1544 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

၂၀၂၂ တွင် ပိုကောင်းသော ကျားနှစ်ဖြစ်စေရန် ဖုန်းရွှေအိမ်အလှဆင်နည်းများ

[Unicode]

တရုတ်နက္ခတ်ဗေဒင်အရ ၂၀၂၂ ခုနှစ်ဟာ ရေကျား (‌ရေသဘာဝရှိတဲ့ ကျား) နှစ်ဖြစ်ပါတယ်။ ရေကျားမှာ ရည်မှန်းချက်၊ နိုင်လိုစိတ်ပြင်းသောစိတ်၊ စိတ်လိုက်မာန်ပါပြုလုပ်တတ်မှုနဲ့ ပြောဆိုဆက်ဆံမှုတို့ ဖွဲ့စည်းပါဝင်ပါတယ်။ ဒါကြောင့် ဖုန်းရွှေနေအိမ်အခါသမယအချို့ဖန်တီးပြီး တိုးတက်မှုရှိတဲ့နှစ်တစ်နှစ်အတွက် ‌ရှေ့တိုးလိုက်ပါ။

ဖုန်းရွှေဆိုတာ ငြိမ်းချမ်းမှုနဲ့ ကြွယ်ဝချမ်းသာမှုတို့ကို ဆောင်ကြဉ်းပေးမယ့် နည်းလမ်းနဲ့ ဟန်ချက်ညီမှုနဲ့ စည်းဝါးကိုက်မှုရရှိဖို့ ပတ်ဝန်းကျင်နေရာတစ်ခုရှိ အဆောက်အအုံတွေ၊ အရာဝတ္ထုတွေနဲ့ နေရာလွတ်ကို စီမံတဲ့ တရုတ်ရှေ့ဟောင်းအနုပညာရပ်တစ်ခုပဲဖြစ်ပါတယ်။

ဖုန်းရွှေရဲ့ ဗဟိုချက်ကတော့ “ချီ” ပါ။ ချီဆိုတာ အဆောက်အအုံတိုင်း၊ အထင်အရှားရပ်တည်နေတဲ့အရာတိုင်းမှာ မှီတင်းနေထိုင်တဲ့ ရှင်သန်နိုင်စွမ်းအားဖြစ်ပါတယ်။ ချီဟာ “ယင်” လို့ခေါ်တဲ့ အမစွမ်းအင်နဲ့ “ယန်” ခေါ် အဖိုစွမ်းအင်ဆိုတဲ့ ဆန့်ကျင်ဘက်ဖြစ်နေကြပေမဲ့ နှစ်ခုပေါင်းမှပြည့်စုံတဲ့ စွမ်းအင်နှစ်ခုပေါင်းစပ်ထားတာဖြစ်ပါတယ်။

အပေါင်းလက္ခဏာ/အကောင်းဘက်ဆောင်တဲ့ ချီကို ဘယ်လိုဆွဲဆောင်နိုင်မလဲ? သင့်ပတ်ဝန်းကျင်မှာ ရိုးရှင်းတဲ့အပြောင်းအလဲလေးတွေ ပြုလုပ်ခြင်းနဲ့ (သစ်သား၊ မီး၊ မြေ၊ သတ္တုနဲ့ ရေ ဟူသော) ဖုန်းရွှေဓာတ်ကြီးငါးပါးကို ဟန်ချက်ညီစေခြင်းဖြင့် အပြုသဘောဆောင်တဲ့ချီကို ဆွဲဆောင်နိုင်ပါတယ်။

ဒီဆောင်းပါးမှာတော့ ၂၀၂၂ ခုနှစ်ကို ဖုန်းရွှေအရ ပိုမိုကောင်းမွန်သော ကျားနှစ်ဖြစ်လာစေမယ့် အိမ်အလှဆင်ထားသိုမှုနည်းလမ်းလေးတွေကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

၁။ ကံဆိုးမှုအား ဖယ်ရှားပါ

အခု သင်က သင့်အိမ်ဆီ အကောင်းဓာတ်ပိုမိုဖြည့်သွင်းဖို့ ဆုံးဖြတ်ထားပြီးပါပြီ။ ဒီတော့ ကံဆိုးမှုဆီ ဦးတည်သွားနိုင်တဲ့အရာတွေကို ရှောင်ကြဉ်ဖို့ အရေးကြီးပါတယ်။

အကယ်၍ သင်က အဆိုးကံကို တားမြစ်ချင်တယ်/ပယ်ရှားချင်တယ်ဆိုရင် အရှုပ်အထွေးမှန်သမျှကို သေချာရှင်းလင်းပစ်ဖို့ အရေးကြီးပါတယ်။ သင့်အိမ်ရဲ့ထောင့်တိုင်းကို သေချာစိစစ်ကြည့်ရှုပြီး ဗြုတ်စဗျင်းတောင်းတွေရှင်းလင်းကာ နေရာလွတ်တွေဖန်တီးပါ။ သေနေတဲ့ သစ်ပင်ပန်းပင်တွေနဲ့ ပျက်စီးနေတဲ့အရာမှန်သမျှ ဖယ်ရှားစွန့်ပစ်ပါ။

ဖုန်တက်ညစ်ပတ်နေတဲ့ ပြတင်းပေါက်တွေကိုလည်း သန့်ရှင်းပါ။ နေရောင်နဲ့ စွမ်းအင်ကောင်းကို သင့်အိမ်ထဲကို ကောင်းကောင်းစီးဝင်စေလိုက်ပါ။ သင့်အိမ်မှာ လှုပ်ရှားမှုတွေကို နှောင့်ယှက်ဟန့်တားတဲ့ဘယ်အရာမဆိုကို သီးခြားထားရှိပေးဖို့ လိုပါတယ်။

၂၀၂၂ တွင် ပိုကောင်းသော ကျားနှစ်ဖြစ်စေရန် ဖုန်းရွှေအိမ်အလှဆင်နည်းများ

ခေါင်မိုး၊ ဘုံဘိုင်ခေါင်းကနေ ရေယိုခြင်းတွေကို ကံမကောင်းစေဘူးလို့ ယူဆပါတယ်။ နံရံတွေမှာ ရိုက်ထားတဲ့ သံတွေရဲ့ အချွန်ဘက်က ပေါက်ထွက်နေခြင်း၊ နံရံတွေ ရွဲ့စောင်းနေခြင်းနဲ့ ခေါင်မိုးကနေ အလင်းတန်းပေါက်ဝင်ခြင်းတွေကိုလည်း ကံမကောင်းစေဘူးလို့ ယူဆပါတယ်။

သင့်မီးဖို၊ ကုတင်ကို ပြတင်းပေါက်အောက်တိုက်ရိုက်ထားရှိခြင်းမှလည်း ရှောင်ကြဉ်ပါ။ သင့်အိမ်ရဲ့အရှေ့တံခါးနဲ့ အနောက်တံခါး တစ်ပြေးညီတန်းနေရင်၊ ဝင်ပေါက်တံခါးအရှေ့မှာ လှေကားခွင်ရှိရင်၊ တံခါးပေါက်က ရှည်လျားတဲ့လျှောက်လမ်းနဲ့ကပ်လျက်တည်ရှိတယ်ဆိုရင် သင့်အိမ်ရဲ့ အတွင်းပိုင်းအပြင်အဆင်ကို ပြောင်းလဲမှုလေးတွေ ပြုလုပ်ဖို့ စဉ်းစားပါ။

၂။ ကံကောင်းခြင်းကဏ္ဍသစ်တစ်ရပ် ဖွင့်ပေးပါ

ဟုတ်ပါတယ်၊ သင့်အိမ်ရဲ့ အချို့ရှုထောင့်တွေကို ပြောင်းလဲလို့မရနိုင်ပါဘူး။ ဒါဆို ဘယ်လိုဖြေရှင်းမလဲ? သင့်အိမ်ဆီ အကောင်းကံတွေ ကူညီဆောင်ကြဉ်းပေးမယ့် တိုးချဲ့ဖြည့်စွက်မှုအချို့ကို သင့်အနေနဲ့ အမြဲတမ်းပြုလုပ်နိုင်ပါတယ်။ အောက်ပါအချက်လေးတွေကတော့ သင်လိုက်ပါလုပ်ဆောင်နိုင်မယ့်အချက်လေးတွေပါ။

(၁) မှန်၊ သလင်းကျောက်တွေနဲ့ (ဓာတ်မီး၊ မီးချောင်း စသော) မီးလိုမျိုး အရာဝတ္ထုတွေနဲ့ တောက်ပြောင်တဲ့ အရောင်တွေ ပေါင်းစပ်ဖြည့်သွင်းပါ။

(၂) ဆည်းလည်း၊ သံစုံခေါင်းလောင်းလေးတွေကနေ ထွက်ရှိတဲ့ သာယာနာပျော်ဖွယ်အသံလေးတွေ ပျံ့လွင့်နေစေခြင်းဖြင့် သင့်အိမ်ကို အာရုံခံအားကောင်းတဲ့ဘုံနန်းတစ်ခုအဖြစ် ဖန်တီးပါ။

၂၀၂၂ တွင် ပိုကောင်းသော ကျားနှစ်ဖြစ်စေရန် ဖုန်းရွှေအိမ်အလှဆင်နည်းများ

(၃) သစ်ပင်ပန်းပင်၊ ငါးနဲ့ အခြားအိမ်မွေးတိရစ္ဆာန်တွေလိုမျိုး သက်ရှိအချို့ ရှိစေလိုက်ပါ။ သစ်ပင်ပန်းပင်တွေ ဖြည့်သွင်းခြင်းအားဖြင့် ဖန်တီးနိုင်စွမ်းနဲ့ ဖွံ့ဖြိုးမှုရဲ့ သင်္ကေတဖြစ်တဲ့ သစ်သားဓာတ်ကိုပါ သင့်အိမ်အလှဆင်တဲ့အထဲ ပါဝင်စေမှာဖြစ်ပါတယ်။

(၄) အလွန်လှပထည်ဝါတဲ့ ရုပ်တု၊ ပန်းပု၊ ကျောက်ဆစ်ရုပ်၊ ကြေးရုပ်၊ ရုပ်ပုံ၊ ဓာတ်ပုံ၊ ပန်းချီကား၊ ကော်ဇော်နဲ့ အလံတွေနဲ့ သင့်အိမ်ကို တန်ဆာဆင်ပါ။ သင့်အိမ်နေရာအတွက် နှစ်လိုဖွယ်ရနံ့တစ်မျိုးကိုလည်း ရွေးချယ်လိုက်ပါဦး။

(၅) အကယ်၍ သင့်အိမ်မှာ နေရာလွတ်ကြီးကြီးမားမားရှိတယ်ဆိုရင် ရေတံခွန်ငယ်လေးတစ်ခု တပ်ဆင်ထားရှိခြင်းဖြင့် အဲဒီနေရာလွတ်ကို အသုံးချနိုင်ပါတယ်။ ယင်းက သင့်အိမ်ဆီ ရေဓာတ်ဖြည့်တင်းပေးပါလိမ့်မယ်။ ရေဓာတ်ဟာ စိတ်ခံစားချက်နဲ့ ဉာဏ်ကွန့်မြူးမှုရဲ့ သင်္ကေတဖြစ်ပါတယ်။

(၆) သင့်ရဲ့လျှပ်စစ်ပစ္စည်းကိရိယာတွေ ကောင်းကောင်းအလုပ်လုပ်တာ သေချာပါစေ။

၃။ ဤနေရာများအား အထူးအလေးပေးဂရုစိုက်ပါ

ဖုန်းရွှေအိမ်အလှဆင်းနည်းတွေအရ အိမ်တစ်အိမ်ရဲ့ ပင်မဝင်ပေါက်ဆိုတာ အတိမ်းအစောင်းမခံနိုင်လောက်အောင် အရေးပါလှတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒီနေရာဟာ ကန့်သတ်ပိတ်ဆို့မှုတွေနဲ့ အညစ်အကြေးတွေ ကင်းစင်သင့်ရုံသာမက စွမ်းအင်ကောင်းတွေကိုလည်း ထုတ်လွှတ်သင့်ပါတယ်။

သင်အိမ်ထဲဝင်တဲ့အခါ အိမ်ရဲ့မြင်ကွင်းကို ပိတ်ဆို့နေတဲ့အရာမှန်သမျှ ဖယ်ရှားပစ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီပိတ်ဆို့နေတဲ့အရာဟာ “ချီ” စီးဆင်းမှုကို ပိတ်ဆို့လို့ဖြစ်ပါတယ်။ ဥပမာ - စားပွဲ/ဆိုဖာက သင့်မြင်ကွင်းကို နှောင့်ယှက်နေတယ်ဆိုရင် အခြားတစ်နေရာဆီ ရွှေ့ပစ်ဖို့ကို စဉ်းစားပါ။ အကယ်၍ အဲဒီအရာက ရွှေ့မရတဲ့အရာဖြစ်နေတယ်ဆိုရင် အဲဒီအရာရဲ့ သက်ရောက်မှုကို လိုက်ကာ၊ ခန်းဆီးစတွေ၊ သစ်ပင်ပန်းပင်တွေရဲ့ အကူအညီနဲ့ လျှော့ချဖို့ကြိုးစားပါ။

၂၀၂၂ တွင် ပိုကောင်းသော ကျားနှစ်ဖြစ်စေရန် ဖုန်းရွှေအိမ်အလှဆင်နည်းများ

ရေရုပ် (ရေဓာတ်ဆောင်တဲ့အရာဝတ္ထု) တွေရဲ့ ရုပ်ပုံကားချပ်တွေကို အိမ်ထဲမှာထားရှိခြင်းက ရေဓာတ်စောင့်ထိန်းတဲ့နည်းလမ်းတစ်ခုဖြစ်နိုင်ပါတယ်။ ရေဓာတ်ဟာ ယခု ၂၀၂၂ ခုနှစ် ရေကျားနှစ်မှာ အရေးပါတဲ့ လက္ခဏာသွင်ပြင်တစ်ခုပဲဖြစ်ပါတယ်။


(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 


[Zawgyi]

၂၀၂၂ တြင္ ပိုေကာင္းေသာ က်ားႏွစ္ျဖစ္ေစရန္ ဖုန္းေ႐ႊအိမ္အလွဆင္နည္းမ်ား


တ႐ုတ္နကၡတ္ေဗဒင္အရ ၂၀၂၂ ခုႏွစ္ဟာ ေရက်ား (‌ေရသဘာဝ႐ွိတဲ့ က်ား) ႏွစ္ျဖစ္ပါတယ္။ ေရက်ားမွာ ရည္မွန္းခ်က္၊ ႏိုင္လိုစိတ္ျပင္းေသာစိတ္၊ စိတ္လိုက္မာန္ပါျပဳလုပ္တတ္မႈနဲ႔ ေျပာဆိုဆက္ဆံမႈတို႔ ဖြဲ႕စည္းပါဝင္ပါတယ္။ ဒါေၾကာင့္ ဖုန္းေ႐ႊေနအိမ္အခါသမယအခ်ိဳ႕ဖန္တီးၿပီး တိုးတက္မႈ႐ွိတဲ့ႏွစ္တစ္ႏွစ္အတြက္ ‌ေ႐ွ႕တိုးလိုက္ပါ။

ဖုန္းေ႐ႊဆိုတာ ၿငိမ္းခ်မ္းမႈနဲ႔ ႂကြယ္ဝခ်မ္းသာမႈတို႔ကို ေဆာင္ၾကဥ္းေပးမယ့္ နည္းလမ္းနဲ႔ ဟန္ခ်က္ညီမႈနဲ႔ စည္းဝါးကိုက္မႈရ႐ွိဖို႔ ပတ္ဝန္းက်င္ေနရာတစ္ခု႐ွိ အေဆာက္အအုံေတြ၊ အရာဝတၳဳေတြနဲ႔ ေနရာလြတ္ကို စီမံတဲ့ တ႐ုတ္ေ႐ွ႕ေဟာင္းအႏုပညာရပ္တစ္ခုပဲျဖစ္ပါတယ္။

ဖုန္းေ႐ႊရဲ႕ ဗဟိုခ်က္ကေတာ့ “ခ်ီ” ပါ။ ခ်ီဆိုတာ အေဆာက္အအုံတိုင္း၊ အထင္အ႐ွားရပ္တည္ေနတဲ့အရာတိုင္းမွာ မွီတင္းေနထိုင္တဲ့ ႐ွင္သန္ႏိုင္စြမ္းအားျဖစ္ပါတယ္။ ခ်ီဟာ “ယင္” လို႔ေခၚတဲ့ အမစြမ္းအင္နဲ႔ “ယန္” ေခၚ အဖိုစြမ္းအင္ဆိုတဲ့ ဆန္႔က်င္ဘက္ျဖစ္ေနၾကေပမဲ့ ႏွစ္ခုေပါင္းမွျပည့္စုံတဲ့ စြမ္းအင္ႏွစ္ခုေပါင္းစပ္ထားတာျဖစ္ပါတယ္။

အေပါင္းလကၡဏာ/အေကာင္းဘက္ေဆာင္တဲ့ ခ်ီကို ဘယ္လိုဆြဲေဆာင္ႏိုင္မလဲ? သင့္ပတ္ဝန္းက်င္မွာ ႐ိုး႐ွင္းတဲ့အေျပာင္းအလဲေလးေတြ ျပဳလုပ္ျခင္းနဲ႔ (သစ္သား၊ မီး၊ ေျမ၊ သတၱဳနဲ႔ ေရ ဟူေသာ) ဖုန္းေ႐ႊဓာတ္ႀကီးငါးပါးကို ဟန္ခ်က္ညီေစျခင္းျဖင့္ အျပဳသေဘာေဆာင္တဲ့ခ်ီကို ဆြဲေဆာင္ႏိုင္ပါတယ္။

ဒီေဆာင္းပါးမွာေတာ့ ၂၀၂၂ ခုႏွစ္ကို ဖုန္းေ႐ႊအရ ပိုမိုေကာင္းမြန္ေသာ က်ားႏွစ္ျဖစ္လာေစမယ့္ အိမ္အလွဆင္ထားသိုမႈနည္းလမ္းေလးေတြကို ေဖာ္ျပေပးသြားမွာပဲျဖစ္ပါတယ္။

၁။ ကံဆိုးမႈအား ဖယ္႐ွားပါ

အခု သင္က သင့္အိမ္ဆီ အေကာင္းဓာတ္ပိုမိုျဖည့္သြင္းဖို႔ ဆုံးျဖတ္ထားၿပီးပါၿပီ။ ဒီေတာ့ ကံဆိုးမႈဆီ ဦးတည္သြားႏိုင္တဲ့အရာေတြကို ေ႐ွာင္ၾကဥ္ဖို႔ အေရးႀကီးပါတယ္။

အကယ္၍ သင္က အဆိုးကံကို တားျမစ္ခ်င္တယ္/ပယ္႐ွားခ်င္တယ္ဆိုရင္ အ႐ႈပ္အေထြးမွန္သမွ်ကို ေသခ်ာ႐ွင္းလင္းပစ္ဖို႔ အေရးႀကီးပါတယ္။ သင့္အိမ္ရဲ႕ေထာင့္တိုင္းကို ေသခ်ာစိစစ္ၾကည့္႐ႈၿပီး ျဗဳတ္စဗ်င္းေတာင္းေတြ႐ွင္းလင္းကာ ေနရာလြတ္ေတြဖန္တီးပါ။ ေသေနတဲ့ သစ္ပင္ပန္းပင္ေတြနဲ႔ ပ်က္စီးေနတဲ့အရာမွန္သမွ် ဖယ္႐ွားစြန္႔ပစ္ပါ။

ဖုန္တက္ညစ္ပတ္ေနတဲ့ ျပတင္းေပါက္ေတြကိုလည္း သန္႔႐ွင္းပါ။ ေနေရာင္နဲ႔ စြမ္းအင္ေကာင္းကို သင့္အိမ္ထဲကို ေကာင္းေကာင္းစီးဝင္ေစလိုက္ပါ။ သင့္အိမ္မွာ လႈပ္႐ွားမႈေတြကို ေႏွာင့္ယွက္ဟန္႔တားတဲ့ဘယ္အရာမဆိုကို သီးျခားထား႐ွိေပးဖို႔ လိုပါတယ္။

ေခါင္မိုး၊ ဘုံဘိုင္ေခါင္းကေန ေရယိုျခင္းေတြကို ကံမေကာင္းေစဘူးလို႔ ယူဆပါတယ္။ နံရံေတြမွာ ႐ိုက္ထားတဲ့ သံေတြရဲ႕ အခြၽန္ဘက္က ေပါက္ထြက္ေနျခင္း၊ နံရံေတြ ႐ြဲ႕ေစာင္းေနျခင္းနဲ႔ ေခါင္မိုးကေန အလင္းတန္းေပါက္ဝင္ျခင္းေတြကိုလည္း ကံမေကာင္းေစဘူးလို႔ ယူဆပါတယ္။

သင့္မီးဖို၊ ကုတင္ကို ျပတင္းေပါက္ေအာက္တိုက္႐ိုက္ထား႐ွိျခင္းမွလည္း ေ႐ွာင္ၾကဥ္ပါ။ သင့္အိမ္ရဲ႕အေ႐ွ႕တံခါးနဲ႔ အေနာက္တံခါး တစ္ေျပးညီတန္းေနရင္၊ ဝင္ေပါက္တံခါးအေ႐ွ႕မွာ ေလွကားခြင္႐ွိရင္၊ တံခါးေပါက္က ႐ွည္လ်ားတဲ့ေလွ်ာက္လမ္းနဲ႔ကပ္လ်က္တည္႐ွိတယ္ဆိုရင္ သင့္အိမ္ရဲ႕ အတြင္းပိုင္းအျပင္အဆင္ကို ေျပာင္းလဲမႈေလးေတြ ျပဳလုပ္ဖို႔ စဥ္းစားပါ။

၂။ ကံေကာင္းျခင္းက႑သစ္တစ္ရပ္ ဖြင့္ေပးပါ

ဟုတ္ပါတယ္၊ သင့္အိမ္ရဲ႕ အခ်ိဳ႕႐ႈေထာင့္ေတြကို ေျပာင္းလဲလို႔မရႏိုင္ပါဘူး။ ဒါဆို ဘယ္လိုေျဖ႐ွင္းမလဲ? သင့္အိမ္ဆီ အေကာင္းကံေတြ ကူညီေဆာင္ၾကဥ္းေပးမယ့္ တိုးခ်ဲ႕ျဖည့္စြက္မႈအခ်ိဳ႕ကို သင့္အေနနဲ႔ အၿမဲတမ္းျပဳလုပ္ႏိုင္ပါတယ္။ ေအာက္ပါအခ်က္ေလးေတြကေတာ့ သင္လိုက္ပါလုပ္ေဆာင္ႏိုင္မယ့္အခ်က္ေလးေတြပါ။

(၁) မွန္၊ သလင္းေက်ာက္ေတြနဲ႔ (ဓာတ္မီး၊ မီးေခ်ာင္း စေသာ) မီးလိုမ်ိဳး အရာဝတၳဳေတြနဲ႔ ေတာက္ေျပာင္တဲ့ အေရာင္ေတြ ေပါင္းစပ္ျဖည့္သြင္းပါ။

(၂) ဆည္းလည္း၊ သံစုံေခါင္းေလာင္းေလးေတြကေန ထြက္႐ွိတဲ့ သာယာနာေပ်ာ္ဖြယ္အသံေလးေတြ ပ်ံ႕လြင့္ေနေစျခင္းျဖင့္ သင့္အိမ္ကို အာ႐ုံခံအားေကာင္းတဲ့ဘုံနန္းတစ္ခုအျဖစ္ ဖန္တီးပါ။

(၃) သစ္ပင္ပန္းပင္၊ ငါးနဲ႔ အျခားအိမ္ေမြးတိရစၧာန္ေတြလိုမ်ိဳး သက္႐ွိအခ်ိဳ႕ ႐ွိေစလိုက္ပါ။ သစ္ပင္ပန္းပင္ေတြ ျဖည့္သြင္းျခင္းအားျဖင့္ ဖန္တီးႏိုင္စြမ္းနဲ႔ ဖြံ႕ၿဖိဳးမႈရဲ႕ သေကၤတျဖစ္တဲ့ သစ္သားဓာတ္ကိုပါ သင့္အိမ္အလွဆင္တဲ့အထဲ ပါဝင္ေစမွာျဖစ္ပါတယ္။

(၄) အလြန္လွပထည္ဝါတဲ့ ႐ုပ္တု၊ ပန္းပု၊ ေက်ာက္ဆစ္႐ုပ္၊ ေၾကး႐ုပ္၊ ႐ုပ္ပုံ၊ ဓာတ္ပုံ၊ ပန္းခ်ီကား၊ ေကာ္ေဇာ္နဲ႔ အလံေတြနဲ႔ သင့္အိမ္ကို တန္ဆာဆင္ပါ။ သင့္အိမ္ေနရာအတြက္ ႏွစ္လိုဖြယ္ရနံ႔တစ္မ်ိဳးကိုလည္း ေ႐ြးခ်ယ္လိုက္ပါဦး။

(၅) အကယ္၍ သင့္အိမ္မွာ ေနရာလြတ္ႀကီးႀကီးမားမား႐ွိတယ္ဆိုရင္ ေရတံခြန္ငယ္ေလးတစ္ခု တပ္ဆင္ထား႐ွိျခင္းျဖင့္ အဲဒီေနရာလြတ္ကို အသုံးခ်ႏိုင္ပါတယ္။ ယင္းက သင့္အိမ္ဆီ ေရဓာတ္ျဖည့္တင္းေပးပါလိမ့္မယ္။ ေရဓာတ္ဟာ စိတ္ခံစားခ်က္နဲ႔ ဉာဏ္ကြန္႔ျမဴးမႈရဲ႕ သေကၤတျဖစ္ပါတယ္။

(၆) သင့္ရဲ႕လွ်ပ္စစ္ပစၥည္းကိရိယာေတြ ေကာင္းေကာာင္းအလုပ္လုပ္တာ ေသခ်ာပါေစ။

၃။ ဤေနရာမ်ားအား အထူးအေလးေပးဂ႐ုစိုက္ပါ

ဖုန္းေ႐ႊအိမ္အလွဆင္းနည္းေတြအရ အိမ္တစ္အိမ္ရဲ႕ ပင္မဝင္ေပါက္ဆိုတာ အတိမ္းအေစာင္းမခံႏိုင္ေလာက္ေအာင္ အေရးပါလွတဲ့ေနရာတစ္ခုျဖစ္ပါတယ္။ ဒီေနရာဟာ ကန္႔သတ္ပိတ္ဆို႔မႈေတြနဲ႔ အညစ္အေၾကးေတြ ကင္းစင္သင့္႐ုံသာမက စြမ္းအင္ေကာင္းေတြကိုလည္း ထုတ္လႊတ္သင့္ပါတယ္။

သင္အိမ္ထဲဝင္တဲ့အခါ အိမ္ရဲ႕ျမင္ကြင္းကို ပိတ္ဆို႔ေနတဲ့အရာမွန္သမွ် ဖယ္႐ွားပစ္သင့္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဲဒီပိတ္ဆို႔ေနတဲ့အရာဟာ “ခ်ီ” စီးဆင္းမႈကို ပိတ္ဆို႔လို႔ျဖစ္ပါတယ္။ ဥပမာ - စားပြဲ/ဆိုဖာက သင့္ျမင္ကြင္းကို ေႏွာင့္ယွက္ေနတယ္ဆိုရင္ အျခားတစ္ေနရာဆီ ေ႐ႊ႕ပစ္ဖို႔ကို စဥ္းစားပါ။ အကယ္၍ အဲဒီအရာက ေ႐ႊ႕မရတဲ့အရာျဖစ္ေနတယ္ဆိုရင္ အဲဒီအရာရဲ႕ သက္ေရာက္မႈကို လိုက္ကာ၊ ခန္းဆီးစေတြ၊ သစ္ပင္ပန္းပင္ေတြရဲ႕ အကူအညီနဲ႔ ေလွ်ာ့ခ်ဖို႔ႀကိဳးစားပါ။

ေရ႐ုပ္ (ေရဓာတ္ေဆာင္တဲ့အရာဝတၳဳ) ေတြရဲ႕ ႐ုပ္ပုံကားခ်ပ္ေတြကို အိမ္ထဲမွာထား႐ွိျခင္းက ေရဓာတ္ေစာင့္ထိန္းတဲ့နည္းလမ္းတစ္ခုျဖစ္ႏိုင္ပါတယ္။ ေရဓာတ္ဟာ ယခု ၂၀၂၂ ခုႏွစ္ ေရက်ားႏွစ္မွာ အေရးပါတဲ့ လကၡဏာသြင္ျပင္တစ္ခုပဲျဖစ္ပါတယ္။


(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

 

အျခား အိမ္ၿခံေျမ ဖုန္းေရႊ ေဆာင္းပါးမ်ား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)