လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....

လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ .... - Property Knowledge in Myanmar from iMyanmarHouse.com
14 Apr 2024 4:29 pm တွင် တင်ခဲ့သည်
582 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

ကန်ထရိုက်ဆောက်လုပ်နေဆဲ မြေပိုင်ရှင်ကွယ်လွန်သွားရင် လုပ်ငန်းရပ်ဆိုင်းသွားမလား ဆိုတဲ့ ထူးဆန်းမေးခွန်းလေးအပါအဝင် အမေးအဖြေသုံးပုဒ်ကို ဒီတစ်ပတ်မှာတင်ဆက်ပေးထားပါတယ်။

 

မေးခွန်း ( ၁) - ကန်ထရိုက် တိုက်ဆောက်လုပ်နေဆဲ၌ မြေပိုင်ရှင် ကွယ်လွန်သွားပါက လုပ်ငန်းရပ်ဆိုင်းသွားပါသလား။

ပဋိဉာဉ်ဥပဒပုဒ်မ- ၄၀(က) အရ သာမာန်အားဖြင့် ကတိပြုချက်အား ကတိပြုသူ ကိုယ်တိုင်ဖြစ်စေ၊ ၎င်း၏ ကိုယ်စားလှယ်မှဖြစ်စေ ဆောင်ရွက်နိုင်သည်။ ကတိပြုသူ ကွယ်လွန်ပါကလဲ ၎င်းကိုယ်စား ၎င်း၏ တရားဝင် ကိုယ်စားလှယ်မှ ကတိပြုချက်များအတိုင်း ဆက်လက်ဆောင်ရွက်ရန်၊ ကြွေးမြီများအား ကောက်ခံရန်၊ ပေးဆပ်ရန် တာဝန်ရှိသည်။

ကန်ထရိုက်တိုက် ဆောက်လုပ်ခြင်းစာချုပ်တွင်လဲ ကန်ထရိုက်နှင့် မြေပိုင်ရှင်ကတိပြုသူဆိုရာ၌ ၎င်းတို့၏ တရားဝင် ကိုယ်စားလှယ်များ၊ ဇနီး/ခင်ပွန်း၊ အမွေစားအမွေခံများ၊ အမွေဆက်ခံခွင့်ရှိသူများ ပါဝင်ကြောင်း ထည့်ဝင် ချုပ်ဆိုမှုပြုပြီး ဖြစ်ပါလိမ့်မယ်။

ပဋိဉာဉ်ဥပဒပုဒ်မ-၄၀(က) အရ ကတိပြုသူ ကွန်လွန်သွားသည့်အခါ ကန်ထရိုက်ဘက်မှ မရွှေ့မပြောင်း နိုင်သောပစ္စည်းအပေါ် ပဋိဉာဉ်ပါအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ရန် မြေရှင်၏ အမွေစားအမွေခံကို တရားဝင် တောင်းဆိုပိုင်ခွင့်လဲရှိပါသည်။ မြေရှင်ခင်ပွန်း၊ သေဆုံးလျှင် ဇနီးမှာ အမွေဆက်ခံခွင့်အရ တရားဝင်ကိုယ်စား လှယ်အဖြစ် ဆောင်ရွက်နိုင်သည်။ အမှုစစ်ဆေးနေဆဲ တရားရုံး အမှုများတွင်လဲ အမိန့်-၂၂၊ နည်း-၃၊ ၄ အရ ရက် ပေါင်း(၉၀)အတွင်း တရားဝင်ကိုယ်စားလှယ် ထည့်သွင်းနိုင်ရန် လျှောက်ထားဆောင်ရွက်ခြင်း ပြုနိုင်ပါသည်။

ထို့ကြောင့် ကန်ထရိုက် တိုက်ဆောက်လုပ်ဆဲတွင် မြေပိုင်ရှင်ကွန်လွန်သွားပါက လုပ်ငန်းများ ရပ်ဆိုင်း ခြင်းမရှိပါကြောင်းနှင့် ၎င်း၏ကိုယ်စား ၎င်း၏ တရားဝင်ကိုယ်စားလှယ်မှ ဥပဒေနှင့်အညီ မြေပိုင်ရှင်၏ ကန်ထ ရိုက်စာချုပ်ပါ ကတိပြုချက်များကို ဆက်လက်တာဝန်ယူ ဆောင်ရွက်နိုင်ကြောင်း ဖြေဆို ရေးသားပေးလိုက်ပါ သည်။

 

မေးခွန်း (၂) - အငှါးချထားသည့် မြေပေါ်တွင် မြေရှင်၏ ခွင့်ပြုချက်မရှိဘဲ အဆောက်အဦး ဆောက်လုပ်နေသောကြောင့် ဖယ်ရှားလို၍မည်သို့ဆောင်ရွက်ရမည်နည်း။

 

အိမ်ခြံမြေအား နှစ်ရှည်ငှားရမ်းတော့မည်ဆိုပါက မြေရှင်ဘက်မှ ခိုင်မာမှုရှိစေရန် ကတိပြုစည်းကမ်း သတ်မှတ်ချက်များ ထည့်သွင်းချုပ်ဆိုကာ အဆိုပါငှားရမ်းခြင်းစာချုပ်အား မှတ်ပုံတင်ရပါသည်။ နှစ်အလိုက် ငှားရမ်းခြင်းစာချုပ်ချုပ်ဆိုခြင်းများလဲရှိပြီး (၁)နှစ်ထက် ကျော်လွန်သော ငှားရမ်းခြင်းဖြစ် ပါက တရားဝင်မဖြစ်မနေ မှတ်ပုံတင်ရန် လိုအပ်ပါသည်။ စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေ ပုဒ်မ-၁၆(ဃ)အရ မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို တစ်နှစ်ပြီး တစ်နှစ် ငှားရမ်းခြင်း၊ တစ်နှစ်ထက်ပို၍ ငှားရမ်းခြင်း၊ ငှားရမ်း ခကို နှစ်အလိုက်သတ်မှတ်၍ ငှားရမ်းခြင်း စာချုပ်များမှာ မဖြစ်မနေ မှတ်ပုံမတင်မနေရ စာချုပ်အမျိုးအစားများ ထဲတွင် ပါဝင်ပါသည်။

ငှားရမ်းခြင်းဆိုသည်မှာ အချိန်ကာလကန့်သတ်ချက်၊ စည်းကမ်းချက်များဖြင့် ပစ္စည်းအပေါ်တွင် အကျိုးခံ စားခွင့်အား ငှားရမ်းသူ (အိမ်ငှား) Lessee ၊ အငှားချထားသူ (အိမ်ရှင်) lessor သို့ လွှဲပြောင်းပေးအပ်ခြင်း ဖြစ်ပါသည်။ စည်းကမ်းချက်များအရ ငှားရမ်းသူသည် ပစ္စည်းအား ထိန်းသိမ်းစောင့်ရှောက်ရမည် တာဝန်ရှိကာ ပျက်စီးမှု ချို့ယွင်းချက်ရှိလာပါက တန်ဖိုးအတိုင်းပေးလျော်ရန် (သို့) ပြုပြင်ရန် တာဝန်ရှိပါသည်။ ထို့ပြင် စည်းကမ်းချက် များအတိုင်း အိမ်ငှားမှ လိုက်နာရမည်ဖြစ်ကာ စာချုပ်သက်တမ်းပြည့်ပါက အိမ်ရှင်ထံ စနစ်တကျ ပြန်လည်အပ်နှံရမည့် တာဝန်လဲရှိပါသည်။

မိမိငှားရမ်းသော မြေကွက်ပေါ်တွင် အဆောက်အဦးဆောက်လုပ်ရန် (ဥပမာ _လက်ဖက်ရည်ဆိုင်၊ ဂိုဒေါင်၊ ဆိုင်ခန်း) တချို့မြေရှင်မှ သဘောတူညီချက်ရှိပြီး အဆိုပါ အဆောက်အဦးဆောက်လုပ်ရန် သဘောတူညီ ချက်မရှိဘဲ ငှားရမ်းသူမှ ဆောက်လုပ်ခြင်းဖြစ်ပါက စာချုပ်အား ဖောက်ဖျက်သဖြင့် နို့တစ်စာပေးပို့ကာ ငှားရမ်းသော မြေမှ ဖယ်ရှားထွက်ခွာရန် အကြောင်းကြားရပါမည်။ စာချုပ်အား ဖောက်ဖျက်ခြင်း အတွက် မြေရှင်မှ နှင်လိုမှုစွဲဆိုနိုင်ကာ နစ်နာသူဘက်မှ စာချုပ်ပါအတိုင်း တရားစွဲဆို နစ်နာကြေးငွေ တောင်းခံခြင်း ပြုနိုင် ပါသည်။

ငှားရမ်းသူဘက်မှ ငှားရမ်းခြင်း စာချုပ်တွင် ခွင့်ပြုမထားသည့် အဆောက်အဦးအား ဆောက်လုပ်သည့် အတွက် စာချုပ်အား ဖောက်ဖျက်ခြင်းပင်ဖြစ်ပါသည်။ ပဋိဉာဉ်အက်ဥပဒေနှင့် ၁၉၆၀ မြို့ပြဆိုင်ရာ ငှားရမ်းခကြီး ကြပ်ရေး အက်ဥပဒေပုဒ်မ-၁၂(၁)(က)အရ ငှားရမ်းသူသည် တစ်ကြိမ်တခါမျှပင် အငှားပဋိဉာဉ်ပါ အတိအလင်း တားမြစ်ထားသော စည်းကမ်းချက်နှင့် အိမ်ငှားတာဝန်ကို ဖောက်ဖျက်ကျူးလွန်လျှင်လဲ ယင်းကို အကြောင်းပြု၍ အိမ်ရှင်မှ နှင်ထုတ်ပိုင်ခွင့်ရှိကြောင်း ဖော်ပြထားသည်။ (ဒေါ်တင်မြနှင့် ဦးစံလင်း( ၁၉၉၄၊ မတစ (ရုံးချုပ်) ၅၆)

ပုဒ်မ-၅၀(ဃ)နှင့်အညီ မှတ်ပုံတင်ငှားရမ်းခြင်း စာချုပ်ချုပ်ဆိုမည်ဆိုပါက တံဆိပ်ခေါင်းခွန် ပြည့်မှီစွာ ထမ်းဆောင်ကာ စာချုပ်၌ မြေကွက်တည်ရှိရာနေရာအား တိကျစွာ ဖော်ပြကာ အသိသက်သေများဖြင့် ငှားရမ်း ခြင်း စာချုပ်ချုပ်ဆိုကာ မှတ်ပုံတင်ရှိရမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

မေးခွန်း (၃) - အဆောက်အအုံ ဆောက်လုပ်ခွင့်တင်လျှင် ဘာတွေ လိုအပ်ပါသလဲ၊ ပုံစံစစ်ဆေးခ ဘယ်လောက်ပေးသွင်းရပါသလဲ။

အဆောက်အအုံ ဆောက်လုပ်ရန်အတွက် ခွင့်ပြုမိန့်ရရှိရန် လျှောက်ထားလိုပါက .....

- (မြေရှင်(သို့မဟုတ်) GP/SP)ဖြင့် လျှောက်ထားသူ၏ နိုင်ငံသားစီစစ်ရေးကတ်ပြားမိတ္တူ၊

-ဂရန်မိတ္တူ၊

- (၁)နှစ်အတွင်း ထုတ်ပေးထားသော မြေပုံ(D/Map)မိတ္တူ၊

- မိသားစုလုံးချင်းနှင့် စီးပွားရေးလုပ်ငန်းသုံး အဆောက်အအုံဖြစ်ပါက လျှောက်ထားသူ

- မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ / ဗိသုကာတို့မှ လက်မှတ်ရေးထိုးတင်ပြရန်

- ကန်ထရိုက်တိုက်ပုံစံ ဆောက်လုပ်ရန်ဖြစ်ပါက လျှောက်ထားသူ၊ လိုင်စင်ရ ကန်ထရိုက်တာ(LC) နှင့် မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ /ဗိသုကာတို့မှ လက်မှတ်ရေးထိုးကာ တင်ပြရန်၊ ကန်ထရိုက် တိုက်နှင့် စီးပွားရေးလုပ်ငန်းသုံး ဖြစ်ပါက မီးသတ်ဦး စီးဌာန၏ အကြံပြုချက် နှင့် အတည်ပြုမှုတို့ တင်ပြရပါမည်။

အထက်ဖော်ပြပါအချက်အလက်အပြင်....

၁။-ဌာနမှ သတ်မှတ်ထားသော ဆောက်လုပ်ခွင့် လျှောက်လွှာပုံစံ

၂။ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်ပါကဌာန၏ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ခံကတိပြုချက်။

၃။အရှုပ်အရှင်းကင်းရှင်းကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်။

၄။ဘေးဘက်အား ၃’ပေနှင့် အထက်မြေချန်ထားခြင်းမရှိပါက ဘေးကပ်လျက် မြေကွက်ပိုင်ရှင်များ၏ သဘောထားမှတ်ချက်။

၅။စီးပွားရေးလုပ်ငန်းသုံး အဆောက်အအုံဖြစ်ပါက ဘေးပတ်ဝန်းကျင် မြေပိုင်ရှင်(၁၀ဦး)၏ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်လဲ ပူးတွဲ တင်ပြပေးရမည်။

၆။အဆောက်အအုံခိုင်ခံ့မှုအား မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာမှ တာဝန်ယူကြောင်း ခံဝန်ကတိပြု တင်ပြချက် လိုအပ်ပါသည်။

၇။ ကန်ထရိုက်တိုက်ပုံစံ ဆောက်လုပ်မည်ဆိုပါက လျှောက်ထားသူ ၊ လိုင်စင်ရ ကန်ထရိုက်တာ (LC)နှင့် မှတ်ပုံတင် လက်မှတ်ရ အင်ဂျင်နီယာ / ဗိသုကာတို့မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များအား လိုက် နာ ဆောင်ရွက်မည်ဖြစ်ကြောင်း ခံဝန်ကတိတင်ပြချက်တို့ပါရှိကာ ဆောက်လုပ်ခွင့်တင်ရှိရမည် ဖြစ်ပါသည်။

တစ်နှစ်အတွင်း အဆောက်အအုံ ဆောက်လုပ်ခြင်းအား ပြုရမည်ဖြစ်ကာ စတင်ဆောက်လုပ် ခြင်း မပြုပါက လုပ်ငန်းလုပ်ကိုင်ခွင့်အမိန့် ပြန်လည်ရုတ်သိမ်းနိုင်ပါသည်။ ထို့အပြင် ကော်မတီမှ ထုတ်ပေးသော လုပ်ငန်းလုပ်ကိုင်ခွင့်အမိန့်အား အများပြည်သူမြင်သာသော လုပ်ငန်းတည်ရှိရာ နေရာတွင် ဆိုင်းဘုတ်ချိတ်ဆွဲ၍ ကပ်ထားရမည်ဖြစ်ပါသည်။

ပုံစံစစ်ဆေးခအဖြစ် အဆောက်အအုံမှာ မိသားစုလုံးချင်းနေအိမ်/ဘာသာရေးဆိုင်ရာ/ဌာနဆိုင်ရာ အဆောက်အအုံဖြစ်လျှင် တိုက်/Steel ၁စတုရန်းပေ - ၅၅ကျပ်၊ အုတ်ညှပ် ၁စတုရမ်းပေ- ၃၅ကျပ်၊ ပျဉ် ၁စတုရန်းပေ- ၂၅ကျပ် ပေးသွင်းရမည်ဖြစ်သည်။ အများသုံးလူနေ(သို့) စီးပွားရေးသုံး အဆောက်အအုံ များ ဆိုလျှင် တိုက်/Steel ၁စတုရန်းပေ - ၈၅ကျပ်၊ အုတ်ညှပ် ၁ စတုရန်း ပေ- ၈၅ကျပ်၊ ပျဉ် ၁ စတုရန်း ပေ- ၈၅ကျပ် ဖြင့် ပေးဆောင်ရမှာဖြစ်ပါသည်။

ပုံစံစစ်ဆေးခ၊ ကျော်လွန်ဆောက်လုပ်သည့်ဒဏ်ကြေး၊ လူနေထိုင်ခွင့် အမည်ပြောင်းခ၊ အဆောက်အအုံ ဖျက်သိမ်းရန်စစ်ဆေးခ၊ အဆောက်အအုံကြိုတင် ဖျက်သိမ်းဒဏ်ကြေး၊ မိတ္တူမှန်ကူး ယူခ၊ အမြင့်ပေပိုဒဏ်ကြေး၊ နေ့စဉ်မှတ်တမ်းစာအုပ် (Log Book)၊ ကြိုတင်လူနေဒဏ်ကြေး၊ Logo ကြေး၊ ပုံစံရောင်း၊ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခြင်းများအား ပြင်ဆင်သတ်မှတ်မှုပြုကာ တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ကြောင်းလဲ သိရှိရပါကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

 https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ေလ့လာစရာ ဥပေဒေရးရာ အျဖာျဖာ ....

 

ကန္ထ႐ိုက္ေဆာက္လုပ္ေနဆဲ ေျမပိုင္႐ွင္ကြယ္လြန္သြားရင္ လုပ္ငန္းရပ္ဆိုင္းသြားမလား ဆိုတဲ့ ထူးဆန္းေမးခြန္းေလးအပါအဝင္ အေမးအေျဖသုံးပုဒ္ကို ဒီတစ္ပတ္မွာတင္ဆက္ေပးထားပါတယ္။

ေမးခြန္း ( ၁) - ကန္ထ႐ိုက္ တိုက္ေဆာက္လုပ္ေနဆဲ၌ ေျမပိုင္႐ွင္ ကြယ္လြန္သြားပါက လုပ္ငန္းရပ္ဆိုင္းသြားပါသလား။

ပဋိဉာဥ္ဥပဒပုဒ္မ- ၄၀(က) အရ သာမာန္အားျဖင့္ ကတိျပဳခ်က္အား ကတိျပဳသူ ကိုယ္တိုင္ျဖစ္ေစ၊ ၎၏ ကိုယ္စားလွယ္မွျဖစ္ေစ ေဆာင္႐ြက္ႏိုင္သည္။ ကတိျပဳသူ ကြယ္လြန္ပါကလဲ ၎ကိုယ္စား ၎၏ တရားဝင္ ကိုယ္စားလွယ္မွ ကတိျပဳခ်က္မ်ားအတိုင္း ဆက္လက္ေဆာင္႐ြက္ရန္၊ ေႂကြးၿမီမ်ားအား ေကာက္ခံရန္၊ ေပးဆပ္ရန္ တာဝန္႐ွိသည္။

ကန္ထ႐ိုက္တိုက္ ေဆာက္လုပ္ျခင္းစာခ်ဳပ္တြင္လဲ ကန္ထ႐ိုက္ႏွင့္ ေျမပိုင္႐ွင္ကတိျပဳသူဆိုရာ၌ ၎တို႔၏ တရားဝင္ ကိုယ္စားလွယ္မ်ား၊ ဇနီး/ခင္ပြန္း၊ အေမြစားအေမြခံမ်ား၊ အေမြဆက္ခံခြင့္႐ွိသူမ်ား ပါဝင္ေၾကာင္း ထည့္ဝင္ ခ်ဳပ္ဆိုမႈျပဳၿပီး ျဖစ္ပါလိမ့္မယ္။

ပဋိဉာဥ္ဥပဒပုဒ္မ-၄၀(က) အရ ကတိျပဳသူ ကြန္လြန္သြားသည့္အခါ ကန္ထ႐ိုက္ဘက္မွ မေ႐ႊ႕မေျပာင္း ႏိုင္ေသာပစၥည္းအေပၚ ပဋိဉာဥ္ပါအတိုင္း ဆက္လက္ေဆာင္႐ြက္ႏိုင္ရန္ ေျမ႐ွင္၏ အေမြစားအေမြခံကို တရားဝင္ ေတာင္းဆိုပိုင္ခြင့္လဲ႐ွိပါသည္။ ေျမ႐ွင္ခင္ပြန္း၊ ေသဆုံးလွ်င္ ဇနီးမွာ အေမြဆက္ခံခြင့္အရ တရားဝင္ကိုယ္စား လွယ္အျဖစ္ ေဆာင္႐ြက္ႏိုင္သည္။ အမႈစစ္ေဆးေနဆဲ တရား႐ုံး အမႈမ်ားတြင္လဲ အမိန္႔-၂၂၊ နည္း-၃၊ ၄ အရ ရက္ ေပါင္း(၉၀)အတြင္း တရားဝင္ကိုယ္စားလွယ္ ထည့္သြင္းႏိုင္ရန္ ေလွ်ာက္ထားေဆာင္႐ြက္ျခင္း ျပဳႏိုင္ပါသည္။

ထို႔ေၾကာင့္ ကန္ထ႐ိုက္ တိုက္ေဆာက္လုပ္ဆဲတြင္ ေျမပိုင္႐ွင္ကြန္လြန္သြားပါက လုပ္ငန္းမ်ား ရပ္ဆိုင္း ျခင္းမ႐ွိပါေၾကာင္းႏွင့္ ၎၏ကိုယ္စား ၎၏ တရားဝင္ကိုယ္စားလွယ္မွ ဥပေဒႏွင့္အညီ ေျမပိုင္႐ွင္၏ ကန္ထ ႐ိုက္စာခ်ဳပ္ပါ ကတိျပဳခ်က္မ်ားကို ဆက္လက္တာဝန္ယူ ေဆာင္႐ြက္ႏိုင္ေၾကာင္း ေျဖဆို ေရးသားေပးလိုက္ပါ သည္။

 

ေမးခြန္း (၂) - အငွါးခ်ထားသည့္ ေျမေပၚတြင္ ေျမ႐ွင္၏ ခြင့္ျပဳခ်က္မ႐ွိဘဲ အေဆာက္အဦး ေဆာက္လုပ္ေနေသာေၾကာင့္ ဖယ္႐ွားလို၍မည္သို႔ေဆာင္႐ြက္ရမည္နည္း။

အိမ္ျခံေျမအား ႏွစ္႐ွည္ငွားရမ္းေတာ့မည္ဆိုပါက ေျမ႐ွင္ဘက္မွ ခိုင္မာမႈ႐ွိေစရန္ ကတိျပဳစည္းကမ္း သတ္မွတ္ခ်က္မ်ား ထည့္သြင္းခ်ဳပ္ဆိုကာ အဆိုပါငွားရမ္းျခင္းစာခ်ဳပ္အား မွတ္ပုံတင္ရပါသည္။ ႏွစ္အလိုက္ ငွားရမ္းျခင္းစာခ်ဳပ္ခ်ဳပ္ဆိုျခင္းမ်ားလဲ႐ွိၿပီး (၁)ႏွစ္ထက္ ေက်ာ္လြန္ေသာ ငွားရမ္းျခင္းျဖစ္ ပါက တရားဝင္မျဖစ္မေန မွတ္ပုံတင္ရန္ လိုအပ္ပါသည္။ စာခ်ဳပ္စာတမ္းမွတ္ပုံတင္ဥပေဒ ပုဒ္မ-၁၆(ဃ)အရ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းမ်ားကို တစ္ႏွစ္ၿပီး တစ္ႏွစ္ ငွားရမ္းျခင္း၊ တစ္ႏွစ္ထက္ပို၍ ငွားရမ္းျခင္း၊ ငွားရမ္း ခကို ႏွစ္အလိုက္သတ္မွတ္၍ ငွားရမ္းျခင္း စာခ်ဳပ္မ်ားမွာ မျဖစ္မေန မွတ္ပုံမတင္မေနရ စာခ်ဳပ္အမ်ိဳးအစားမ်ား ထဲတြင္ ပါဝင္ပါသည္။

ငွားရမ္းျခင္းဆိုသည္မွာ အခ်ိန္ကာလကန္႔သတ္ခ်က္၊ စည္းကမ္းခ်က္မ်ားျဖင့္ ပစၥည္းအေပၚတြင္ အက်ိဳးခံ စားခြင့္အား ငွားရမ္းသူ (အိမ္ငွား) Lessee ၊ အငွားခ်ထားသူ (အိမ္႐ွင္) lessor သို႔ လႊဲေျပာင္းေပးအပ္ျခင္း ျဖစ္ပါသည္။ စည္းကမ္းခ်က္မ်ားအရ ငွားရမ္းသူသည္ ပစၥည္းအား ထိန္းသိမ္းေစာင့္ေ႐ွာက္ရမည္ တာဝန္႐ွိကာ ပ်က္စီးမႈ ခ်ိဳ႕ယြင္းခ်က္႐ွိလာပါက တန္ဖိုးအတိုင္းေပးေလ်ာ္ရန္ (သို႔) ျပဳျပင္ရန္ တာဝန္႐ွိပါသည္။ ထို႔ျပင္ စည္းကမ္းခ်က္ မ်ားအတိုင္း အိမ္ငွားမွ လိုက္နာရမည္ျဖစ္ကာ စာခ်ဳပ္သက္တမ္းျပည့္ပါက အိမ္႐ွင္ထံ စနစ္တက် ျပန္လည္အပ္ႏွံရမည့္ တာဝန္လဲ႐ွိပါသည္။

မိမိငွားရမ္းေသာ ေျမကြက္ေပၚတြင္ အေဆာက္အဦးေဆာက္လုပ္ရန္ (ဥပမာ _လက္ဖက္ရည္ဆိုင္၊ ဂိုေဒါင္၊ ဆိုင္ခန္း) တခ်ိဳ႕ေျမ႐ွင္မွ သေဘာတူညီခ်က္႐ွိၿပီး အဆိုပါ အေဆာက္အဦးေဆာက္လုပ္ရန္ သေဘာတူညီ ခ်က္မ႐ွိဘဲ ငွားရမ္းသူမွ ေဆာက္လုပ္ျခင္းျဖစ္ပါက စာခ်ဳပ္အား ေဖာက္ဖ်က္သျဖင့္ ႏို႔တစ္စာေပးပို႔ကာ ငွားရမ္းေသာ ေျမမွ ဖယ္႐ွားထြက္ခြာရန္ အေၾကာင္းၾကားရပါမည္။ စာခ်ဳပ္အား ေဖာက္ဖ်က္ျခင္း အတြက္ ေျမ႐ွင္မွ ႏွင္လိုမႈစြဲဆိုႏိုင္ကာ နစ္နာသူဘက္မွ စာခ်ဳပ္ပါအတိုင္း တရားစြဲဆို နစ္နာေၾကးေငြ ေတာင္းခံျခင္း ျပဳႏိုင္ ပါသည္။

ငွားရမ္းသူဘက္မွ ငွားရမ္းျခင္း စာခ်ဳပ္တြင္ ခြင့္ျပဳမထားသည့္ အေဆာက္အဦးအား ေဆာက္လုပ္သည့္ အတြက္ စာခ်ဳပ္အား ေဖာက္ဖ်က္ျခင္းပင္ျဖစ္ပါသည္။ ပဋိဉာဥ္အက္ဥပေဒႏွင့္ ၁၉၆၀ ၿမိဳ႕ျပဆိုင္ရာ ငွားရမ္းခႀကီး ၾကပ္ေရး အက္ဥပေဒပုဒ္မ-၁၂(၁)(က)အရ ငွားရမ္းသူသည္ တစ္ႀကိမ္တခါမွ်ပင္ အငွားပဋိဉာဥ္ပါ အတိအလင္း တားျမစ္ထားေသာ စည္းကမ္းခ်က္ႏွင့္ အိမ္ငွားတာဝန္ကို ေဖာက္ဖ်က္က်ဴးလြန္လွ်င္လဲ ယင္းကို အေၾကာင္းျပဳ၍ အိမ္႐ွင္မွ ႏွင္ထုတ္ပိုင္ခြင့္႐ွိေၾကာင္း ေဖာ္ျပထားသည္။ (ေဒၚတင္ျမႏွင့္ ဦးစံလင္း( ၁၉၉၄၊ မတစ (႐ုံးခ်ဳပ္) ၅၆)

ပုဒ္မ-၅၀(ဃ)ႏွင့္အညီ မွတ္ပုံတင္ငွားရမ္းျခင္း စာခ်ဳပ္ခ်ဳပ္ဆိုမည္ဆိုပါက တံဆိပ္ေခါင္းခြန္ ျပည့္မွီစြာ ထမ္းေဆာင္ကာ စာခ်ဳပ္၌ ေျမကြက္တည္႐ွိရာေနရာအား တိက်စြာ ေဖာ္ျပကာ အသိသက္ေသမ်ားျဖင့္ ငွားရမ္း ျခင္း စာခ်ဳပ္ခ်ဳပ္ဆိုကာ မွတ္ပုံတင္႐ွိရမည္ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

ေမးခြန္း (၃) - အေဆာက္အအုံ ေဆာက္လုပ္ခြင့္တင္လွ်င္ ဘာေတြ လိုအပ္ပါသလဲ၊ ပုံစံစစ္ေဆးခ ဘယ္ေလာက္ေပးသြင္းရပါသလဲ။

အေဆာက္အအုံ ေဆာက္လုပ္ရန္အတြက္ ခြင့္ျပဳမိန္႔ရ႐ွိရန္ ေလွ်ာက္ထားလိုပါက .....

- (ေျမ႐ွင္(သို႔မဟုတ္) GP/SP)ျဖင့္ ေလွ်ာက္ထားသူ၏ ႏိုင္ငံသားစီစစ္ေရးကတ္ျပားမိတၱဴ၊

-ဂရန္မိတၱဴ၊

- (၁)ႏွစ္အတြင္း ထုတ္ေပးထားေသာ ေျမပုံ(D/Map)မိတၱဴ၊

- မိသားစုလုံးခ်င္းႏွင့္ စီးပြားေရးလုပ္ငန္းသုံး အေဆာက္အအုံျဖစ္ပါက ေလွ်ာက္ထားသူ

- မွတ္ပုံတင္လက္မွတ္ရ အင္ဂ်င္နီယာ / ဗိသုကာတို႔မွ လက္မွတ္ေရးထိုးတင္ျပရန္

- ကန္ထ႐ိုက္တိုက္ပုံစံ ေဆာက္လုပ္ရန္ျဖစ္ပါက ေလွ်ာက္ထားသူ၊ လိုင္စင္ရ ကန္ထ႐ိုက္တာ(LC) ႏွင့္ မွတ္ပုံတင္လက္မွတ္ရ အင္ဂ်င္နီယာ /ဗိသုကာတို႔မွ လက္မွတ္ေရးထိုးကာ တင္ျပရန္၊ ကန္ထ႐ိုက္ တိုက္ႏွင့္ စီးပြားေရးလုပ္ငန္းသုံး ျဖစ္ပါက မီးသတ္ဦး စီးဌာန၏ အၾကံျပဳခ်က္ ႏွင့္ အတည္ျပဳမႈတို႔ တင္ျပရပါမည္။

အထက္ေဖာ္ျပပါအခ်က္အလက္အျပင္

၁။-ဌာနမွ သတ္မွတ္ထားေသာ ေဆာက္လုပ္ခြင့္ ေလွ်ာက္လႊာပုံစံ

၂။ ျပႆနာတစ္စုံတစ္ရာ ေပၚေပါက္ပါကဌာန၏ ၫႊန္ၾကားခ်က္ကို လိုက္နာေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ဝန္ခံကတိျပဳခ်က္။

၃။အ႐ႈပ္အ႐ွင္းကင္း႐ွင္းေၾကာင္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ေထာက္ခံခ်က္။

၄။ေဘးဘက္အား ၃’ေပႏွင့္ အထက္ေျမခ်န္ထားျခင္းမ႐ွိပါက ေဘးကပ္လ်က္ ေျမကြက္ပိုင္႐ွင္မ်ား၏ သေဘာထားမွတ္ခ်က္။

၅။စီးပြားေရးလုပ္ငန္းသုံး အေဆာက္အအုံျဖစ္ပါက ေဘးပတ္ဝန္းက်င္ ေျမပိုင္႐ွင္(၁၀ဦး)၏ ကန္႔ကြက္ရန္ မ႐ွိေၾကာင္း ေထာက္ခံခ်က္လဲ ပူးတြဲ တင္ျပေပးရမည္။

၆။အေဆာက္အအုံခိုင္ခံ့မႈအား မွတ္ပုံတင္လက္မွတ္ရ အင္ဂ်င္နီယာမွ တာဝန္ယူေၾကာင္း ခံဝန္ကတိျပဳ တင္ျပခ်က္ လိုအပ္ပါသည္။

၇။ ကန္ထ႐ိုက္တိုက္ပုံစံ ေဆာက္လုပ္မည္ဆိုပါက ေလွ်ာက္ထားသူ ၊ လိုင္စင္ရ ကန္ထ႐ိုက္တာ (LC)ႏွင့္ မွတ္ပုံတင္ လက္မွတ္ရ အင္ဂ်င္နီယာ / ဗိသုကာတို႔မွ သတ္မွတ္ထားသည့္ စည္းကမ္းခ်က္မ်ားအား လိုက္ နာ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ခံဝန္ကတိတင္ျပခ်က္တို႔ပါ႐ွိကာ ေဆာက္လုပ္ခြင့္တင္႐ွိရမည္ ျဖစ္ပါသည္။

တစ္ႏွစ္အတြင္း အေဆာက္အအုံ ေဆာက္လုပ္ျခင္းအား ျပဳရမည္ျဖစ္ကာ စတင္ေဆာက္လုပ္ ျခင္း မျပဳပါက လုပ္ငန္းလုပ္ကိုင္ခြင့္အမိန္႔ ျပန္လည္႐ုတ္သိမ္းႏိုင္ပါသည္။ ထို႔အျပင္ ေကာ္မတီမွ ထုတ္ေပးေသာ လုပ္ငန္းလုပ္ကိုင္ခြင့္အမိန္႔အား အမ်ားျပည္သူျမင္သာေသာ လုပ္ငန္းတည္႐ွိရာ ေနရာတြင္ ဆိုင္းဘုတ္ခ်ိတ္ဆြဲ၍ ကပ္ထားရမည္ျဖစ္ပါသည္။

ပုံစံစစ္ေဆးခအျဖစ္ အေဆာက္အအုံမွာ မိသားစုလုံးခ်င္းေနအိမ္/ဘာသာေရးဆိုင္ရာ/ဌာနဆိုင္ရာ အေဆာက္အအုံျဖစ္လွ်င္ တိုက္/Steel ၁စတုရန္းေပ - ၅၅က်ပ္၊ အုတ္ညႇပ္ ၁စတုရမ္းေပ- ၃၅က်ပ္၊ ပ်ဥ္ ၁စတုရန္းေပ- ၂၅က်ပ္ ေပးသြင္းရမည္ျဖစ္သည္။ အမ်ားသုံးလူေန(သို႔) စီးပြားေရးသုံး အေဆာက္အအုံ မ်ား ဆိုလွ်င္ တိုက္/Steel ၁စတုရန္းေပ - ၈၅က်ပ္၊ အုတ္ညႇပ္ ၁ စတုရန္း ေပ- ၈၅က်ပ္၊ ပ်ဥ္ ၁ စတုရန္း ေပ- ၈၅က်ပ္ ျဖင့္ ေပးေဆာင္ရမွာျဖစ္ပါသည္။

ပုံစံစစ္ေဆးခ၊ ေက်ာ္လြန္ေဆာက္လုပ္သည့္ဒဏ္ေၾကး၊ လူေနထိုင္ခြင့္ အမည္ေျပာင္းခ၊ အေဆာက္အအုံ ဖ်က္သိမ္းရန္စစ္ေဆးခ၊ အေဆာက္အအုံႀကိဳတင္ ဖ်က္သိမ္းဒဏ္ေၾကး၊ မိတၱဴမွန္ကူး ယူခ၊ အျမင့္ေပပိုဒဏ္ေၾကး၊ ေန႔စဥ္မွတ္တမ္းစာအုပ္ (Log Book)၊ ႀကိဳတင္လူေနဒဏ္ေၾကး၊ Logo ေၾကး၊ ပုံစံေရာင္း၊ အထပ္ျမင့္ အေဆာက္အအုံ ေဆာက္လုပ္ျခင္းမ်ားအား ျပင္ဆင္သတ္မွတ္မႈျပဳကာ တိုးျမႇင့္ ေကာက္ခံသြားမည္ျဖစ္ေၾကာင္းလဲ သိ႐ွိရပါေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်
စားသောက်နေစဉ်အချိန်အတွင်း ဖုန်းမသုံးသူများကို ဝိုင်တစ်ပုလင်း အခမဲ့တိုက်မည့် အီတလီက စားသောက်ဆိုင်...
စားသောက်နေစဉ်အချိန်အတွင်း ဖုန်းမသုံးသူများကို ဝိုင်တစ်ပုလင်း အခမဲ့တိုက်မည့် အီတလီက စားသောက်ဆိုင်...
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
ယာယီရပ်နားထားသည့် Yangon Amata မြို့သစ်စီမံကိန်း ဖေါ်ဆောင်ရန် စီစဥ်နေ
ယာယီရပ်နားထားသည့် Yangon Amata မြို့သစ်စီမံကိန်း ဖေါ်ဆောင်ရန် စီစဥ်နေ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
cherry-condo
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service