ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ့ရကြောင်း ၎င်း၏ မိခင်ကြီးက ထုတ်ဖော်ပြောကြား
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ့ရကြောင်း ၎င်း၏ မိခင်ကြီးက ထုတ်ဖော်ပြောကြား - Property News in Myanmar from iMyanmarHouse.com
8 Apr 2024 11:18 am တွင် တင်ခဲ့သည်
595 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
Tesla Inc နှင့် Space X တို့၏ စီအီးအို၊ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ၏ အောင်မြင်မှုသို့ ချီတက်ရာ ခရီးလမ်းမှာ ချောမွေ့သော ခရီးလမ်း မဟုတ်ခဲ့။
၎င်း၏ မိခင်ကြီးဖြစ်သူ Maye Musk က Elon Musk နှင့်စပ်လျဉ်းသော ဖြစ်ရပ်အချို့ကို ထုတ်ဖော်ပြောကြား လာရာ ၎င်း၏ အစောပိုင်းဘဝကို တစေ့တစောင်း အကဲခတ်ခွင့်ရလာသည်။
Elon Musk ၏ မိခင်ကြီးက လူမှုကွန်ရက်တွင် ဓာတ်ပုံတစ်ပုံမျှဝေလာသည်။
ထိုဓာတ်ပုံမှာ ၁၉၉၀ ပြည့်နှစ်က ရိုက်ကူးခဲ့သော ဓာတ်ပုံဖြစ်ပြီး ဓာတ်ပုံထဲတွင် Elon Musk ကို သူ၏ ပထမဆုံး ကုတ်အင်္ကျီဝတ်စုံဖြင့် တွေ့ရသည်။
Maye Musk က လူမှုကွန်ရက်တွင် “၁၉၉၀ ပြည့်နှစ်။ တိုရွန်တိုမှာရှိတဲ့ အငှားတိုက်ခန်းမှာ ရိုက်ထားတာပါ။ နံရံမှာ အမေ့ရဲ့ ပန်းချီလက်ရာနဲ့ပေါ့။
Elon ရဲ့ ပထမဆုံး ဝတ်စုံ၊ ရှပ်အင်္ကျီ၊ နက္ကတိုင်နဲ့ ခြေအိတ်အပါအဝင် ၉၉ ဒေါ်လာ ပေးရတယ်။ ဝတ်စုံ နောက်တစ်ခု ဝယ်မပေးနိုင်တာကြောင့် အလုပ်ကို ဒီဝတ်စုံတစ်ခုတည်းပဲ နေ့တိုင်း ဝတ်သွားရပါတယ်”ဟု ရေးသားဖော်ပြထားသည်။
ဓာတ်ပုံထဲတွင် တိုရွန်တိုမှ တိုက်ခန်းတစ်ခုအတွင်း အနုပညာလက်ရာများဖြင့် အလှဆင်ထားသော နံရံတစ်ခု ရှေ့တွင် လူငယ်တစ်ဦး မတ်တပ်ရပ်နေပုံ တွေ့ရသည်။
ထိုအချိန်က ၎င်းတို့၏ ဘဝမှာ ခမ်းနားထည်ဝါသော ဘဝမဟုတ်ခဲ့။ Maye Musk မှာ မော်ဒယ်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပြီး မော်ဒယ်လျှောက် ပြသသည့် အခမ်းအနားများတွင် ၁၉ ဒေါ်လာတန် ဖိနပ်သာ စီးခဲ့ရသည်။
Maye Musk က ၂၀၁၈ ခုနှစ်အတွင်း The Guardian သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် Single Mother တစ်ဦးအဖြစ် ရုန်းကန်ခဲ့ရသော ဘဝအကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
“ကျွန်မတို့ တိုရွန်တိုမြို့က တိုက်ခန်းတစ်ခုမှာ ငှားရမ်းနေထိုင်ခဲ့ကြပါတယ်။ အဲ့တုန်းက Elon က ခုံတန်းပေါ်မှာ အိပ်ခဲ့ရတာပါ” ဟု Maye Musk က ပြောသည်။
((မှတ်ချက်။ Maye Musk တို့မိသားစု ငှားရမ်းနေထိုင်ခဲ့သောအခန်းမှာ Rent-controlled apartment ဟုခေါ်သော အစိုးရက အိမ်ငှားခ ထိန်းချုပ်ပေးထားသည့် အခန်းဖြစ်သည်။ နေအိမ်များ တန်ဖိုးသက်သာစွာ ငှားရမ်းနေထိုင်နိုင်ရန် ရည်ရွယ်ကာ အစိုးရက အိမ်ငှားခ ကန့်သတ်ထိန်းချုပ်ပေးထားသော နေရာမျိုး ဖြစ်သည်))
Maye Musk တို့ မိသားစုသည် ဘဝကို အုတ်တစ်လုံးချင်း စီသကဲ့သို့ တဆင့်ချင်း တည်ဆောက်ခဲ့ရခြင်း ဖြစ်သည်။
၅ ဒေါ်လာတန်များ စုထားပြီး ပရိဘောဂဝယ်ခဲ့ရသည်။
ထိုသို့ ဆင်းရဲကျပ်တည်းခဲ့သော်လည်း Maye Musk က single mother ဘဝဖြင့် သားသမီးများကို ပြုစု ပျိုးထောင်ပေးနိုင်ရန် အစွမ်းကုန် ရုန်းကန်ခဲ့သည်။
“ကျွန်မဟာ single mother တစ်ယောက်ဖြစ်ပြီး ငွေနည်းနည်းလေးနဲ့ ကလေးတွေကို ပြုစုပျိုးထောင် ပေးခဲ့တယ်။ ကျွန်မတို့ ရှင်သန်ရပ်တည်နိုင်ခဲ့ကြတယ်။ ကျွန်မ ကလေးတွေက ကျွန်မဘဝရဲ့ ချစ်ခြင်းမေတ္တာတရားတွေပါပဲ။ ၃ ယောက်လုံး ထူးချွန်ထက်မြက်ကြတယ်”
ကိုယ့်အားကိုယ်ကိုးခြင်းနှင့် ကြံရည်ဖန်ရည်ရှိခြင်းတို့မှာ Maye Musk ၏ သားသမီးအုပ်ထိန်းမှု အတွေးအခေါ်၏ အနှစ်သာရ ဖြစ်ဟန်ရသည်။ “ကိုယ့်ကိုယ်ကိုယ် တာဝန်ခံမှုရှိဖို့နဲ့ တခြားသူတွေကို ထောက်ထားဖို့ သူတို့ကို သင်ပေးထားပါတယ်”
Elon Musk က X လူမှုကွန်ရက်တွင် ရေးသားခဲ့ဖူးသည်မှာ ဝင်ငွေနည်းပါးသော အခြေအနေမျိုးတွင် ကြီးပြင်း ခဲ့ပြီး ဝင်ငွေ အလယ်အလတ်တန်းမှ ဝင်ငွေမြင့်မားသောအခြေအနေမျိုးအထိ ပြောင်းလဲတိုးတက်ခဲ့ကြောင်း ရေးသားခဲ့ဖူးသည်။
အထက်တန်းကျောင်းသားဘဝ ပြီးဆုံးပြီးနောက်ပိုင်း ဖခင်ထံမှ ငွေကြေးအကူအညီ ကြီးကြီးမားမား မရခဲ့ကြောင်းလည်း Elon Musk က ပြောဖူးသည်။
 မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများအပြင် ထိုင်း၊ စင်ကာပူ၊ မလေးရှား အစရှိသော ပြည်ပနိုင်ငံများမှ အိမ်ခြံမြေစီမံကိန်းများကိုလည်း ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Ref: Elon Musk's Mom Says They Once Lived In A Rent-Controlled Apartment With 'Elon On The Couch' And Saved For $5 Sheets (finance)
Photo Credit: Getty image
[Zawgyi]
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကျိန်စာသင့်အရုပ်များ၊ ခေါင်းတလားများနှင့် ခြောက်ခြားဖွယ်ပစ္စည်းများ စုဆောင်းထားသော အမေရိကန်မှ မိန်းကလေးတစ်ဦး၏ ကျောချမ်းဖွယ် နေအိမ်...
ကျိန်စာသင့်အရုပ်များ၊ ခေါင်းတလားများနှင့် ခြောက်ခြားဖွယ်ပစ္စည်းများ စုဆောင်းထားသော အမေရိကန်မှ မိန်းကလေးတစ်ဦး၏ ကျောချမ်းဖွယ် နေအိမ်...
ဆောက်လုပ်ရေးလုပ်သား ရှားပါးနေသော အမေရိကန်ဆောက်လုပ်ရေးလောကအကြောင်း ရင်ဖွင့်လာသည့် နယူးဂျာစီပြည်နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်...
ဆောက်လုပ်ရေးလုပ်သား ရှားပါးနေသော အမေရိကန်ဆောက်လုပ်ရေးလောကအကြောင်း ရင်ဖွင့်လာသည့် နယူးဂျာစီပြည်နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်...
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
အမေရိကန်ပြည်၊ ဖလော်ရီဒါရှိ လှပထည်ဝါခမ်းနားလှသော ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ဝယ်လက်တစ်ဦးက ကန်ဒေါ်လာ သန်း ၄၀ ဖြင့် စံချိန်တင်ဈေးနှုန်းပေးကာ ဝယ်ယူပြီးနောက် စံအိမ်ကို ဖြိုချရန် စီစဉ်...
အမေရိကန်ပြည်၊ ဖလော်ရီဒါရှိ လှပထည်ဝါခမ်းနားလှသော ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ဝယ်လက်တစ်ဦးက ကန်ဒေါ်လာ သန်း ၄၀ ဖြင့် စံချိန်တင်ဈေးနှုန်းပေးကာ ဝယ်ယူပြီးနောက် စံအိမ်ကို ဖြိုချရန် စီစဉ်...
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် နှစ်ပေါင်း (၆၀) ခန့် စွန့်ပစ်ခံထားရ...
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် နှစ်ပေါင်း (၆၀) ခန့် စွန့်ပစ်ခံထားရ...
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
ရန်ကုန်နှင့် မန္တလေးတွင် မီးပျက်ခြင်းကြောင့် ဘန်ကောက်ရှိကွန်ဒိုခန်းများ အဝယ်များနေ
ရန်ကုန်နှင့် မန္တလေးတွင် မီးပျက်ခြင်းကြောင့် ဘန်ကောက်ရှိကွန်ဒိုခန်းများ အဝယ်များနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရှားနိုင်ငံသား လူငယ်...
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရှားနိုင်ငံသား လူငယ်...
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက်ရှ် အမ်ဘာနီ၊ အဒါနီနှင့် တာတာတို့ ဒူဘိုင်းသို့ ပြောင်းရွှေ့ နေထိုင်ဖွယ်ရှိ...
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက်ရှ် အမ်ဘာနီ၊ အဒါနီနှင့် တာတာတို့ ဒူဘိုင်းသို့ ပြောင်းရွှေ့ နေထိုင်ဖွယ်ရှိ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
area-one-business-complex
platinum-garden
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service