372 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

မိုးတွင်းမှာ နေအိမ်ကို အကောင်းဆုံး ပြုပြင်ထိန်းသိမ်းနည်းများ ...

 

[Unicode]

 

မိုးတွင်းကာလရောက်လာပြီဖြစ်လို့ စိုစွတ်ထိုင်းမှိုင်းတယ်ဆိုပေမယ့် ရာသီဥတုက အပူချိန်တွေလျော့ကျပြီး အေးမြလန်းဆန်းခြင်းတွေနဲ့ နေလို့ထိုင်လို့ ကောင်းပါတယ်။

မိုးတွင်းအခါ အပြင်ထွက်သွားလာရတဲ့ ပြင်ပလှုပ်ရှားမှုတွေအတွက် အခက်အခဲတွေကြုံတွေ့ရပြီး အတွင်းထဲမှာပဲနေရလို့ စိတ်မညစ်ပါနဲ့။ မိုးရွာတဲ့နေ့တွေမှာ အပြင်မထွက်ရပေမဲ့ အိမ်တွင်းမှာပဲ အကျိုးရှိစေမယ့် အကောင်းဆုံးအရာတွေ ဖန်တီးလို့ ရပါတယ်။ မိုးရာသီဟာ သင့်ရဲ့ နေအိမ်အတွက် အိမ်တွင်းအိမ်ပြင် ပြုပြင်ထိန်းသိမ်းဖို့ အကောင်းဆုံးအချိန်ပါပဲ။

ဒီတော့ မိုးတွင်းမှာ နေအိမ်တွေအတွက် အကောင်းဆုံးပြုပြင်ထိန်းသိမ်းတဲ့ နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။


ဥယျာဉ်၊ ခြံနဲ့ မြက်ခင်းပြင်ရှိတဲ့ နေအိမ်တွေမှာဆိုရင်တော့ မိုးတွင်းအခါ မြက်ခင်းပြင် ပျက်စီးမှု ရှိမရှိကို ရှာဖွေပါ။ မြေကြီး ဖောင်ဒေးရှင်းရဲ့ ဘေးသားက နိမ့်တဲ့ နေရာတွေကို ရေတွေ စီးဆင်းသွားနိုင်အောင်လုပ်ပြီး အိမ်နဲ့ ဝေးရာ ရေတွေစီးဆင်းသွားစေမှာပါ။

 

မိုးတွင်းမှာ နေအိမ်ကို အကောင်းဆုံး ပြုပြင်ထိန်းသိမ်းနည်းများ ...

 

နောက်ပြီး မြက်ခင်းတွေ ပြန်လည်ရှင်သန်လာစေဖို့ လွတ်လပ်နေတဲ့ မြေကြီး၊ မြေခြောက်နဲ့ ကွက်လပ်ဖြစ်နေတဲ့ နေရာတွေမှာ မြက်ပင်တွေ ပြန်လည်စိုက်ပျိုး ပျိုးထောင်သင့်ပါတယ်။ ဒါမှသာ ရေလည်း မဝပ်တဲ့အပြင် ခြံဝင်းလေးထဲက မြက်ခင်းပြင်လေးဟာ ညီညီညာညာနဲ့ လှပနေမှာဖြစ်ပါတယ်။

 

မိုးတွင်းမှာ နေအိမ်ကို အကောင်းဆုံး ပြုပြင်ထိန်းသိမ်းနည်းများ ...

 

ရေမြောင်းတွေ ယိုစိမ့်မှု ရှိမရှိ စစ်ဆေးပါ။ သင့်အိမ်ခေါင်မိုးနဲ့ တံစက်မြိတ်တွေက ရေတံလျှောက်တွေဟာ ကောင်းကောင်းမွန်မွန် မစီးဆင်းနိုင်တာ၊ ပေါက်ပြဲ ပျက်စီးနေတာ၊ ယိုစိမ့်နေတာမျိုးတွေ ဖြစ်နေတယ်ဆိုရင် အိမ်ရဲ့ ဖောင်ဒေးရှင်းပျက်စီးခြင်းနဲ့ တခြားသော ပြဿနာ အမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

 

မိုးတွင်းမှာ နေအိမ်ကို အကောင်းဆုံး ပြုပြင်ထိန်းသိမ်းနည်းများ ...

 

မိုးကျလာပြီဆိုတာနဲ့ ရေတံလျှောက်ထဲက သစ်ရွက်တွေနဲ့ အခြားသော အမှိုက်သရိုက် အညစ်အကြေးတွေကို ရှင်းထုတ်ပြီး မိုးရေစီးဆင်းမှုကို သေချာမှု ရှိအောင် လုပ်ထားပါ။

 

မိုးတွင်းမှာ နေအိမ်ကို အကောင်းဆုံး ပြုပြင်ထိန်းသိမ်းနည်းများ ...

 

မိုးတွင်းရောက်ခါနီးပြီးဆိုတာနဲ့ အိမ်ခေါင်မိုးတွေကိုလည်း ကြိုတင်စစ်ဆေးမှုနဲ့ ပြင်ဆင်မှုတွေလုပ်ထားသင့်ပါတယ်။ ဘယ်လိုအမျိုးအစား အိမ်ခေါင်မိုးနဲ့ မိုးကာထားတာပဲ ဖြစ်ဖြစ် မိုးမရောက်မီ ကာလတွေရဲ့ အချိန်တွေမှာ ပျက်စီးယိုယွင်းမှုရှိခဲ့တဲ့ နေအိမ်အမိုးတွေကို ပြန်လည်စစ်ဆေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။ မိုးကျလာမှ မိုးရေတွေဝင်လို့ စိုရွှဲပျက်စီးကုန်ခြင်းတွေ မဖြစ်ရလေအောင် အပေါက်အပြဲတွေနဲ့ အပျက်အစီးတွေကို ဖာထေးပြုပြင်သင့်ပါတယ်။

 

မိုးတွင်းမှာ နေအိမ်ကို အကောင်းဆုံး ပြုပြင်ထိန်းသိမ်းနည်းများ ...

 

ခြံဝင်းနဲ့ အိမ်ရဲ့ လူသွားလမ်းတွေကို စစ်ဆေးကြည့်ရှုပါ။ မြေကြီးတွေ ပျက်စီးနေလား။ လျှောက်လမ်းတွေက ကျောက်ပြားတွေနဲ့ ကွန်ကရစ်ပြားတွေမှာ အက်ကွဲကြောင်းတွေ ရှာဖွေပြီး လိုအပ်တဲ့ ပြုပြင်မှုတွေလုပ်ပါ။ မိုးရွာတဲ့အခါ မိုးရေတွေ မြောင်းပေါက်ထဲ ကောင်းကောင်းစီးသွားနိုင်ဖို့ လမ်းကြောင်းလုပ်ထားပြီး အိမ်ရဲ့ လူသွားလမ်းတွေမှာ ဗွက်အိုင်နဲ့ ရေဝပ်ခြင်းတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။

 

မိုးတွင်းမှာ နေအိမ်ကို အကောင်းဆုံး ပြုပြင်ထိန်းသိမ်းနည်းများ ...

 

တံခါးပေါက်နဲ့ ပြတင်းပေါက်တွေကို မိုးဒဏ်ခံနိုင်ရည်ရှိဖို့၊ မိုးပက်ခြင်းတွေကနေ ကာပေးထားဖို့ လုံခြုံမှု ရှိပါစေ။ ရေဝင်နိုင်သလား၊ မိုးရေတွေ ပက်တဲ့ ဒဏ်ကို ခံနိုင်ရည်ရှိသလား။ ဒါ့အပြင် ဆွေးမြေ့နေတဲ့ ပြတင်းပေါက်တွေ၊ မှန်အက်ကွဲနေတဲ့ တံခါးပေါက်တွေက မိုးရွာတဲ့အခါ နေအိမ်အတွင်းခန်းအတွက် ရေစိမ့်ဝင်ခြင်းတွေ၊ ရေယိုခြင်းတွေ ဖြစ်နိုင်လို့ ကြိုတင်စစ်ဆေးပြုပြင်ထားဖို့ လိုအပ်ပါတယ်။

မိုးတွင်းမှာ နေအိမ်ကို အကောင်းဆုံး ပြုပြင်ထိန်းသိမ်းနည်းများ ...

ကဲ... ဒီလောက်ဆိုရင် အခုဖော်ပြပေးတဲ့ နည်းလမ်းလေးတွေနဲ့ ဝသန်ကာလမိုးရာသီမှာ နေအိမ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ၊ ပြုပြင်ရမယ့် အရာတွေ သိပြီးလောက်ပြီ ထင်ပါတယ်။

iMyanmarHouse စာဖတ်ပရိသတ်ကြီးလဲ မိုးတွင်းရဲ့ အေးမြတဲ့ရာသီဥတုလေးမှာ ပျော်စရာအိမ်လေးထဲ မိသားစုတွေ နွေးနွေးထွေးထွေး ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

မိုးတြင္းမွာ ေနအိမ္ကို အေကာင္းဆုံး ျပဳျပင္ထိန္းသိမ္းနည္းမ်ား ...

 

မိုးတြင္းကာလေရာက္လာၿပီျဖစ္လို႔ စိုစြတ္ထိုင္းမိႈင္းတယ္ဆိုေပမယ့္ ရာသီဥတုက အပူခ်ိန္ေတြေလ်ာ့က်ၿပီး ေအးျမလန္းဆန္းျခင္းေတြနဲ႔ ေနလို႔ထိုင္လို႔ ေကာင္းပါတယ္။

မိုးတြင္းအခါ အျပင္ထြက္သြားလာရတဲ့ ျပင္ပလႈပ္႐ွားမႈေတြအတြက္ အခက္အခဲေတြၾကဳံေတြ႕ရၿပီး အတြင္းထဲမွာပဲေနရလို႔ စိတ္မညစ္ပါနဲ႔။ မိုး႐ြာတဲ့ေန႔ေတြမွာ အျပင္မထြက္ရေပမဲ့ အိမ္တြင္းမွာပဲ အက်ိဳး႐ွိေစမယ့္ အေကာင္းဆုံးအရာေတြ ဖန္တီးလို႔ ရပါတယ္။ မိုးရာသီဟာ သင့္ရဲ႕ ေနအိမ္အတြက္ အိမ္တြင္းအိမ္ျပင္ ျပဳျပင္ထိန္းသိမ္းဖို႔ အေကာင္းဆုံးအခ်ိန္ပါပဲ။

ဒီေတာ့ မိုးတြင္းမွာ ေနအိမ္ေတြအတြက္ အေကာင္းဆုံးျပဳျပင္ထိန္းသိမ္းတဲ့ နည္းလမ္းေကာင္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။


ဥယ်ာဥ္၊ ျခံနဲ႔ ျမက္ခင္းျပင္႐ွိတဲ့ ေနအိမ္ေတြမွာဆိုရင္ေတာ့ မိုးတြင္းအခါ ျမက္ခင္းျပင္ ပ်က္စီးမႈ ႐ွိမ႐ွိကို ႐ွာေဖြပါ။ ေျမႀကီး ေဖာင္ေဒး႐ွင္းရဲ႕ ေဘးသားက နိမ့္တဲ့ ေနရာေတြကို ေရေတြ စီးဆင္းသြားႏိုင္ေအာင္လုပ္ၿပီး အိမ္နဲ႔ ေဝးရာ ေရေတြစီးဆင္းသြားေစမွာပါ။ ေနာက္ၿပီး ျမက္ခင္းေတြ ျပန္လည္႐ွင္သန္လာေစဖို႔ လြတ္လပ္ေနတဲ့ ေျမႀကီး၊ ေျမေျခာက္နဲ႔ ကြက္လပ္ျဖစ္ေနတဲ့ ေနရာေတြမွာ ျမက္ပင္ေတြ ျပန္လည္စိုက္ပ်ိဳး ပ်ိဳးေထာင္သင့္ပါတယ္။ ဒါမွသာ ေရလည္း မဝပ္တဲ့အျပင္ ျခံဝင္းေလးထဲက ျမက္ခင္းျပင္ေလးဟာ ညီညီညာညာနဲ႔ လွပေနမွာျဖစ္ပါတယ္။

ေရေျမာင္းေတြ ယိုစိမ့္မႈ ႐ွိမ႐ွိ စစ္ေဆးပါ။ သင့္အိမ္ေခါင္မိုးနဲ႔ တံစက္ၿမိတ္ေတြက ေရတံေလွ်ာက္ေတြဟာ ေကာင္းေကာင္းမြန္မြန္ မစီးဆင္းႏိုင္တာ၊ ေပါက္ၿပဲ ပ်က္စီးေနတာ၊ ယိုစိမ့္ေနတာမ်ိဳးေတြ ျဖစ္ေနတယ္ဆိုရင္ အိမ္ရဲ႕ ေဖာင္ေဒး႐ွင္းပ်က္စီးျခင္းနဲ႔ တျခားေသာ ျပႆနာ အမ်ိဳးမ်ိဳးကို ျဖစ္ေပၚေစႏိုင္ပါတယ္။ မိုးက်လာၿပီဆိုတာနဲ႔ ေရတံေလွ်ာက္ထဲက သစ္႐ြက္ေတြနဲ႔ အျခားေသာ အမိႈက္သ႐ိုက္ အညစ္အေၾကးေတြကို ႐ွင္းထုတ္ၿပီး မိုးေရစီးဆင္းမႈကို ေသခ်ာမႈ ႐ွိေအာင္ လုပ္ထားပါ။

မိုးတြင္းေရာက္ခါနီးၿပီးဆိုတာနဲ႔ အိမ္ေခါင္မိုးေတြကိုလည္း ႀကိဳတင္စစ္ေဆးမႈနဲ႔ ျပင္ဆင္မႈေတြလုပ္ထားသင့္ပါတယ္။ ဘယ္လိုအမ်ိဳးအစား အိမ္ေခါင္မိုးနဲ႔ မိုးကာထားတာပဲ ျဖစ္ျဖစ္ မိုးမေရာက္မီ ကာလေတြရဲ႕ အခ်ိန္ေတြမွာ ပ်က္စီးယိုယြင္းမႈ႐ွိခဲ့တဲ့ ေနအိမ္အမိုးေတြကို ျပန္လည္စစ္ေဆးဖို႔ မျဖစ္မေနလိုအပ္ပါတယ္။ မိုးက်လာမွ မိုးေရေတြဝင္လို႔ စို႐ႊဲပ်က္စီးကုန္ျခင္းေတြ မျဖစ္ရေလေအာင္ အေပါက္အၿပဲေတြနဲ႔ အပ်က္အစီးေတြကို ဖာေထးျပဳျပင္သင့္ပါတယ္။

ျခံဝင္းနဲ႔ အိမ္ရဲ႕ လူသြားလမ္းေတြကို စစ္ေဆးၾကည့္႐ႈပါ။ ေျမႀကီးေတြ ပ်က္စီးေနလား။ ေလွ်ာက္လမ္းေတြက ေက်ာက္ျပားေတြနဲ႔ ကြန္ကရစ္ျပားေတြမွာ အက္ကြဲေၾကာင္းေတြ ႐ွာေဖြၿပီး လိုအပ္တဲ့ ျပဳျပင္မႈေတြလုပ္ပါ။ မိုး႐ြာတဲ့အခါ မိုးေရေတြ ေျမာင္းေပါက္ထဲ ေကာင္းေကာင္းစီးသြားႏိုင္ဖို႔ လမ္းေၾကာင္းလုပ္ထားၿပီး အိမ္ရဲ႕ လူသြားလမ္းေတြမွာ ဗြက္အိုင္နဲ႔ ေရဝပ္ျခင္းေတြကေန ကာကြယ္ေပးႏိုင္ပါတယ္။

တံခါးေပါက္နဲ႔ ျပတင္းေပါက္ေတြကို မိုးဒဏ္ခံႏိုင္ရည္႐ွိဖို႔၊ မိုးပက္ျခင္းေတြကေန ကာေပးထားဖို႔ လုံျခဳံမႈ ႐ွိပါေစ။ ေရဝင္ႏိုင္သလား၊ မိုးေရေတြ ပက္တဲ့ ဒဏ္ကို ခံႏိုင္ရည္႐ွိသလား။ ဒါ့အျပင္ ေဆြးေျမ့ေနတဲ့ ျပတင္းေပါက္ေတြ၊ မွန္အက္ကြဲေနတဲ့ တံခါးေပါက္ေတြက မိုး႐ြာတဲ့အခါ ေနအိမ္အတြင္းခန္းအတြက္ ေရစိမ့္ဝင္ျခင္းေတြ၊ ေရယိုျခင္းေတြ ျဖစ္ႏိုင္လို႔ ႀကိဳတင္စစ္ေဆးျပဳျပင္ထားဖို႔ လိုအပ္ပါတယ္။

ကဲ... ဒီေလာက္ဆိုရင္ အခုေဖာ္ျပေပးတဲ့ နည္းလမ္းေလးေတြနဲ႔ ဝသန္ကာလမိုးရာသီမွာ ေနအိမ္အတြက္ ႀကိဳတင္ျပင္ဆင္မႈေတြ၊ ျပဳျပင္ရမယ့္ အရာေတြ သိၿပီးေလာက္ၿပီ ထင္ပါတယ္။

iMyanmarHouse စာဖတ္ပရိသတ္ႀကီးလဲ မိုးတြင္းရဲ႕ ေအးျမတဲ့ရာသီဥတုေလးမွာ ေပ်ာ္စရာအိမ္ေလးထဲ မိသားစုေတြ ေႏြးေႏြးေထြးေထြး ျဖတ္သန္းႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

 

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

အိမ္ၿခံေျမ သတင္းမ်ားကို Email ျဖင့္ ဖတ္ရန္

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)