ ထည့္သြင္း စာရင္းမွတ္သားရမည္။

ေျမအား လႊဲေျပာင္းထားျခင္းမ်ား႐ွိလွ်င္ ေျပာင္းလႊဲျခင္းျပဳသည့္အေၾကာင္းအရာကို ဇယားကြက္ ၁ မွ ၄ ထိ မူလေရးေသာ မ်ဥ္းေၾကာင္းေအာက္မွ ေရးမွတ္ျခင္းျပဳမည္ျဖစ္သည္။ ဇယား(၁)တြင္ အဆို ပါေျပာင္းလဲျခင္းေသာ အမည္မ်ားအား အစဥ္လိုက္ျဖည့္သြင္းကာ ေနာက္ဆုံးအမည္ ေဖာ္ျပထားသူသာ ေျမပိုင္ဆိုင္မႈ႐ွိပါသည္။ ေျမမ်ိဳးတန္းအားလဲ (၁-က) ၏ ဇယား(၅/၆) တြင္ ေရးသြင္းရမည္။ ေပးကမ္းျခင္း၊ အေမြဆက္ခံျခင္း၊ ေရာင္းျခင္း၊ ေပါင္ျခင္း၊ ေနာက္ထပ္ေပါင္ျခင္း၊ ေ႐ြးျခင္း၊ လဲလွယ္ျခင္း၊ အေပါင္ေ႐ြးႏုတ္ခြင့္ ဖ်က္သိမ္းျခင္း တို႔အားလဲ တရားဝင္မွတ္ပုံတင္ျခင္းျပဳလုပ္ပါက ဇယားကြက္(၇)တြင္ မွတ္သားေရးသြင္းပါသည္။

ေရာင္းခ်ျခင္း၊ ေပါင္ႏွံျခင္းျပဳသည့္အခါ ပစၥည္းလႊဲေျပာင္းျခင္းဥပေဒ၊ စာခ်ဳပ္စာတမ္းမွတ္ပုံတင္ အက္ဥပေဒႏွင့္အညီ မွတ္ပုံတင္ျခင္းျပဳကာ မွတ္ပုံတင္အရာ႐ွိသည္ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းအား မွတ္ပုံတင္သည့္အခါတိုင္း ေျမတိုင္းစာေရးထံ အေၾကာင္းၾကားရမည္။ တရား႐ုံးႏွင့္ အခြန္႐ုံးမ်ားသည္လဲ ေျမအတြက္ အက်ိဳးခံစားခြင့္ ေျပာင္းလဲျခင္းႏွင့္ သက္ဆိုင္ေသာ အမိန္႔၊ ဒီဂရီမ်ားအား‌ ေျမတိုင္းစာရင္း အား အေၾကာင္းၾကားမည္ျဖစ္ပါသည္။

ေျမဧရိယာ ေျပာင္းလဲျခင္းျဖစ္လွ်င္ အဆိုပါ ျပန္တိုင္း၊ စြန္႔ပစ္၊ ကမ္းၿပိဳ ၊ ဦးပိုင္ခြဲ တို႔ကို ဇယား ကြက္ (၇) တြင္ မွတ္သားျခင္းျဖစ္ရမည္။ မၿမဲဦးပိုင္မ်ားအားလဲ ေနာက္ဆက္တြဲမွတ္ပုံစာရင္း ၁-က တြင္ ေရးသြင္းရၿပီး အၿမဲဦးပိုင္မ်ား ေရးသြင္းေဖာ္ျပရန္ ေနရာတြင္မေရးသြင္းရပါ။

မၿမဲဦးပိုင္မ်ားလဲ သီးျခား႐ွိရာ ဇယားကြက္ ၁(ခ) တြင္ ေျမပုံမွ ဦးပိုင္ကြင္း႐ွိ ေျမကြက္အမွတ္ အ တိုင္း ထည့္ရသည္။ ကြင္းကိုျပန္တိုင္းတာ ေၾကးတိုင္စိုက္ျခင္းမ်ား ႐ွိလွ်င္လဲ အဆိုပါ ေျမကြက္၏ ဧရိယာ စာရင္းမ်ား ေၾကးတိုင္ပုံစံ-၂၄ ျဖင့္ တိုက္ဆိုင္စစ္ေဆးရမည္။

စာတိုင္မ်ားအရ ခြဲျခားေဖာ္ျပရလွ်င္ စာတိုင္(၁)တြင္ ခုႏွစ္အား မွတ္သားထားျခင္းျဖစ္သည္။ စာတိုင္(၂) မွာ ဦးပိုင္၊ေျမကြက္အမွတ္ ကို ေဖာ္ျပသည္။ စာတိုင္ (၃) တြင္ အခြန္စည္းၾကပ္ခံရသူ ပိုင္ဆိုင္သူ ၏ အမည္၊ ဂရန္အမည္ေပါက္မ်ားအား ေရးသားသည္။ စာတိုင္(၄)တြင္ ပိုင္ဆိုင္ခြင့္ကို ေဖာ္ျပမည္ ျဖစ္သည္။ စာတိုင္ (၅) ေျမမ်ိဳးႏွင့္ အတန္းကို ေရးသြင္းသည္။ စာတိုင္ (၆) တြင္ ဧရိယာ(ဧက)၊ အက်ယ္ အဝန္းကို တိက်စြာ ေဖာ္ျပသည္။ စာတိုင္(၇) တြင္ အခြန္ေတာ္သင့္ေငြ သတ္မွတ္သည္။ စာတိုင္(၈) တြင္ လႊဲေျပာင္းခ်က္မ်ားကို အစီအစဥ္တက် ေဖာ္ျပသည္။ စာတိုင္(၉) တြင္ မွတ္ခ်က္တို႔႐ွိလွ်င္ ထည့္သြင္းေရး သားသည္။

႐ြာေျမ၊ သာသနာေျမမ်ား၊ လမ္း၊ တာတမံ၊ မီးရထားလမ္း၊ တူးေျမာင္း၊ ေရကန္ႏွင့္ ကန္ေပါင္မ်ား၊ စိုက္ပ်ိဳးႏိုင္ေသာ ေျမလြတ္ေျမ႐ိုင္း၊ မစိုက္ပ်ိဳးႏိုင္ေသာ ေျမလြတ္ေျမ႐ိုင္း၊ သစ္ေတာ ႀကိဳးဝိုင္း၊ စားက်က္ေျမႏွင့္ အခြန္ဥပေဒအရ သတ္မွတ္ထားေသာ ႐ြာဘုံေျမႏွင့္ အစိုးရ အေဆာက္ အဦးမ်ား ေဆာက္လုပ္ရန္အတြက္ သီးသန္႔ထားေသာေျမမ်ား၊ ေခ်ာင္း၊ အင္းႏွင့္ ေရလႊမ္းေသာ‌ အျခား ေျမမ်ားအား စာတိုင္ဇယားတြင္ သီးျခား ေဖာ္ျပမွတ္သားပါသည္။

ဇယား(၂) မွတ္ပုံစာရင္း-၁-က တြင္ အခြန္စည္းၾကပ္ခံရသူ အမည္ႏွင့္ ဦးပိုင္အမွတ္ကို ေရးသြင္း ရမည့္အျပင္ အခြန္ေျပစာေပၚတြင္လဲ ဦးပိုင္အမွတ္အား မွတ္သားပါတယ္။

ၿမိဳ႕ကြက္ေတြတိုင္းသည့္အခါ ဦးပိုင္ခြဲဖို႔႐ွိရင္လဲ သတ္မွတ္ စုံစမ္းျခင္းမ်ားျဖင့္ ျပဳလုပ္ပါသည္။ ဦးပိုင္တစ္ခုကို ဦးပိုင္သစ္ႏွစ္ခုအျဖစ္ သတ္မွတ္ခြဲလွ်င္လဲ ေရးသြင္း မွတ္သားရမည္။ ဦးပိုင္ဆိုက ပိုင္ဆိုင္ ျခင္းကို ခြဲျခားသတ္မွတ္ ေပးထားျခင္းပဲျဖစ္ပါတယ္။ ေျမစာရင္းရဲ႕ မွတ္သားထား႐ွိတဲ့ ေျမပိုင္ဆိုင္မႈ စာရင္းကို (record of possession) ေျမစာရင္းဌာန၏ ၁(က)၊ စာရင္း(I.A) ကို သေဘာေပါက္မွသာ ေျမအမ်ိဳးအစား ပိုင္ဆိုင္မႈကို ၾကည့္႐ႈစစ္ေဆးႏိုင္မွာ ျဖစ္ပါတယ္။

ေျမစာရင္းမွာ ေျမငွားဂရန္ေလွ်ာက္ထားရန္ ေျမပုံကူးယူျခင္းျဖစ္လွ်င္ စာတိုင္တြင္ (A)၊

- ဘိုးဘြားပိုင္ ေျမျဖစ္ပါက (B)

- ေျမငွားဂရန္ ထြက္႐ွိၿပီးျဖစ္ေသာ ေျမျဖစ္ပါက စာတိုင္တြင္ (G)

- အငွားဂရန္ျဖစ္ပါက (L) ဟုေဖာ္ျပပါသည္။

ေျမပုံထုတ္ယူျခင္း ကိစၥရပ္မ်ားတြင္လဲ မွတ္ခ်က္တြင္ ဥပမာ-အေရာင္းအဝယ္ စာခ်ဳပ္ ခ်ဳပ္ဆို ရန္ေျမပုံ၊ အေမြဆက္ခံပိုင္ဆိုင္ေၾကာင္းေျမပုံ၊ အႀကီးစားျပင္ဆင္ခြင့္ျပဳရန္ေျမပုံ၊ ဘဏ္ေငြေခ်းရန္ေျမပုံ၊ မိသားစု စီမံခန္႔ခြဲေရးစာခ်ဳပ္ခ်ဳပ္ဆိုရန္ေျမပုံ၊ အခြန္လြတ္သာသနာ့ဂရန္ ေလွ်ာက္ထားရန္ေျမပုံကို ထည့္သြင္း မွတ္ခ်က္ေရးၿပီး အဆိုပါမွတ္ခ်က္မ်ားအတိုင္းတာ ေဆာင္႐ြက္ခြင့္႐ွိေၾကာင္း ေဖာ္ျပေရးသားေပးလိုက္ပါ သည္။

 

 

ေမးခြန္း (၂) - စာခ်ဳပ္စာတမ္းမ်ား မွတ္ပုံတင္ရန္ေနာက္က်ပါက မည့္သို႔ေဆာင္႐ြက္ရမည္နည္း။

တန္ဖိုးေငြ (၁)သိန္းႏွင့္ အထက္႐ွိေသာ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းမ်ားအား အက်ိဳးတစ္စုံ တစ္ရာ ႐ွိေစရန္အတြက္ ေရာင္းခ်ျခင္း၊ လႊဲအပ္ျခင္း၊ စြန္႔လႊတ္ျခင္း၊ ဖ်က္သိမ္းျခင္း စာခ်ဳပ္ခ်ဳပ္ဆို သည့္အခါ အဆိုပါစာခ်ဳပ္အား မွတ္ပုံတင္ဥပေဒအခန္း-(၄)၊ ပုဒ္မ-၁၆(ခ)အရ မျဖစ္မေန မွတ္ပုံတင္ ထား႐ွိရန္ လိုအပ္ပါတယ္။ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုသည့္အခါ စည္ပင္သာယာေရးေကာ္မတီၿမိဳ႕ျပ ေျမယာစီမံခန္႔ခြဲမႈဌာနမွ ထုတ္ေပးထားေသာ သက္ေသခံေျမပုံ / ေျမရာဇဝင္ပါ႐ွိရမည္ျဖစ္ကာ စာခ်ဳပ္မွာ ျမန္မာဘာသာျဖင့္ ေရးသားျခင္းျဖစ္ရမည္။ ျမန္မာဘာသာျဖင့္ ခ်ဳပ္ဆိုမႈျပဳျခင္း မဟုတ္ပါက ႏီုႀတီပဗၸလစ္မွ အဆိုပါ စာ ခ်ဳပ္မွာ မွန္ကန္မႈ႐ွိေၾကာင္း လက္မွတ္ေရးထိုး ေထာက္ခံခ်က္ ပါ႐ွိရပါမည္။ စာခ်ဳပ္အား မွတ္ပုံတင္အရာ႐ွိမွ ခြင့္ျပဳသည့္အခါ၌လဲ တည္ဆဲဥပေဒပါ သတ္မွတ္အခြန္တံဆိပ္ေခါင္းအား ထမ္းေဆာင္ကာ စာခ်ဳပ္တြင္ အနည္းဆုံး အသိသက္ေသ (၂) ဦး ပါဝင္ကာ လက္မွတ္ေရးထိုး စာခ်ဳပ္ခ်ဳပ္ဆိုရန္ လိုအပ္ပါသည္။ ထို႔ျပင္ စာခ်ဳပ္ခ်ဳပ္ဆိုၿပီးေန႔မွ ရက္ေပါင္း-၁၂၀အတြင္း မွတ္ပုံတင္႐ွိရမည္ျဖစ္ကာ ပုဒ္မ-၂၁ အရ အေၾကာင္းတစ္စုံတစ္ရာေၾကာင့္ မွတ္ပုံတင္ရန္ ပ်က္ကြက္ပါက ပုဒ္မ-၇၊ ပုဒ္မ-၈ႏွင့္အညီ မွတ္ပုံတင္ အရာ႐ွိထံ ခိုင္လုံေသာ အေၾကာင္းျပခ်က္ျဖင့္ တင္ျပရမည္ျဖစ္ပါသည္။ ႏွစ္ဦးထက္ပိုလွ်င္ ေနာက္ဆုံးလက္မွတ္ေရးထိုးသည့္ေန႔မွ ရက္ေပါင္း-၁၂၀အတြင္း မွတ္ပုံတင္ရမည္ျဖစ္ကာ ျပည္ပတြင္ ခ်ဳပ္ဆိုေသာစာခ်ဳပ္စာတမ္းမ်ားလဲ ပုဒ္မ-၇၊ ပုဒ္မ-၈ အရ တင္ျပၿပီး ႏိုင္ငံအတြင္း ေရာက္႐ွိသည့္ေန႔မွ ရက္ေပါင္း-၁၂၀အတြင္း မျဖစ္မေန မွတ္ပုံတင္ရပါမည္။ ပုဒ္မ-၃၄ အရ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုသူတစ္ဦးဦးမွ ျငင္းဆိုျခင္း၊ ဝန္မခံျခင္း၊ အ႐ြယ္မေရာက္ ေသးသူ၊ ႐ူးသြပ္သူျဖစ္ျခင္း၊ သတိပုံမွန္မ႐ွိျခင္း၊ စာခ်ဳပ္တြင္ ပစၥည္းအား တိက်႐ွင္းလင္းစြာ မေဖာ္ျပ ျခင္း ၊ ေျမပုံ/ေျမရာဇဝင္ ပါမလာပါက မွတ္ပုံတင္အရာ႐ွိသည္ ျငင္းပယ္ျခင္း ျပဳႏိုင္သည္။

ပုဒ္မ-၇၊ ၈ ပါ မွတ္ပုံတင္အ႐ွိမွ ဆုံးျဖတ္ေသာ မွတ္ပုံတင္ရန္ ျငင္းပယ္ျခင္း၊ စီရင္ပိုင္ခြင့္နယ္ေျမ မက်ေရာက္ေသာေၾကာင့္ မွတ္ပုံတင္ရန္ ျငင္းပယ္ျခင္းအား မေက်နပ္ပါက ပုဒ္မ-၆၀ အရ ေလွ်ာက္ထား သူမွ ျပည္နယ္၊ ျပည္ေထာင္စု နယ္ေျမစာခ်ဳပ္စာတမ္း႐ုံးသို႔ အယူခံဝင္ေရာက္ႏိုင္သည္။

မွတ္ပုံတင္ရန္ ေက်ာ္လြန္သည္မွာ သတ္မွတ္ရက္စြဲ၏ ေနာက္ထပ္ ရက္ေပါင္း-၁၂၀ ထက္ ေက်ာ္လြန္ျခင္းမ်ိဳး မဟုတ္ပါက မွတ္ပုံတင္ အရာ႐ွိမွ ေလွ်ာက္ထားသူအား သတ္မွတ္ဒဏ္ေၾကး ထမ္းေဆာင္ ေစကာ မွတ္ပုံတင္ျခင္း ခြင့္ျပဳႏိုင္ပါေၾကာင္း ေျဖဆို ေရးသားေပးလိုက္ပါသည္။

 

ေမးခြန္း (၃) - ပါမစ္ေပ်ာက္ေျမအား ေျမငွားစာခ်ဳပ္ ေလွ်ာက္လို႔ရပါသလား။

ပါမစ္အမည္ေပါက္ရ႐ွိသူ၊ စာခ်ဳပ္အဆက္အစပ္ျဖင့္ ပိုင္ဆိုင္ခြင့္ရ႐ွိခဲ့သူ၊ တရား႐ုံးအမိန္႔ဒီဂရီျဖင့္ ပိုင္ဆိုင္သူမ်ားမွ ပါမစ္ေပ်ာက္ဆုံးကာ ဂရန္ေလွ်ာက္ထားျခင္းျပဳလိုလွ်င္ .....

- ရဲစခန္းေထာက္ခံခ်က္

- ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေထာက္ခံခ်က္

- ပါမစ္မွာ အမွန္တကယ္ေပ်ာက္ဆုံးေၾကာင္း ခံဝန္ကတိျပဳခ်က္

- က်မ္းက်ိန္လႊာမူရင္း

- ဌာနမွ သတ္မွတ္ထားေသာ ေလွ်ာက္လႊာ

- ဂရန္ေလွ်ာက္ထားမည့္သူ၏ မွတ္ပုံတင္မိတၱဴ

- အေမြဆက္ခံခြင့္ျဖင့္ ေလွ်ာက္ထားျခင္းျဖစ္ပါက အေမြဆက္ခံခြင့္အတြက္ (က်မ္းက်ိန္လႊာ၊ ေသစာရင္း၊ အိမ္ေထာင္စုစာရင္း)

- ေျမငွားခေႂကြးက်န္ ကင္း႐ွင္းေၾကာင္း ေျမငွားခေနာက္ဆုံးေျပစာတို႔ တင္ျပရန္ လိုအပ္ပါသည္။

သက္ဆိုင္ရာၿမိဳ႕နယ္ ေျမယာစီမံခန္႔ခြဲမႈဌာနမွ ပိုင္ဆိုင္မႈ အေထာက္အထားမ်ားအားလဲ မွန္ကန္မႈ ႐ွိမ႐ွိ တိုက္ဆိုင္စစ္ေဆးကာ ဂရန္ထုတ္ေပးထားဖူးျခင္း႐ွိမ႐ွိ၊ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းလႊဲေျပာင္း ျခင္း ဥပေဒႏွင့္ ၿငိစြန္းမႈ႐ွိမ႐ွိ စီစစ္ပါတယ္။

ထို႔ျပင္ ကန္႔ကြက္စာအားလဲ ေျမေပၚတြင္(၁)ေစာင္၊ ေလွ်ာက္ထားသူအား (၁)ေစာင္၊ အုပ္ခ်ဳပ္ ေရးမႉး႐ုံးႏွင့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး႐ုံး (၁)ေစာင္စီ ေပးပို႔ေစျခင္း၊ ႏိုင္ငံပိုင္ေန႔စဥ္ သတင္းစာတြင္ ကန္႔ကြက္ရန္ ေၾကညာေစျခင္းတို႔ျဖင့္ ကန္႔ကြက္သူ႐ွိမ႐ွိ စီစစ္ပါတယ္။ ေျမတိုင္းအရာ႐ွိမွ ေျမေပၚတြင္ ေလွ်ာက္ထားသူ အမွန္တကယ္ေနထိုင္ျခင္း႐ွိမ႐ွိ စီစစ္ေစျခင္း ေလွ်ာက္ထားသူအားလဲ ခံဝန္လက္မွတ္ေရးထိုးေစျခင္းတို႔ ေဆာင္႐ြက္ေစပါသည္။

သတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီကာ ကန္႔ကြက္သူမေပၚေပါက္မွသာ ၿမိဳ႕နယ္အလိုက္ဝန္ေဆာင္ခ ေပးသြင္းေစကာ ေျမတိုင္းတာေျမပုံအားလဲ ေရးဆြဲမႈျပဳေစပါသည္။

အဆိုပါပါမစ္ေပ်ာက္ျဖင့္ ဂရန္ ေလွ်ာက္ထားျခင္းတြင္ ဂရန္ထုတ္ေပးရာ၌လဲ ပါမစ္မူရင္း တင္ျပ ကန္႔ကြက္လာပါက ဌာနမွ အဆိုပါ ဂရန္ကို ပယ္ဖ်က္မည္ကိုသိ႐ွိသည့္အေၾကာင္း တံဆိပ္တုံးစာသား ေပၚတြင္ ေလွ်ာက္ထားသူအား လက္မွတ္ေရးထိုးေစျခင္းလဲ႐ွိပါသည္။ မူရင္းျပကာ ကန္႔ကြက္သူေပၚ လာလွ်င္ ထုတ္ေပးထားေသာဂရန္အား ေလွ်ာက္ထားသူမွ ျပန္လည္အပ္ႏွံရာမည္ျဖစ္ကာ မအပ္ႏွံပါက ဌာနမွ သီးျခားသတင္းစာေၾကျငာကာ ဌာနမွ ပယ္ဖ်က္သြားမည္ျဖစ္ပါသည္။

ပါမစ္ေျမအား ဝယ္ယူေတာ့မည္ဆိုက ေျမစစ္ေဆးျခင္း အရင္ျပဳလုပ္ၿပီး စရန္ေငြခ်သင့္ကာ အထူးသတိထား ဝယ္ယူသင့္ပါသည္။ ပါမစ္မူရင္း ေပ်ာက္ဆုံးသည္ဟု ေျပာဆိုကာ အရပ္ကတိစာခ်ဳပ္ မ်ားျဖင့္ လႊဲေျပာင္းေရာင္းခ်ေနျခင္းမ်ား႐ွိသလို ၊ ပါမစ္ေပ်ာက္ျဖင့္ ဂရန္ထုတ္ယူၿပီးေသာ ေျမကြက္ကို ထပ္မံ ေရာင္းခ်ေနျခင္းလဲ ျပဳလုပ္တတ္ပါသည္။ ထို႔ျပင္ ပါမစ္မူရင္းျဖင့္ ကန္႔ကြက္သူ အခ်ိန္မေ႐ြး ေပၚေပါက္လာပါက မိမိထုတ္ယူထားသည့္ ဂရန္အား ပယ္ဖ်က္သည္အထိ အေရးယူ ေဆာင္႐ြက္ရန္ မိမိမွ ဝန္ခံကတိျပဳခ်က္ လက္မွတ္ေရးထိုးရေသာေၾကာင့္ မဝယ္ခင္ေသခ်ာ စစ္ေဆးသင့္ေၾကာင္း ေျဖဆို ေရးသားေပးလိုက္ပါတယ္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်
စားသောက်နေစဉ်အချိန်အတွင်း ဖုန်းမသုံးသူများကို ဝိုင်တစ်ပုလင်း အခမဲ့တိုက်မည့် အီတလီက စားသောက်ဆိုင်...
စားသောက်နေစဉ်အချိန်အတွင်း ဖုန်းမသုံးသူများကို ဝိုင်တစ်ပုလင်း အခမဲ့တိုက်မည့် အီတလီက စားသောက်ဆိုင်...
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
mya-villa
cherry-condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service